ဂ်ပန္အစုိးရက ဂ်ပန္ေရာက္ ျမန္မာမ်ားကုိ ေထာက္ပံ့ေငြ က်ပ္ (၁၃) သိန္းေက်ာ္ ေပးမည္

ကိုွဗစ္ကပ္ေရာဂါကို တုံ႔ျပန္တဲ့အေနနဲ႔ ဂ်ပန္ႏိုင္ငံတြင္ ေနထိုင္သူမ်ားကို တစ္ဦးလွ်င္ ယန္းေငြ တစ္သိန္း (ျမန္မာေငြ ၁၃ သိန္းေက်ာ္) ေထာက္ပံ့သြားမည္ျဖစ္ၿပီး ဧၿပီလ ၂၇ ရက္ေန႔တြင္ ေနထိုင္သူအေျခခံမွတ္ပုံတင္ စာရင္းတြင္ ပါရွိသည့္ ႏိုင္ငံျခားသားမ်ားလည္း အက်ဳံးဝင္မည္ျဖစ္ေၾကာင္း သိရပါတယ္။အထက္ပါအထူးေထာက္ပံ့ေၾကးေငြတြင္ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၂၇ ရက္ေန႔အထိ ေနထိုင္သူအေျခခံ မွတ္ပုံတင္စာရင္းဝင္ အလုပ္သင္သင္တန္းသား (Technical Intern Trainees)မ်ားလည္း ရရွိမည္ျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံသား အလုပ္သင္ သင္တန္းသားမ်ားအေနျဖင့္ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီရမည္ျဖစ္ၿပီး လက္ရွိ ေနထိုင္သည့္ၿမိဳ႕၌ ေနထိုင္ေၾကာင္းစာရင္းမွတ္ပုံတင္ ထားရွိေသာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ ေနအိမ္သို႔ ေထာက္ပံ့ေၾကးေငြ ရယူႏိုင္ရန္ ေလွ်ာက္လႊာပုံစံ ႀကိဳတင္ေပးပို႔မွာ ျဖစ္ပါတယ္။အဆိုပါေလွ်ာက္လႊာပုံစံတြင္ ေလွ်ာက္ထားသူ၏ အမည္၊ ေမြးေန႔၊ ေနထိုင္သည့္ လိပ္စာႏွင့္ ေငြလႊဲထည့္ရန္ ဘဏ္စာရင္းတို႔အား အျပည့္အစုံ ေရးသားေဖာ္ျပ၍ အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ ျပန္လည္ေပးပို႔ရန္ လိုအပ္မည္ ျဖစ္ေၾကာင္းကို တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယေန႔ အသိေပးထုတ္ျပန္ခဲ့ပါတယ္။

ထဘဏ္စာရင္းႏွင့္ ကာယကံရွင္ ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ေသာ စာ႐ြက္စာတမ္းမိတၱဴကိုလည္း တစ္ပါတည္းေပးပို႔ရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ My Numberကဒ္ျပား ရွိသူျဖစ္ပါက အြန္လိုင္းမွတစ္ဆင့္လည္း ေလွ်ာက္ထားႏိုင္ေၾကာင္း သိရၿပီး ေလွ်ာက္လႊာေပးပို႔မည့္ေန႔၊ ေထာက္ပံ့ေငြရရွိမည့္ေန႔မ်ားမွာ ေနထိုင္သည့္ၿမိဳ႕နယ္မ်ား အလိုက္ ကြဲျပားမႈရွိမည္ ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးက ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။

Credit to Original

UNICODE

ကိုှဗစ်ကပ်ရောဂါကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်နိုင်ငံတွင် နေထိုင်သူများကို တစ်ဦးလျှင် ယန်းငွေ တစ်သိန်း (မြန်မာငွေ ၁၃ သိန်းကျော်) ထောက်ပံ့သွားမည်ဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့တွင် နေထိုင်သူအခြေခံမှတ်ပုံတင် စာရင်းတွင် ပါရှိသည့် နိုင်ငံခြားသားများလည်း အကျုံးဝင်မည်ဖြစ်ကြောင်း သိရပါတယ်။အထက်ပါအထူးထောက်ပံ့ကြေးငွေတွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့အထိ နေထိုင်သူအခြေခံ မှတ်ပုံတင်စာရင်းဝင် အလုပ်သင်သင်တန်းသား (Technical Intern Trainees)များလည်း ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသား အလုပ်သင် သင်တန်းသားများအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး လက်ရှိ နေထိုင်သည့်မြို့၌ နေထိုင်ကြောင်းစာရင်းမှတ်ပုံတင် ထားရှိသော အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့ ထောက်ပံ့ကြေးငွေ ရယူနိုင်ရန် လျှောက်လွှာပုံစံ ကြိုတင်ပေးပို့မှာ ဖြစ်ပါတယ်။အဆိုပါလျှောက်လွှာပုံစံတွင် လျှောက်ထားသူ၏ အမည်၊ မွေးနေ့၊ နေထိုင်သည့် လိပ်စာနှင့် ငွေလွှဲထည့်ရန် ဘဏ်စာရင်းတို့အား အပြည့်အစုံ ရေးသားဖော်ပြ၍ အုပ်ချုပ်ရေးမှူးရုံးသို့ ပြန်လည်ပေးပို့ရန် လိုအပ်မည် ဖြစ်ကြောင်းကို တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ထဘဏ်စာရင်းနှင့် ကာယကံရှင် ဖြစ်ကြောင်း အတည်ပြုနိုင်သော စာရွက်စာတမ်းမိတ္တူကိုလည်း တစ်ပါတည်းပေးပို့ရန် လိုအပ်မည်ဖြစ်ကြောင်း၊ My Numberကဒ်ပြား ရှိသူဖြစ်ပါက အွန်လိုင်းမှတစ်ဆင့်လည်း လျှောက်ထားနိုင်ကြောင်း သိရပြီး လျှောက်လွှာပေးပို့မည့်နေ့၊ ထောက်ပံ့ငွေရရှိမည့်နေ့များမှာ နေထိုင်သည့်မြို့နယ်များ အလိုက် ကွဲပြားမှုရှိမည် ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Credit to Original

Leave a Comment