ေတာင္ကိုရီးယားမွာ ပိုၿပီးေၾကာက္စရာေကာင္းတဲ့ ကိုရိုနာဗိုင္းရပ္စ္ အမ်ဳိးအစားေတြ႕ရိွ

ဒီေန႔ (ေမလ၂၁ ရက္) ကိုရီးယား ကို႐ိုနာ ဗိုင္းရပ္စ္ သတင္းက မေကာင္းပါ..။မၾကာေသးခင္က ဆိုးလ္ၿမိဳ႕၊ အီထယ္ဝန္ (Itaewon) ကလပ္ကေန ပ်ံ႕ႏွံ႔ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ အမ်ိဳးအစားက ပိုၿပီးေၾကာက္စရာေကာင္းတယ္တဲ့ ..။အခုအထိ ကမာၻတစ္ဝွမ္းမွာ အဓိက COVID-19 ေရာဂါကိုျဖစ္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္က ပုံစံ (၃) မ်ိဳးရွိတယ္..။ အမ်ိဳးအစား ‘A’ ကလင္းႏို႔ကလာတဲ့ မူလ မ်ိဳး႐ိုးျဖစ္တယ္။အေစာပိုင္းတ႐ုတ္ ဝူဟန္ လူနာေတြမွာ ေတြ႕ရတယ္။တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က A အမ်ိဳးအစားက ဝူဟန္ကေနဆက္ၿပီး တ႐ုတ္ျပည္ရဲ႕ အျခားၿမိဳ႕ေတြ ၊ ကိုရီးယားအပါအဝင္ အေရွ႕အာရွႏိုင္ငံေတြမွာ က်ယ္က်ယ္ျပန႔္ျပန္႔ ပ်ံ႕ႏွံ႔သြားတဲ့ အခ်ိန္မွာ ဗိုင္းရပ္စ္က ဒုတိယအမ်ိဳးအစား ‘B’ ျဖစ္ေနၿပီ..။ စိတ္ဝင္စားစရာေကာင္းတာက အေမရိကန္ နဲ႔ ဥေရာပႏိုင္ငံေတြေရာက္ေတာ့ ဒုတိယအမ်ိဳးအစား ‘C’ ျဖစ္သြားတာပဲ..။

ေတာင္ကိုရီးယားမွာ ကို႐ိုနာ-၁၉ ဗိုင္းရပ္စ္ပိုးကို အေစာပိုင္းအဆင့္မွာ A အမ်ိဳးအစားကိုအဓိကေတြ႕ရွိခဲ့ရတယ္။ ေဒဂူးၿမိဳ႕ ရွင္ခြၽန္းဂ်ီ ဘာသာေရး ဘုရားေက်ာင္း (Sincheonji) ကေန ဗိုင္းရပ္စ္ေတြ ထပ္ၿပီး ပ်ံ႕ႏွံ႔လာေတာ့ B အမ်ိဳးအစားေတြျဖစ္ေနခဲ့တယ္။ ဒါေၾကာင့္ ေတာင္ကိုရီးယားမွာ ဗိုင္းရပ္စ္ အမ်ိဳးအစား B အမ်ားဆုံးျဖစ္ခဲ့တယ္။ C အမ်ိဳးအစားကိုေတာ့ ဥေရာပ၊အေမရိကန္ ဘက္ကျပန္လာတဲ့သူေတြမွာပဲေတြ႕ရ ၿပီး ေတာင္ကိုရီးယား သိပ္မရွိခဲ့ဘူး..။သတင္းဆိုးကေတာ့ ျပည္တြင္းသုေတသနအဖြဲ႕က အီထယ္ဝန္ (Itaewon) ကလပ္က ဗိုင္းရပ္စ္ C အမ်ိဳးအစားျဖစ္တယ္ဆိုတာ ဒီေန႔ အတည္ျပဳလိုက္တာပဲ …။

ဗိုင္းရပ္စ္ အမ်ိဳးအစား C က အေသအေပ်ာက္မ်ားၿပီး အဆိုးဆုံးေပါ့…။ အမ်ိဳးအစား C မွာ မ်ိဳးပြါးပ႐ိုတိန္း G614 လို႔ေခၚတဲ့ ဗီဇေျပာင္းလဲမႈေၾကာင့္ ဗိုင္းရပ္စ္ေတြဟာ ဆဲလ္ေတြမွာ ပိုကပ္တယ္လို႔ဆိုတယ္။ အမ်ိဳးအစား C က အမ်ိဳးအစား B ထက္ ပိုၿပီးကူးစက္ ပ်ံ႕ႏွံ႔လြယ္တယ္။ေတာင္ကိုရီးယား ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္ေရးဌာနက ဗိုင္းရပ္စ္စစ္ေဆးေရးဒါ႐ိုက္တာက ပထမေတာ့ ကလပ္က ဗိုင္းရပ္စ္ေတြက အမ်ိဳးအစား B လို႔ပဲထင္ေနခဲ့တာ။ဒီေန႔အထိ အီထယ္ဝန္ ကလပ္ေတြကပ်ံ႕ႏွံ႔န္႔တဲ့ ဗိုင္းရပ္စ္ေတြ ရတဲ့သူေပါင္း ၂၀၇ ေယာက္ျဖစ္ေနပါၿပီ..။ေတာင္ကိုရီးယား 🇰🇷 ေမလ ၂၁ ရက္ သံသယရွိတဲ့ လူနာ ၁၇၃၈ ေယာက္ရွိေနၿပီး ဗိုင္းရပ္စ္ရွိ မရွိ စစ္ေဆးေနထားပါတယ္။ လက္ရိွအခ်ိန္ထိ အတည္ျပဳလူနာ – ၁၁,၁၂၂ (၁၂ ေယာက္ ထပ္တိုး), ေသဆုံးသူ စုစုေပါင္း- ၂၆၄ (၁ ေယာက္ထပ္တိုး) ရိွေနပါတယ္။

မေ႐ႊမိုး (ကိုရီးယား)
May 21st, 2020.

UNICODE

ဒီနေ့ (မေလ၂၁ ရက်) ကိုရီးယား ကိုရိုနာ ဗိုင်းရပ်စ် သတင်းက မကောင်းပါ..။မကြာသေးခင်က ဆိုးလ်မြို့၊ အီထယ်ဝန် (Itaewon) ကလပ်ကနေ ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားက ပိုပြီးကြောက်စရာကောင်းတယ်တဲ့ ..။အခုအထိ ကမ္ဘာတစ်ဝှမ်းမှာ အဓိက COVID-19 ရောဂါကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်က ပုံစံ (၃) မျိုးရှိတယ်..။ အမျိုးအစား ‘A’ ကလင်းနို့ကလာတဲ့ မူလ မျိုးရိုးဖြစ်တယ်။အစောပိုင်းတရုတ် ဝူဟန် လူနာတွေမှာ တွေ့ရတယ်။တရုတ်နိုင်ငံ ဝူဟန်မြို့က A အမျိုးအစားက ဝူဟန်ကနေဆက်ပြီး တရုတ်ပြည်ရဲ့ အခြားမြို့တွေ ၊ ကိုရီးယားအပါအဝင် အရှေ့အာရှနိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားတဲ့ အချိန်မှာ ဗိုင်းရပ်စ်က ဒုတိယအမျိုးအစား ‘B’ ဖြစ်နေပြီ..။ စိတ်ဝင်စားစရာကောင်းတာက အမေရိကန် နဲ့ ဥရောပနိုင်ငံတွေရောက်တော့ ဒုတိယအမျိုးအစား ‘C’ ဖြစ်သွားတာပဲ..။

တောင်ကိုရီးယားမှာ ကိုရိုနာ-၁၉ ဗိုင်းရပ်စ်ပိုးကို အစောပိုင်းအဆင့်မှာ A အမျိုးအစားကိုအဓိကတွေ့ရှိခဲ့ရတယ်။ ဒေဂူးမြို့ ရှင်ချွန်းဂျီ ဘာသာရေး ဘုရားကျောင်း (Sincheonji) ကနေ ဗိုင်းရပ်စ်တွေ ထပ်ပြီး ပျံ့နှံ့လာတော့ B အမျိုးအစားတွေဖြစ်နေခဲ့တယ်။ ဒါကြောင့် တောင်ကိုရီးယားမှာ ဗိုင်းရပ်စ် အမျိုးအစား B အများဆုံးဖြစ်ခဲ့တယ်။ C အမျိုးအစားကိုတော့ ဥရောပ၊အမေရိကန် ဘက်ကပြန်လာတဲ့သူတွေမှာပဲတွေ့ရ ပြီး တောင်ကိုရီးယား သိပ်မရှိခဲ့ဘူး..။သတင်းဆိုးကတော့ ပြည်တွင်းသုတေသနအဖွဲ့က အီထယ်ဝန် (Itaewon) ကလပ်က ဗိုင်းရပ်စ် C အမျိုးအစားဖြစ်တယ်ဆိုတာ ဒီနေ့ အတည်ပြုလိုက်တာပဲ …။

ဗိုင်းရပ်စ် အမျိုးအစား C က အသေအပျောက်များပြီး အဆိုးဆုံးပေါ့…။ အမျိုးအစား C မှာ မျိုးပွါးပရိုတိန်း G614 လို့ခေါ်တဲ့ ဗီဇပြောင်းလဲမှုကြောင့် ဗိုင်းရပ်စ်တွေဟာ ဆဲလ်တွေမှာ ပိုကပ်တယ်လို့ဆိုတယ်။ အမျိုးအစား C က အမျိုးအစား B ထက် ပိုပြီးကူးစက် ပျံ့နှံ့လွယ်တယ်။တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနက ဗိုင်းရပ်စ်စစ်ဆေးရေးဒါရိုက်တာက ပထမတော့ ကလပ်က ဗိုင်းရပ်စ်တွေက အမျိုးအစား B လို့ပဲထင်နေခဲ့တာ။ဒီနေ့အထိ အီထယ်ဝန် ကလပ်တွေကပျံ့နှံ့န့်တဲ့ ဗိုင်းရပ်စ်တွေ ရတဲ့သူပေါင်း ၂၀၇ ယောက်ဖြစ်နေပါပြီ..။တောင်ကိုရီးယား 🇰🇷 မေလ ၂၁ ရက် သံသယရှိတဲ့ လူနာ ၁၇၃၈ ယောက်ရှိနေပြီး ဗိုင်းရပ်စ်ရှိ မရှိ စစ်ဆေးနေထားပါတယ်။ လက်ရှိအချိန်ထိ အတည်ပြုလူနာ – ၁၁,၁၂၂ (၁၂ ယောက် ထပ်တိုး), သေဆုံးသူ စုစုပေါင်း- ၂၆၄ (၁ ယောက်ထပ်တိုး) ရှိနေပါတယ်။

မရွှေမိုး (ကိုရီးယား)
May 21st, 2020.

Leave a Comment