ကေလးေတြရဲ႕ ေက်ာင္းစာမွာ ဥပေဒအေၾကာင္း ထည့္သြင္းေစခ်င္တယ္ဆိုတဲ့ မင္းခန႔္ေက်ာ္

ဥပေဒအေၾကာင္း ထည့္သင္ေစခ်င္တဲ့ ရည္႐ြယ္ခ်က္ကိုလည္း ေျပာျပလာပါတယ္။မင္းခန႔္ေက်ာ္ဟာ ကေလးေတြရဲ႕ ပညာေရးမွာ သင္႐ိုးၫႊန္းအသစ္အျဖစ္ ဥပေဒအေၾကာင္းကို သင္ေပးေစခ်င္တဲ့ ဆႏၵကို ေျပာျပလာပါတယ္။ သ႐ုပ္ေဆာင္ မင္းခန႔္ေက်ာ္ကေတာ့ ပညာေရးနဲ႔ ပတ္သက္တဲ့ သင္႐ိုးၫႊန္းတမ္းေတြမွာ ဥပေဒနဲ႔ ပတ္သက္တာေလးေတြ သင္ၾကားေပးေစခ်င္တယ္လို႔ ဆိုပါတယ္။ အမ်ားႀကီး အက်ိဳးျပဳႏိုင္မွာပါဆိုတဲ့ သူ႔ရဲ႕ သေဘာထားကို အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

“ကေလးေတြကို ၉ တန္း၊ ၁၀ တန္းေလာက္ကတည္းက ျမန္မာျပည္ရဲ႕ ဥပေဒၾကမ္းကို သိေစခ်င္တယ္။ ဒါေတြကိုသာ ငယ္ငယ္ကတည္းက သိလာခဲ့မယ္ဆိုရင္ ႀကီးလာတဲ့ အခ်ိန္မွာ ဒီ ဥပေဒၾကမ္းနဲ႔ ပတ္သက္ၿပီးေတာ့ ဘာလုပ္ရင္ ဘာျဖစ္တယ္ ဆိုတာ သိလာတဲ့အတြက္ ေရွ႕ဆက္မယ့္ တက္လမ္းတစ္ခု အေနနဲ႔ေရာ၊ ဘဝအတြက္ေရာ အမ်ားႀကီး အက်ိဳးျပဳမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒါေၾကာင့္ သင္႐ိုးသစ္ တိုးမယ္ဆိုရင္ေတာ့ ဥပေဒနဲ႔ ပတ္သက္တဲ့ သင္႐ိုးသစ္ေလးေတြ တိုးေစခ်င္ပါတယ္” လို႔ ေမလ ၂၁ ရက္ေန႔က ႐ုပ္ရွင္အစည္းအ႐ုံး အလႉကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ဥပေဒအေၾကာင္းအရာေတြကို သင္႐ိုးသစ္ တစ္ခုအေနနဲ႔ ေဆာင္႐ြက္လိုက္မယ္ ဆိုရင္ သားသမီးေတြကေနတဆင့္ မိဘေတြလည္း သိလာႏိုင္တယ္လို႔ မင္းခန႔္ေက်ာ္က ေျပာျပခဲ့ပါေသးတယ္။ ” ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ အားနည္းေနတာက ဥပေဒပါ။ ဥပေဒကို လူတိုင္း မသိၾကဘူး။ စာဖတ္အရမ္းပ်င္းၾကသူေတြရွိတယ္ေလ ဒီေတာ့ ေက်ာင္းစာမွာပါ တစ္ခါတည္း တြဲသင္ေပးလိုက္မယ္ဆိုရင္ ကေလးေတြ စာက်က္ေနတဲ့ အခ်ိန္မွာ ဥပေဒအေၾကာင္း သိပ္မသိတဲ့ မိဘေတြလည္း သိလာႏိုင္တယ္။ ပတ္ဝန္းက်င္က သိလာမယ္၊ ေနာက္က်ရင္ ကေလးကေတာင္ သင္တတ္လာလိမ့္မယ္။ အဲဒီအတြက္ အမ်ားႀကီး ေမွ်ာ္လင့္ခ်က္ေတြ ရွိလာႏိုင္တယ္။ ကြၽန္ေတာ္ကေတာ့ ဒီရက္ပိုင္း၊ လပိုင္းထဲမွာ ျမင္တာက ကြၽန္ေတာ္တို႔ ႏိုင္ငံက ဥပေဒနဲ႔ ပတ္သက္ရင္ ေတာ္ေတာ္ အသိနည္းၾကတယ္ဆိုတာပါပဲ” လို႔ ဆိုပါတယ္။

မင္းခန႔္ေက်ာ္အေနနဲ႔ ငယ္စဥ္ကတည္းက ဥပေဒအေၾကာင္းအရာေတြကို သိထားသူေတြအေနနဲ႔ အိမ္ေထာင္ျပဳတဲ့ အခါမွာလည္း အေထာက္အကူ ျဖစ္လာႏိုင္တယ္လို႔ သူကဆိုပါတယ္။” တကယ္ သင္႐ိုးသစ္ကို ထည့္မယ္ ဆိုရင္ လိုအပ္တာက ဥပေဒပါ။ မိန္းကေလးတစ္ေယာက္ အ႐ြယ္ေရာက္လာလို႔ အိမ္ေထာင္ျပဳမယ္ဆိုရင္ေတာင္ သူ႔ေယာက္်ားကို ဘယ္လို ထိန္းသိမ္းရမလဲဆိုတာ သိလာႏိုင္တယ္။ အဲဒီမိန္းကေလးနဲ႔ တန္းတူ ယူထားတဲ့ ေယာက္်ားကလည္း သူ႔ကို ဘာေတြ ျပန္တရားစြဲမယ္ ဆိုတာကို သိတယ္။ အဲဒီအတြက္ အားလုံးသည္ ဆင္ျခင္တုံ႔တရားေတြ ျဖစ္လာမယ္လို႔ေတာ့ ကြၽန္ေတာ္ ယုံၾကည္ပါတယ္” လို႔လည္း ဆက္လက္ ေျပာျပလာပါတယ္။ မင္းခန႔္ေက်ာ္ကိုေတာ့ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ အားေပးလာခဲ့တာျဖစ္ပါတယ္။ အက္ရွင္ဇာတ္ကားေတာ္ေတာ္မ်ားမ်ား ႐ိုက္ကူးရသူျဖစ္တာေၾကာင့္ အက္ရွင္မင္းသားလို႔လည္း ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ ေခၚေလ့ရွိပါတယ္။ မင္းခန႔္ေက်ာ္ကို အားေပးတဲ့ ပရိသတ္ေတြကေတာ့ နယ္ပရိသတ္ေတြ ပိုမ်ားပါတယ္။ လက္ရွိ အခ်ိန္ထိ လည္း အက္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးေနဆဲ ျဖစ္တဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ပါ။

Credit CeleYatkwat

UNICODE

ဥပဒေအကြောင်း ထည့်သင်စေချင်တဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြလာပါတယ်။မင်းခန့်ကျော်ဟာ ကလေးတွေရဲ့ ပညာရေးမှာ သင်ရိုးညွှန်းအသစ်အဖြစ် ဥပဒေအကြောင်းကို သင်ပေးစေချင်တဲ့ ဆန္ဒကို ပြောပြလာပါတယ်။ သရုပ်ဆောင် မင်းခန့်ကျော်ကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းတွေမှာ ဥပဒေနဲ့ ပတ်သက်တာလေးတွေ သင်ကြားပေးစေချင်တယ်လို့ ဆိုပါတယ်။ အများကြီး အကျိုးပြုနိုင်မှာပါဆိုတဲ့ သူ့ရဲ့ သဘောထားကို အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ကလေးတွေကို ၉ တန်း၊ ၁၀ တန်းလောက်ကတည်းက မြန်မာပြည်ရဲ့ ဥပဒေကြမ်းကို သိစေချင်တယ်။ ဒါတွေကိုသာ ငယ်ငယ်ကတည်းက သိလာခဲ့မယ်ဆိုရင် ကြီးလာတဲ့ အချိန်မှာ ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ဘာလုပ်ရင် ဘာဖြစ်တယ် ဆိုတာ သိလာတဲ့အတွက် ရှေ့ဆက်မယ့် တက်လမ်းတစ်ခု အနေနဲ့ရော၊ ဘဝအတွက်ရော အများကြီး အကျိုးပြုမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် သင်ရိုးသစ် တိုးမယ်ဆိုရင်တော့ ဥပဒေနဲ့ ပတ်သက်တဲ့ သင်ရိုးသစ်လေးတွေ တိုးစေချင်ပါတယ်” လို့ မေလ ၂၁ ရက်နေ့က ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဥပဒေအကြောင်းအရာတွေကို သင်ရိုးသစ် တစ်ခုအနေနဲ့ ဆောင်ရွက်လိုက်မယ် ဆိုရင် သားသမီးတွေကနေတဆင့် မိဘတွေလည်း သိလာနိုင်တယ်လို့ မင်းခန့်ကျော်က ပြောပြခဲ့ပါသေးတယ်။ ” ကျွန်တော်တို့ နိုင်ငံမှာ အားနည်းနေတာက ဥပဒေပါ။ ဥပဒေကို လူတိုင်း မသိကြဘူး။ စာဖတ်အရမ်းပျင်းကြသူတွေရှိတယ်လေ ဒီတော့ ကျောင်းစာမှာပါ တစ်ခါတည်း တွဲသင်ပေးလိုက်မယ်ဆိုရင် ကလေးတွေ စာကျက်နေတဲ့ အချိန်မှာ ဥပဒေအကြောင်း သိပ်မသိတဲ့ မိဘတွေလည်း သိလာနိုင်တယ်။ ပတ်ဝန်းကျင်က သိလာမယ်၊ နောက်ကျရင် ကလေးကတောင် သင်တတ်လာလိမ့်မယ်။ အဲဒီအတွက် အများကြီး မျှော်လင့်ချက်တွေ ရှိလာနိုင်တယ်။ ကျွန်တော်ကတော့ ဒီရက်ပိုင်း၊ လပိုင်းထဲမှာ မြင်တာက ကျွန်တော်တို့ နိုင်ငံက ဥပဒေနဲ့ ပတ်သက်ရင် တော်တော် အသိနည်းကြတယ်ဆိုတာပါပဲ” လို့ ဆိုပါတယ်။

မင်းခန့်ကျော်အနေနဲ့ ငယ်စဉ်ကတည်းက ဥပဒေအကြောင်းအရာတွေကို သိထားသူတွေအနေနဲ့ အိမ်ထောင်ပြုတဲ့ အခါမှာလည်း အထောက်အကူ ဖြစ်လာနိုင်တယ်လို့ သူကဆိုပါတယ်။” တကယ် သင်ရိုးသစ်ကို ထည့်မယ် ဆိုရင် လိုအပ်တာက ဥပဒေပါ။ မိန်းကလေးတစ်ယောက် အရွယ်ရောက်လာလို့ အိမ်ထောင်ပြုမယ်ဆိုရင်တောင် သူ့ယောက်ျားကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ သိလာနိုင်တယ်။ အဲဒီမိန်းကလေးနဲ့ တန်းတူ ယူထားတဲ့ ယောက်ျားကလည်း သူ့ကို ဘာတွေ ပြန်တရားစွဲမယ် ဆိုတာကို သိတယ်။ အဲဒီအတွက် အားလုံးသည် ဆင်ခြင်တုံ့တရားတွေ ဖြစ်လာမယ်လို့တော့ ကျွန်တော် ယုံကြည်ပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ မင်းခန့်ကျော်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတော်တော်များများ ရိုက်ကူးရသူဖြစ်တာကြောင့် အက်ရှင်မင်းသားလို့လည်း ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်လေ့ရှိပါတယ်။ မင်းခန့်ကျော်ကို အားပေးတဲ့ ပရိသတ်တွေကတော့ နယ်ပရိသတ်တွေ ပိုများပါတယ်။ လက်ရှိ အချိန်ထိ လည်း အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေဆဲ ဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ပါ။

Credit CeleYatkwat

Leave a Comment