ဝူဟန္မွာ တရက္ထဲ လူ (၅) သိန္း ပုိးစစ္ၿပီး စံခ်ိန္တင္၊ တိတ္တဆိတ္ကူးစက္သူ (၁၅) ဦးေတြ႕ရွိ

တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ့မွာ ေမလ ၁၄ ရက္ကေန ၂၄ ရက္အထိ ၿမိဳ့ခံလူဦးေရအားလုံးကို ေရာဂါပိုးစစ္ေဆးေပးတဲ့အစီအစဥ္ကို ျပဳလုပ္လ်က္ရွိၿပီး ေမလ ၂၀ ရက္မွာ လူဦးေရ ၁၁ သန္းရွိတဲ့အနက္ တဝက္ေက်ာ္ေလာက္ကို ကုိဗစ္ေရာဂါပိုးစစ္ေဆးေပးၿပီးသား ျဖစ္ေနၿပီလို့ သိရပါတယ္။

ကုိဗစ္ေရာဂါစတင္ျပန႔္ပြားခဲ့ရာ ဝူဟန္ၿမိဳ့မွာ ေမလ ၁၈ ရက္က Nucleic Acid Tests ေပါင္း ၄၆၇,၈၄၇ ခုျပဳလုပ္ေပးနိုင္ခဲ့တယ္လို့ ဝူဟန္က်န္းမာေရးေကာ္မရွင္က ဆိုပါတယ္။ ဝူဟန္ၿမိဳ့မွာ ၁၀ ရက္အတြင္း တစ္ၿမိဳ့လုံးကိုေရာဂါပိုးစစ္ေဆးေပးတဲ့အစီအစဥ္ကို “၁၀ ရက္တုိက္ပြဲ” လို့ နာမည္ေပးထားပါတယ္။ဝူဟန္ၿမိဳ့တြင္းက စုရပ္အျဖစ္ ျပဳလုပ္ထားတဲ့ အမ်ားျပည္သူဆုိင္ရာပန္းၿခံေတြနဲ႔ရင္ျပင္ေတြမွာ ကုိဗစ္ေရာဂါပိုးစစ္ေဆးမွု နမူနာရယူဖို့ ယာယီစခန္းေတြ ဖြင့္လွစ္ေပးထားပါတယ္။ ေရာဂါပိုးစစ္ေဆးမွုအားလုံးကို အခမဲ့လုပ္ေဆာင္ေပးတာျဖစ္ၿပီးေတာ့ ေရာဂါလကၡဏာမျပဘဲ ကူးစက္ခံရသူ ၁၅ ဦးကုိ ထပ္မံေတြ႕ရွိခဲ့ရပါတယ္။

ေလာ့ေဒါင္း ခ်ထားစဥ္က ေရာဂါပိုးစစ္ေဆးမွုမလုပ္ရေသးတဲ့ သက္ႀကီးရြယ္အိုေတြနဲ႔ကေလးေတြကို အဓိကထားၿပီး ပုိးစစ္ေဆးေပးေနတာျဖစ္ပါတယ္။ အခုလုိ အစုလိုက္အျပဳံလိုက္စစ္ေဆးမွုလုပ္ေဆာင္မွသာ စာသင္ေက်ာင္းေတြနဲ႔စီးပြားေရးလုပ္ငန္းေတြကို ျပန္လည္ဖြင့္လွစ္နိုင္မွာလို့ ဝူဟန္ၿမိဳ့အာဏာပိုင္ေတြက ေၾကညာထားပါတယ္။

Credit to Original

UNICODE

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ မေလ ၁၄ ရက်ကနေ ၂၄ ရက်အထိ မြို့ခံလူဦးရေအားလုံးကို ရောဂါပိုးစစ်ဆေးပေးတဲ့အစီအစဉ်ကို ပြုလုပ်လျက်ရှိပြီး မေလ ၂၀ ရက်မှာ လူဦးရေ ၁၁ သန်းရှိတဲ့အနက် တဝက်ကျော်လောက်ကို ကိုဗစ်ရောဂါပိုးစစ်ဆေးပေးပြီးသား ဖြစ်နေပြီလို့ သိရပါတယ်။

ကိုဗစ်ရောဂါစတင်ပြန့်ပွားခဲ့ရာ ဝူဟန်မြို့မှာ မေလ ၁၈ ရက်က Nucleic Acid Tests ပေါင်း ၄၆၇,၈၄၇ ခုပြုလုပ်ပေးနိုင်ခဲ့တယ်လို့ ဝူဟန်ကျန်းမာရေးကော်မရှင်က ဆိုပါတယ်။ ဝူဟန်မြို့မှာ ၁၀ ရက်အတွင်း တစ်မြို့လုံးကိုရောဂါပိုးစစ်ဆေးပေးတဲ့အစီအစဉ်ကို “၁၀ ရက်တိုက်ပွဲ” လို့ နာမည်ပေးထားပါတယ်။ဝူဟန်မြို့တွင်းက စုရပ်အဖြစ် ပြုလုပ်ထားတဲ့ အများပြည်သူဆိုင်ရာပန်းခြံတွေနဲ့ရင်ပြင်တွေမှာ ကိုဗစ်ရောဂါပိုးစစ်ဆေးမှု နမူနာရယူဖို့ ယာယီစခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။ ရောဂါပိုးစစ်ဆေးမှုအားလုံးကို အခမဲ့လုပ်ဆောင်ပေးတာဖြစ်ပြီးတော့ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူ ၁၅ ဦးကို ထပ်မံတွေ့ရှိခဲ့ရပါတယ်။

လော့ဒေါင်း ချထားစဉ်က ရောဂါပိုးစစ်ဆေးမှုမလုပ်ရသေးတဲ့ သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေကို အဓိကထားပြီး ပိုးစစ်ဆေးပေးနေတာဖြစ်ပါတယ်။ အခုလို အစုလိုက်အပြုံလိုက်စစ်ဆေးမှုလုပ်ဆောင်မှသာ စာသင်ကျောင်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်မှာလို့ ဝူဟန်မြို့အာဏာပိုင်တွေက ကြေညာထားပါတယ်။

Credit to Original

Leave a Comment