တရုတ်မှာ အသက် ၈၀ ကျော်အဖွားအိုနှင့် ၂၁နှစ်အရွယ်လူငယ်ကို အလောင်းချင်းမှာရထုတ်ပေးလို့ ပြဿနာတက်

တရုတ်နိုင်ငံက ဆေးရုံတစ်ခုဟာ ပူဆွေးနေတဲ့မိသားစုတွေကို အလောင်းတွေ မှားပေးလိုက်မိတဲ့ ရေခဲတိုက်မှားယွင်းမှုကြောင့် တောင်းပန်လိုက်ရပါတယ်။

မိသားစုတစ်စုက သူတို့ကို ထုတ်ပေးလိုက်တဲ့ ရုပ်အလောင်းက သူတို့သားချင်း ၂၁အရွယ် ယောကျာ်းလေးလို့ ထင်ထားခဲ့ကြပေမယ့်လည်း အသက်၈၀အရွယ် အဖွားကြီးရဲ့ အလောင်းဖြစ်နေတာကို တွေ့လိုက်ရတော့မှ မှားမှန်းသိကြတယ်လို့ ဆိုပါတယ်။

အဖွားအိုရဲ့မိသားစုက အစာပိုင်းနှစ်ပတ်ခန့်က သူမရဲ့ ရုပ်အလောင်းကို လာထုတ်သွားခဲ့ကြပေမယ့်လည်း သူတို့မြေမြှုပ်လိုက်တဲ့ ရုပ်အလောင်းက လူငယ်တစ်ယောက်ဆိုတာကို မသိလိုက်ကြဘူးလို့ ဆိုပါတယ်။

လူငယ်ရဲ့ ဦးလေးဖြစ်သူ ချန်း ယာဟုန်းက ဒေသတွင်းမီဒီယာကို ပြောကြားရာမှာတော့ ဟူးပေပြည်နယ်က ရေခဲတိုက်ဟာ ဈာပနအခမ်းအနားမတိုင်မီအထိ ရုပ်အလောင်းထိန်းသိမ်းခကို ယွမ်ငွေ ၉၆၀၀ (ပေါင်စတာလင် ၁၁၀၀) တောင်းခံတယ်လို့ ဆိုပါတယ်။

သူကတော့ “တူလေးက မတ်လ ၁၅ရက်နေ့က ယာဉ်မတော်တမှုနဲ့ သေခဲ့ရတာပါ။ ဆေးရုံက ရေခဲတိုက်မှာ ရက်၂၀ကျော်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်”လို့ ပြောပါတယ်။

ဧပြီလ၈ရက်နေ့က ရေခဲတိုက်မှာ အလောင်းသွားထုတ်တော့ သူတို့ကို အခြားတစ်ယောက်ရဲ့ ရုပ်အလောင်းကို ပေးလိုက်တာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ရဲကို ဆက်သွယ်စုံစမ်းခိုင်းရာမှာ လူငယ်လေးရဲ့ ရုပ်အလောင်းကို မတ်လ ၂၅ရက်နေ့ကပဲ မတိုအူမြို့က မိသားစုတစ်စုကို ထုတ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမိသားစုကပဲ လူငယ်လေးရဲ့ ရုပ်အလောင်းကို မတ်လ ၂၇ရက်နေ့က မြှုပ်နှံလိုက်တာဆိုတော့ ၁၃ရက်ကြီးများတောင် ကြာသွားခဲ့ပါပြီ။
“ဒါက နက္ခတ္တဗေဒဟာသတစ်ခုပါပဲ။ မိသားစုက အလောင်းမှန်ကို ပြန်တောင်းခဲ့ပြီး အဲဒီနေ့နှောင်းပိုင်းမှာပဲ ဈာပနပွဲကျင်းပနိုင်ခဲ့ပေမယ့် မိသားစုနှစ်စုစလုံးကို လျော်ကြေးပေးခဲ့ရတယ်လို့ ဆိုပါတယ်။

Writer_နေဇင်ထွန်း ( XYZ News )
Source : Metro.co.uk

Leave a Comment