ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပက်သတ်ပြီး ရှေ့နေကြီးရောဘတ်စန်းအောင်ကို သွားရောက်တွေ့ဆုံပြီး Live လွှင့်ခဲ့တဲ့ လင်းလင်း




Source: Htwe Lynn Ko’s fb

UNICODE

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်က နေပြည်တော်မြို့နယ်က ဗစ်တိုးရီးယားအမှုနဲ့ ပက်သတ်ပြီး စိတ်ရောလူပါ ပါဝင်ကူညီခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လင်းလင်းနဲ့ ချစ်သုဝေက ဗစ်တိုးရီးယားအမှုနဲ့ ပက်သတ်ပြီး သိန်း (၈၀၀)ကျော် အမြတ်ထွက်သွားခဲ့တယ်ဆိုပြီး အွန်လိုင်းစာမျက်နှာပေါ်မှာ အသံဖိုင်နဲ့တကွ ပျံ့နှံ့ခဲ့ပါတယ်။ ထိုကိစ္စကို လင်းလင်းက ဧပြီလ (၂၃) ရက်နေ့မှာ ပါးစပ်ကပြော၊စာတွေရေးပြီး ရှင်းရတာဝါသနာမပါပဲ လက်တွေ့ဘဲရှင်းတတ်တာဆိုပြီး သူ့ရဲ့ဖေစ့်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီနေ့ မေလ (၂၁) ရက်နေ့မှာတော့ လင်းလင်းက အသံဖိုင်ထဲက ပုဂ္ဂိုလ်လို့ အားလုံးက ထင်ကြေးပေးနေကြတဲ့ ရှေ့နေကြီး ရောဘတ်စန်းအောင်ဆီ သွားရောက်တွေ့ဆုံပြီး Live လွှင့်ခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် လင်းလင်းနဲ့ ရောဘတ်စန်းအောင်နဲ့အတူတူ ဆုံတွေ့ခဲ့တဲ့ လင်းလင်းရဲ့ ဗီဒီယိုကို မျှဝေပေးလိုက်ပါတယ်နော်။

လင်းလင်းကတော့ လူကြီးလူကောင်းဆန်ဆန် သွားရောက်တွေ့ဆုံခဲ့ပြီး အားလုံးလည်းသိအောင် Live လွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်နော်။

Source: Htwe Lynn Ko’s fb
Credit Celeconnections

Leave a Comment