ကိုဗစ္-၁၉ က ကယ္တင္လိုက္တဲ့ တ႐ုတ္ေတာ႐ိုင္းတိရစာၦန္ေတြရဲ႕အသက္

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွာ ေတာ႐ိုင္းတိရစာၦန္မ်ား ေရာင္းဝယ္စားေသာက္ျခင္းကို တားျမစ္ပိတ္ပင္လိုက္ေၾကာင္း ေဒသအာဏာပိုင္ေတြက မေန႔ကေၾကညာလိုက္ပါတယ္။ဝူဟန္ေဒသဟာ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေဒသျဖစ္လာမွာျဖစ္ၿပီး ေတာ႐ိုင္းတိရစာၦန္ေတြစားေသာက္ျခင္းကို တားျမစ္လိုက္ကာ ႁခြင္းခ်က္အေနနဲ႔ သိပၸံဆိုင္ရာသုေတသနလုပ္ငန္းမ်ား၊ ကပ္ေရာဂါေစာင့္ၾကည့္ေရးလုပ္ငန္းမ်ားႏွင့္ အျခားအေျခအေနမ်ားအတြက္ စီမံလုပ္ေဆာင္တာေတြကလြဲလို႔ ေတာ႐ိုင္းတိရစာၦန္မ်ားကို ဖမ္းဆီးခြင့္မျပဳဘူးလို႔ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕ကေျပာပါတယ္။ဒီလုပ္ေဆာင္မႈ တစ္စိတ္တစ္ပိုင္းအျဖစ္ ေတာ႐ိုင္းတိရစာၦန္မ်ားကို အစားအေသာက္အတြက္ ေမြးျမဴျခင္းကို တင္းက်ပ္စြာထိန္းခ်ဳပ္လိုက္ၿပီး ေတာ႐ိုင္းတိရစာၦန္မ်ားကို ဖမ္းဆီးေရာင္းခ်ေနတဲ့ စိုက္ပ်ိဳးေမြးျမဴေရးသမားေတြကို ကမ္းလွမ္းရန္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ က်ယ္က်ယ္ျပန႔္ျပန႔္လုပ္ေဆာင္မည့္အစီအစဥ္တြင္ ဝူဟန္အစိုးရလည္း ပူးေပါင္းပါဝင္မည္ျဖစ္သည္။

လူဦးေရ ၁၁သန္းေနထိုင္တဲ့ ဟူေပျပည္နယ္ ၿမိဳ႕ေတာ္ဝူဟန္မွာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ကိုဗစ္-၁၉ ေရာဂါကို စတင္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ကပ္ေရာဂါစတင္ျဖစ္ေပၚရာ မူလအရင္းအျမစ္ကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ေပမယ့္ ေတာေခြးမ်ား၊ ပုစဥ္းရင္ကြဲမ်ား၊ ကင္းၿမီးေကာက္မ်ားနဲ႔ ေတာေၾကာင္မ်ား အပါအဝင္ ေတာ႐ိုင္းတိရစာၦန္အရွင္အမ်ိဳးအစားေပါင္း ၃၀ေက်ာ္ ေရာင္းခ်ေနတဲ့ ဟြာနန္းပင္လယ္စာ လက္လီ၊လက္ကားေဈးမွာ ကို႐ိုနာဗိုင္းရပ္စ္စတင္ထြက္ေပၚမႈအတြက္ သံသယတစ္ခုျဖစ္ၿပီး တ႐ုတ္အစိုးရက ဒီေဈးကိုဇန္နဝါရီလမွာ ပိတ္လိုက္ပါတယ္။ၿခဳံငုံသုံးသပ္ခ်က္မ်ားအရ ဗိုင္းရပ္စ္ဟာ တိရစာၦန္မွလူသို႔ ဖိတ္စဥ္ကူးစက္တယ္ဆိုတာ ယုတၱိရွိတဲ့ရွင္းလင္းခ်က္ျဖစ္တယ္လို႔ သုေတသီေတြက တစ္ညီတစ္ၫြတ္ထဲ လက္ခံထားၾကပါတယ္။

ဒီအေျခအေနေနာက္မွာေတာ့ တိရစာၦန္ကကူးစက္လာတဲ့ကပ္ေရာဂါနဲ႔ ဆက္စပ္ၿပီး တ႐ုတ္ႏိုင္ငံဟာ တရားမဝင္ေတာ႐ိုင္းတိရစာၦန္ေရာင္းဝယ္ေဖာက္ကားမႈေတြကို ကိုင္တြယ္ထိန္းခ်ဳပ္ဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ဖိအားေပးတာကိုခံခဲ့ရပါတယ္။လက္ရွိမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ကမာၻတစ္ဝန္းေသဆုံးသူေပါင္း ၃၁၈၇၈၉ ဦး ရွိလာၿပီျဖစ္ၿပီး ကူးစက္ခံရသူေပါင္း ၄ဒသမ၇သန္းေက်ာ္ ရွိလာေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)က မေန႔ကထုတ္ျပန္ထားပါတယ္။လက္ရွိအေတာအတြင္း တ႐ုတ္ႏိုင္ငံအလယ္ပိုင္းျပည္နယ္ႏွစ္ခုမွာ ေတာ႐ိုင္းတိရစာၦန္မ်ား ဖမ္းဆီးေရာင္းခ်အေပၚ မွီခိုေနရတဲ့စိုက္ပ်ိဳးေမြးျမဴေရးသမားမ်ားရဲ႕ ေနထိုင္ရွင္သန္မႈပုံစံေျပာင္းလဲရာမွာ အကူအညီေပးမယ့္အစီအစဥ္တစ္ရပ္ကို အစိုးရက ၿပီးခဲ့သည့္သီတင္းပတ္အတြင္းက ေၾကညာခဲ့ပါတယ္။

သစ္သီးဝလံမ်ားနဲ႔ လက္ဖက္စိုက္ပ်ိဳးမႈကို ျမႇင့္တင္ျခင္း(သို႔) တ႐ုတ္႐ိုးရာတိုင္းရင္းေဆးအတြက္ ေဆးဘက္ဝင္အပင္မ်ား ရွာေဖြေရာင္းခ်ျခင္းလုပ္ငန္းမ်ားနဲ႔ အစားထိုးလုပ္ကိုင္ႏိုင္မယ့္ အခြင့္အလမ္းမ်ားကို အိမ္နီးခ်င္းျပည္နယ္ ႏွစ္ခုျဖစ္သည့္ ဟူနန္ႏွင့္က်န္ရွီးျပည္နယ္ရွိ စိုက္ပ်ိဳးေမြးျမဴေရးသမားမ်ားအတြက္ စီစဥ္ေပးမွာျဖစ္ၿပီး ၾကက္ႏွင့္ဝက္ကဲ့သို႔ အိမ္ေမြးတိရစာၦန္ေမြးျမဴမႈမ်ားလည္း ပါဝင္မွာျဖစ္ပါတယ္။ဒီအစီအစဥ္အတြက္ ျဖဴေကာင္တစ္ေကာင္ကို တ႐ုတ္ယြမ္ ၆၃၀(၈၈ ကန္ေဒၚလာ)၊ ေတာေၾကာင္တစ္ေကာင္ ယြမ္၆၀၀(၈၄ကန္ေဒၚလာ)၊ ဝါးေတာႂကြက္တစ္ကီလို ၇၅ယြမ္(၁၁ကန္ေဒၚလာ)၊ ေႁမြေဟာက္(သို႔)ေႁမြေပြးသားတစ္ကီလို ယြမ္၁၂၀(၁၇ကန္ေဒၚလာ)နဲ႔ ငန္း႐ိုင္းတစ္‌ေကာင္(သို႔) တ႐ုတ္သမင္တစ္ေကာင္ကို ၂၄၅၇ယြမ္ (၃၄၅ကန္ေဒၚလာ)စီ ေလ်ာ္ေၾကးေပးဖို႔ ဟူနန္ျပည္နယ္က စိုက္ပ်ိဳးေမြးျမဴေရးသမားေတြက ကမ္းလွမ္းထားပါတယ္။

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလက တ႐ုတ္အစိုးရဟာ စိုက္ပ်ိဳးေရးၿခံေတြထဲက ဆန္းျပားတဲ့မ်ိဳးစိတ္ေတြအပါအဝင္ ကုန္းတြင္းေတာ႐ိုင္းတိရစာၦန္အားလုံးကို ေရာင္းခ်ျခင္းနဲ႔ စားေသာက္ျခင္းမျပဳဖို႔ ႏိုင္ငံတစ္ဝန္းမွာ မပိတ္စဖူး ယာယီပိတ္ပင္ခဲ့ပါတယ္။ေဖေဖာ္ဝါရီ တားျမစ္မိန႔္မတိုင္ခင္ကေတာ့ တ႐ုတ္ႏိုင္ငံမွာ ေတာ႐ိုင္းတိရစာၦန္ ၁၄ မ်ိဳးနဲ႔ ခြင့္ျပဳမိန႔္နဲ႔ ေမြးျမဴတဲ့တိရစာၦန္ေတြကို ေရာင္းခ်ခြင့္ျပဳထားပါေသးတယ္။လက္ရွိမွာေတာ့ ေတာ႐ိုင္းတိရစာၦန္ေရာင္းခ်စားေသာက္မႈေတြကို ေပက်င္း၊ ရွန္က်န္းနဲ႔ က်ဳဟိုင္ၿမိဳ႕ေတြမွာ ရာသက္ပန္တားျမစ္လိုက္ေပမယ့္ ဝူဟန္ေဒသကိုေတာ့ ငါးႏွစ္အၾကာ ပိတ္ပင္လိုက္ပါတယ္။“ကြၽန္ေတာ္တို႔ဟာ ေနာက္ထပ္ကပ္ေရာဂါေတြကို ေရွာင္ရွားႏိုင္ဖို႔ ေတာ႐ိုင္းတိရစာၦန္ေရာင္းဝယ္ေဖာက္ကားမႈမွတစ္ဆင့္ ျဖစ္ေပၚလာတဲ့ ျပည္သူ႔က်န္းမာေရးအႏၲရာယ္ကို အလြန္အေလးအနက္ထားဖို႔ ရွင္းရွင္းလင္းလင္း အသိအမွတ္ျပဳရမွာျဖစ္ၿပီး ဝူဟန္မွာ ေတာ႐ိုင္းတိရစာၦန္ေတြ စားေသာက္ေရာင္းခ်မႈတားျမစ္တာကို ႀကိဳဆိုပါတယ္”လို႔ ဟူမိန္းႏိုင္ငံတကာဆိုင္ရာ တ႐ုတ္မူဝါဒေရးရာ ကြၽမ္းက်င္သူေဒါက္တာပီတာလီက ဆိုပါတယ္။

Credit The Standard Time Daily
Ref The Independent

UNICODE
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်စားသောက်ခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ဒေသအာဏာပိုင်တွေက မနေ့ကကြေညာလိုက်ပါတယ်။ဝူဟန်ဒေသဟာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့ဒေသဖြစ်လာမှာဖြစ်ပြီး တောရိုင်းတိရစ္ဆာန်တွေစားသောက်ခြင်းကို တားမြစ်လိုက်ကာ ခြွင်းချက်အနေနဲ့ သိပ္ပံဆိုင်ရာသုတေသနလုပ်ငန်းများ၊ ကပ်ရောဂါစောင့်ကြည့်ရေးလုပ်ငန်းများနှင့် အခြားအခြေအနေများအတွက် စီမံလုပ်ဆောင်တာတွေကလွဲလို့ တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးခွင့်မပြုဘူးလို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ဒီလုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တောရိုင်းတိရစ္ဆာန်များကို အစားအသောက်အတွက် မွေးမြူခြင်းကို တင်းကျပ်စွာထိန်းချုပ်လိုက်ပြီး တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးရောင်းချနေတဲ့ စိုက်ပျိုးမွေးမြူရေးသမားတွေကို ကမ်းလှမ်းရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မည့်အစီအစဉ်တွင် ဝူဟန်အစိုးရလည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။

လူဦးရေ ၁၁သန်းနေထိုင်တဲ့ ဟူပေပြည်နယ် မြို့တော်ဝူဟန်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကိုဗစ်-၁၉ ရောဂါကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ကပ်ရောဂါစတင်ဖြစ်ပေါ်ရာ မူလအရင်းအမြစ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမယ့် တောခွေးများ၊ ပုစဉ်းရင်ကွဲများ၊ ကင်းမြီးကောက်များနဲ့ တောကြောင်များ အပါအဝင် တောရိုင်းတိရစ္ဆာန်အရှင်အမျိုးအစားပေါင်း ၃၀ကျော် ရောင်းချနေတဲ့ ဟွာနန်းပင်လယ်စာ လက်လီ၊လက်ကားဈေးမှာ ကိုရိုနာဗိုင်းရပ်စ်စတင်ထွက်ပေါ်မှုအတွက် သံသယတစ်ခုဖြစ်ပြီး တရုတ်အစိုးရက ဒီဈေးကိုဇန်နဝါရီလမှာ ပိတ်လိုက်ပါတယ်။ခြုံငုံသုံးသပ်ချက်များအရ ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်မှလူသို့ ဖိတ်စဉ်ကူးစက်တယ်ဆိုတာ ယုတ္တိရှိတဲ့ရှင်းလင်းချက်ဖြစ်တယ်လို့ သုတေသီတွေက တစ်ညီတစ်ညွတ်ထဲ လက်ခံထားကြပါတယ်။

ဒီအခြေအနေနောက်မှာတော့ တိရစ္ဆာန်ကကူးစက်လာတဲ့ကပ်ရောဂါနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံဟာ တရားမဝင်တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုတွေကို ကိုင်တွယ်ထိန်းချုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဖိအားပေးတာကိုခံခဲ့ရပါတယ်။လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးသူပေါင်း ၃၁၈၇၈၉ ဦး ရှိလာပြီဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၄ဒသမ၇သန်းကျော် ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မနေ့ကထုတ်ပြန်ထားပါတယ်။လက်ရှိအတောအတွင်း တရုတ်နိုင်ငံအလယ်ပိုင်းပြည်နယ်နှစ်ခုမှာ တောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးရောင်းချအပေါ် မှီခိုနေရတဲ့စိုက်ပျိုးမွေးမြူရေးသမားများရဲ့ နေထိုင်ရှင်သန်မှုပုံစံပြောင်းလဲရာမှာ အကူအညီပေးမယ့်အစီအစဉ်တစ်ရပ်ကို အစိုးရက ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ကြေညာခဲ့ပါတယ်။

သစ်သီးဝလံများနဲ့ လက်ဖက်စိုက်ပျိုးမှုကို မြှင့်တင်ခြင်း(သို့) တရုတ်ရိုးရာတိုင်းရင်းဆေးအတွက် ဆေးဘက်ဝင်အပင်များ ရှာဖွေရောင်းချခြင်းလုပ်ငန်းများနဲ့ အစားထိုးလုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းများကို အိမ်နီးချင်းပြည်နယ် နှစ်ခုဖြစ်သည့် ဟူနန်နှင့်ကျန်ရှီးပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးသမားများအတွက် စီစဉ်ပေးမှာဖြစ်ပြီး ကြက်နှင့်ဝက်ကဲ့သို့ အိမ်မွေးတိရစ္ဆာန်မွေးမြူမှုများလည်း ပါဝင်မှာဖြစ်ပါတယ်။ဒီအစီအစဉ်အတွက် ဖြူကောင်တစ်ကောင်ကို တရုတ်ယွမ် ၆၃၀(၈၈ ကန်ဒေါ်လာ)၊ တောကြောင်တစ်ကောင် ယွမ်၆၀၀(၈၄ကန်ဒေါ်လာ)၊ ဝါးတောကြွက်တစ်ကီလို ၇၅ယွမ်(၁၁ကန်ဒေါ်လာ)၊ မြွေဟောက်(သို့)မြွေပွေးသားတစ်ကီလို ယွမ်၁၂၀(၁၇ကန်ဒေါ်လာ)နဲ့ ငန်းရိုင်းတစ်‌ကောင်(သို့) တရုတ်သမင်တစ်ကောင်ကို ၂၄၅၇ယွမ် (၃၄၅ကန်ဒေါ်လာ)စီ လျော်ကြေးပေးဖို့ ဟူနန်ပြည်နယ်က စိုက်ပျိုးမွေးမြူရေးသမားတွေက ကမ်းလှမ်းထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက တရုတ်အစိုးရဟာ စိုက်ပျိုးရေးခြံတွေထဲက ဆန်းပြားတဲ့မျိုးစိတ်တွေအပါအဝင် ကုန်းတွင်းတောရိုင်းတိရစ္ဆာန်အားလုံးကို ရောင်းချခြင်းနဲ့ စားသောက်ခြင်းမပြုဖို့ နိုင်ငံတစ်ဝန်းမှာ မပိတ်စဖူး ယာယီပိတ်ပင်ခဲ့ပါတယ်။ဖေဖော်ဝါရီ တားမြစ်မိန့်မတိုင်ခင်ကတော့ တရုတ်နိုင်ငံမှာ တောရိုင်းတိရစ္ဆာန် ၁၄ မျိုးနဲ့ ခွင့်ပြုမိန့်နဲ့ မွေးမြူတဲ့တိရစ္ဆာန်တွေကို ရောင်းချခွင့်ပြုထားပါသေးတယ်။လက်ရှိမှာတော့ တောရိုင်းတိရစ္ဆာန်ရောင်းချစားသောက်မှုတွေကို ပေကျင်း၊ ရှန်ကျန်းနဲ့ ကျုဟိုင်မြို့တွေမှာ ရာသက်ပန်တားမြစ်လိုက်ပေမယ့် ဝူဟန်ဒေသကိုတော့ ငါးနှစ်အကြာ ပိတ်ပင်လိုက်ပါတယ်။“ကျွန်တော်တို့ဟာ နောက်ထပ်ကပ်ရောဂါတွေကို ရှောင်ရှားနိုင်ဖို့ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုမှတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ပြည်သူ့ကျန်းမာရေးအန္တရာယ်ကို အလွန်အလေးအနက်ထားဖို့ ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုရမှာဖြစ်ပြီး ဝူဟန်မှာ တောရိုင်းတိရစ္ဆာန်တွေ စားသောက်ရောင်းချမှုတားမြစ်တာကို ကြိုဆိုပါတယ်”လို့ ဟူမိန်းနိုင်ငံတကာဆိုင်ရာ တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူဒေါက်တာပီတာလီက ဆိုပါတယ်။

Credit The Standard Time Daily
Ref The Independent

Leave a Comment