လူေတြကုိ လြမ္းလြန္းလုိ႔ ေရေအာက္က လက္ေဆာင္ေတြ ယူလာေပးတဲ့ လင္းပုိင္ေလးမ်ား

လင္းပိုင္ေလးေတြကေတာ့ ပင္လယ္ျပင္မွာ လူေတြရဲ႕ အခ်စ္ဆံုးသတၱဝါကေလးေတြျဖစ္သလို လင္းပိုင္ေလးေတြ ေတာ္ေတာ္မ်ားမ်ားကလည္း လူယဥ္တဲ့ သတၱဝါေလးေတြပဲ ျဖစ္ပါတယ္။ အခုလည္း ၾသဇီႏိုင္ငံမွာရွိတဲ့ Barnacles Dolphin Center ရွိ Mystique လို႔ အမည္ရတဲ့ လင္းပိုင္ေလးဟာ သူတို႔စခန္းကို အလည္ေရာက္လာတဲ့ Volunteers ေတြကို ပင္လယ္ေရေအာက္ကပစၥည္းေလးေတြကို ျပန္ျပန္ယူျပီး လက္ေဆာင္အျဖစ္ေပးေနေၾကာင္း Bored Panda သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အဆိုပါ Barnacles Dolphin Center ဟာလည္း COVID 19 ကပ္ေရာဂါျဖစ္ေနတာေၾကာင့္ အခ်ိန္ေတာ္ေတာ္ၾကာပိတ္ထားရျပီး မၾကာေသးခင္အခ်ိန္ကမွ ျပန္လည္ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။ ဒီလို ျပန္ဖြင့္ဖြင့္ခ်င္းေန႔မွာပဲ အဆိုပါ စခန္းရွိ Volunteer ေတြဟာ လင္းပိုင္ေလးေတြနဲ႔ မေတြ႔တာၾကာျပီျဖစ္တဲ့အတြက္ လင္းပိုင္တစ္ေကာင္ခ်င္းဆီကို လိုက္လံပြတ္သပ္ ႏႈတ္ဆက္ေနပါတယ္။

အဲဒီအခ်ိန္မွာ Mystique လုို႔ အမည္ရတဲ့ လင္းပိုင္ေလးကေတာ့ ေခါက္တံုေခါက္ျပန္ပင္လယ္ထဲသြားလိုက္၊ ျပန္လာလိုက္နဲ႔ အလုပ္ရႈပ္ေနတာ ေတြ႕ရပါတယ္။ ဒါနဲ႔ Volunteer အဖြဲ႔လည္း Mystique ေလး ဘာမ်ားျဖစ္ေနလည္းဆိုျပီး ေသေသခ်ာခ်ာၾကည့္လိုက္ေတာ့မွ Mystique ေလးဟာ ပင္လယ္ေရေအာက္မွာရွိတဲ့ ခရုေတြ၊ ပုလင္းေတြနဲ႔ သႏၱာေက်ာက္တန္းတစ္ခ်ိဳ႕ကို ေခါက္တံု႕ေခါက္ျပန္ ပင္လယ္ေရေအာက္ထဲ ျပန္ျပန္ယူျပီး Volunteer ေတြကို လက္ေဆာင္အျဖစ္ ေပးခ်င္ေနတာကို ၾကည္ႏူးဖြယ္ ေတြ႕ရွိခဲ့ရပါတယ္။

“သူတို႔နဲ႔ ကၽြန္ေတာ္တို႔ ဒီေလာက္အၾကာၾကီး မခြဲခဲ့ဖူးဘူးေလ။ အခုျပန္လာတဲ့အခ်ိန္က်ေတာ့ သူတို႔ေလးေတြ ကၽြန္ေတာ္တို႔ကို သတိရေနသလို ကၽြန္ေတာ္တို႔လည္း သူတို႔ကို သတိရေနပါတယ္။ Mystique ေလးကေတာ့ ကၽြန္ေတာ္တို႔ကို ေနာက္တစ္ေခါက္ ဒီလိုမခြဲသြားေစခ်င္ဘူးနဲ႔တူတယ္။ သူ႔မွာ ေရေအာက္က ပစၥည္းေတြကို ေခါက္တံု႔ေခါက္ျပန္ သြားသြားယူျပီး ကၽြန္ေတာ္တို႔ကို ေပးေနတာ။ ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတဲ့ ေကာင္းေလးပါပဲ” လို႔ Volunteer အဖြဲ႕မွ အဖြဲ႕ဝင္တစ္ဦးျဖစ္သူက ေျပာၾကားခဲ့ပါတယ္။

Credit Shwemom

UNICODE

လင်းပိုင်လေးတွေကတော့ ပင်လယ်ပြင်မှာ လူတွေရဲ့ အချစ်ဆုံးသတ္တဝါကလေးတွေဖြစ်သလို လင်းပိုင်လေးတွေ တော်တော်များများကလည်း လူယဉ်တဲ့ သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ အခုလည်း သြဇီနိုင်ငံမှာရှိတဲ့ Barnacles Dolphin Center ရှိ Mystique လို့ အမည်ရတဲ့ လင်းပိုင်လေးဟာ သူတို့စခန်းကို အလည်ရောက်လာတဲ့ Volunteers တွေကို ပင်လယ်ရေအောက်ကပစ္စည်းလေးတွေကို ပြန်ပြန်ယူပြီး လက်ဆောင်အဖြစ်ပေးနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ Barnacles Dolphin Center ဟာလည်း COVID 19 ကပ်ရောဂါဖြစ်နေတာကြောင့် အချိန်တော်တော်ကြာပိတ်ထားရပြီး မကြာသေးခင်အချိန်ကမှ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြန်ဖွင့်ဖွင့်ချင်းနေ့မှာပဲ အဆိုပါ စခန်းရှိ Volunteer တွေဟာ လင်းပိုင်လေးတွေနဲ့ မတွေ့တာကြာပြီဖြစ်တဲ့အတွက် လင်းပိုင်တစ်ကောင်ချင်းဆီကို လိုက်လံပွတ်သပ် နှုတ်ဆက်နေပါတယ်။

အဲဒီအချိန်မှာ Mystique လို့ အမည်ရတဲ့ လင်းပိုင်လေးကတော့ ခေါက်တုံခေါက်ပြန်ပင်လယ်ထဲသွားလိုက်၊ ပြန်လာလိုက်နဲ့ အလုပ်ရှုပ်နေတာ တွေ့ရပါတယ်။ ဒါနဲ့ Volunteer အဖွဲ့လည်း Mystique လေး ဘာများဖြစ်နေလည်းဆိုပြီး သေသေချာချာကြည့်လိုက်တော့မှ Mystique လေးဟာ ပင်လယ်ရေအောက်မှာရှိတဲ့ ခရုတွေ၊ ပုလင်းတွေနဲ့ သန္တာကျောက်တန်းတစ်ချို့ကို ခေါက်တုံ့ခေါက်ပြန် ပင်လယ်ရေအောက်ထဲ ပြန်ပြန်ယူပြီး Volunteer တွေကို လက်ဆောင်အဖြစ် ပေးချင်နေတာကို ကြည်နူးဖွယ် တွေ့ရှိခဲ့ရပါတယ်။

“သူတို့နဲ့ ကျွန်တော်တို့ ဒီလောက်အကြာကြီး မခွဲခဲ့ဖူးဘူးလေ။ အခုပြန်လာတဲ့အချိန်ကျတော့ သူတို့လေးတွေ ကျွန်တော်တို့ကို သတိရနေသလို ကျွန်တော်တို့လည်း သူတို့ကို သတိရနေပါတယ်။ Mystique လေးကတော့ ကျွန်တော်တို့ကို နောက်တစ်ခေါက် ဒီလိုမခွဲသွားစေချင်ဘူးနဲ့တူတယ်။ သူ့မှာ ရေအောက်က ပစ္စည်းတွေကို ခေါက်တုံ့ခေါက်ပြန် သွားသွားယူပြီး ကျွန်တော်တို့ကို ပေးနေတာ။ တော်တော်ချစ်ဖို့ကောင်းတဲ့ ကောင်းလေးပါပဲ” လို့ Volunteer အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူက ပြောကြားခဲ့ပါတယ်။

Credit Shwemom

Leave a Comment