လက္က်ိဳးၿပီး ေဆး႐ုံေရာက္ေနခ်ိန္ သူနာျပဳေကာင္ေလးအား ခ်စ္တယ္ဟုေျပာၿပီး လက္ထပ္ခြင့္ပါေတာင္းခဲ့တဲ့ ေကာင္မေလး

ေမ့ေဆး၊ ထုံေဆးနဲ႔ အျခားျပင္းထန္ေသာေဆးဝါးေတြဟာ လူနာေတြကို သတိေမ့ေမ်ာ မလႈပ္ရွားႏိုင္ေအာင္ျပဳလုပ္ႏိုင္သလို၊ ထိုေဆးရွိန္ မပ်ယ္ေသးခ်ိန္မွာလည္း လူနာေတြဟာ ကေယာင္ကတမ္းနဲ႔ ရယ္စရာေတြျပဳလုပ္တတ္ ၾကပါတယ္။ စာဖတ္သူမ်ားအေနနဲ႔လည္း ထိုကဲ့သို႔ေသာလူနာမ်ားရဲ႕ ရယ္စရာေကာင္းေသာဗီဒီယိုမ်ားကို ၾကည့္ဖူးၾကပါလိမ့္မယ္။ ယခုျဖစ္စဥ္ဟာလည္း ထိုသို႔ ရယ္စရာေကာင္းေသာ ျဖစ္ရပ္မ်ားထဲမွ တစ္ခုအပါအဝင္ပဲ ျဖစ္ပါတယ္။

အမ်ိဳးသမီးလူနာတစ္ဦးဟာ လက္က်ိဳးေနတာေၾကာင့္ ေမ့ေဆးအသုံးျပဳၿပီး ေဆးကုသမႈခံယူေနရပါတယ္။ ဒါေပမယ့္ အရာအားလုံးဟာ သူမ အတြက္ေတာ့ အဆင္ေျပေနခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူမရဲ႕ ေဘးနားမွာ ခပ္ေခ်ာေခ်ာ သူနာျပဳေကာင္ေလးတစ္ေယာက္ ရွိေနခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ သူမဟာ ေမ့ေဆးေၾကာင့္ မူးေနခ်ိန္မွာ သူမ ဘာေၾကာင့္ ေဆး႐ုံကိုေရာက္ေနလဲဆိုတာေတာင္ မသိေတာ့ဘဲ မ်က္မွန္တပ္ထားတဲ့ သူနာျပဳေကာင္ေလးကို သေဘာက်ေၾကာင္း စေျပာပါေတာ့တယ္။

အစပိုင္းမွာေတာ့ သူမဟာ သူနာျပဳေကာင္ေလးရဲ႕ မ်က္ႏွာကိုကိုင္တြယ္ၿပီး ၾကည္ႏူး‌ေနခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ ေကာင္ေလးအေပၚႀကိတ္ေႂကြေနတဲ့ သူမရဲ႕ အခ်စ္ေတြ အကုန္လုံးကိုလည္း ဖြင့္ခ်ခဲ့ပါတယ္။ေကာင္မေလးက “ရွင့္ကို ကြၽန္မအရမ္းခ်စ္တယ္” လို႔ေျပာခဲ့ၿပီး သူနာျပဳေကာင္ေလးကလည္း “ေကာင္းပါၿပီ ေက်းဇူးပါ” လို႔ျပန္ေျပာခဲ့ပါတယ္။

သူနာျပဳေကာင္ေလးရဲ႕ အလိုက္သင့္ျပန္လည္ ေျဖၾကားမႈေၾကာင့္ လူနာေကာင္မေလးနဲ႔ စကားမ်ားေျပာဆိုၾကရင္း လူနာေကာင္မေလးမွ လက္ထပ္ဖို႔အေၾကာင္း ေျပာလာတဲ့အခါမွာေတာ့ သူနာျပဳေကာင္ေလးက “ငါတို႔ဘယ္ေနရာမွာလက္ထပ္ၾကမလဲ”လို႔ ေမးတဲ့အခါ ေကာင္မေလးက “ဘုရားေက်ာင္းမွာလက္ထပ္ၾကမယ္ေလ” လို႔ေျဖၾကားခဲ့ပါတယ္။ ထိုရယ္စရာေကာင္းတဲ့ လူနာေကာင္မေလးဟာ သီခ်င္းဆိုၿပီးေတာင္ သူနာျပဳေကာင္ေလးရဲ႕ ႏွလုံးသားကို ဖမ္းစား ခဲ့ပါေသးတယ္။

သီခ်င္းစာသားထဲမွာေတာ့ ” ငါတို႔ဟာ ခ်စ္စရာအေကာင္းဆုံးစုံတြဲပဲ မင္းဟာ အရမ္းကိုခ်စ္စရာေကာင္းတယ္ ငါ မင္းကိုခ်စ္တယ္ငါတို႔ လက္ထပ္သင့္ပါၿပီ “လို႔ သီခ်င္းဆိုအၿပီးမွာ သူမရဲ႕ ႏႈတ္ခမ္းေလးကိုဆူကာ ေကာင္ေလးဆီက အနမ္းကိုေတာင္းခဲ့ၿပီး သူမကို လက္ထပ္ပါလို႔ ေျပာဆိုခဲ့ပါတယ္။ ဒီဗီဒီယိုေလးကေတာ့ သူမရဲ႕ေမ့ေဆးအရွိန္ေၾကာင့္ျဖစ္လာရတဲ့ ခ်စ္စရာ၊ ရယ္စရာအခ်စ္ဇာတ္လမ္းတစ္ခုပဲ ျဖစ္ပါတယ္။ သူနာျပဳေကာင္ေလးက သူမ ေနျပန္ေကာင္းသြားလို႔ ဒီဗီဒီယိုကို ျပန္ၾကည့္မိတဲ့အခါ အလြန္ရယ္စရာေကာင္းေနပါလိမ့္မယ္ လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လို႔ ၾကည့္ရႈသူေတြကေတာ့ သူတို႔ႏွစ္ဦးဟာ လိုက္ဖက္တဲ့စုံတြဲေတြျဖစ္တယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။

Credit Beesportsnews
Reff Elite Reader.

UNICODE

မေ့ဆေး၊ ထုံဆေးနဲ့ အခြားပြင်းထန်သောဆေးဝါးတွေဟာ လူနာတွေကို သတိမေ့မျော မလှုပ်ရှားနိုင်အောင်ပြုလုပ်နိုင်သလို၊ ထိုဆေးရှိန် မပျယ်သေးချိန်မှာလည်း လူနာတွေဟာ ကယောင်ကတမ်းနဲ့ ရယ်စရာတွေပြုလုပ်တတ် ကြပါတယ်။ စာဖတ်သူများအနေနဲ့လည်း ထိုကဲ့သို့သောလူနာများရဲ့ ရယ်စရာကောင်းသောဗီဒီယိုများကို ကြည့်ဖူးကြပါလိမ့်မယ်။ ယခုဖြစ်စဉ်ဟာလည်း ထိုသို့ ရယ်စရာကောင်းသော ဖြစ်ရပ်များထဲမှ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

အမျိုးသမီးလူနာတစ်ဦးဟာ လက်ကျိုးနေတာကြောင့် မေ့ဆေးအသုံးပြုပြီး ဆေးကုသမှုခံယူနေရပါတယ်။ ဒါပေမယ့် အရာအားလုံးဟာ သူမ အတွက်တော့ အဆင်ပြေနေခဲ့ပါတယ်။ အကြောင်းကတော့ သူမရဲ့ ဘေးနားမှာ ခပ်ချောချော သူနာပြုကောင်လေးတစ်ယောက် ရှိနေခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ သူမဟာ မေ့ဆေးကြောင့် မူးနေချိန်မှာ သူမ ဘာကြောင့် ဆေးရုံကိုရောက်နေလဲဆိုတာတောင် မသိတော့ဘဲ မျက်မှန်တပ်ထားတဲ့ သူနာပြုကောင်လေးကို သဘောကျကြောင်း စပြောပါတော့တယ်။

အစပိုင်းမှာတော့ သူမဟာ သူနာပြုကောင်လေးရဲ့ မျက်နှာကိုကိုင်တွယ်ပြီး ကြည်နူး‌နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကောင်လေးအပေါ်ကြိတ်ကြွေနေတဲ့ သူမရဲ့ အချစ်တွေ အကုန်လုံးကိုလည်း ဖွင့်ချခဲ့ပါတယ်။ကောင်မလေးက “ရှင့်ကို ကျွန်မအရမ်းချစ်တယ်” လို့ပြောခဲ့ပြီး သူနာပြုကောင်လေးကလည်း “ကောင်းပါပြီ ကျေးဇူးပါ” လို့ပြန်ပြောခဲ့ပါတယ်။

သူနာပြုကောင်လေးရဲ့ အလိုက်သင့်ပြန်လည် ဖြေကြားမှုကြောင့် လူနာကောင်မလေးနဲ့ စကားများပြောဆိုကြရင်း လူနာကောင်မလေးမှ လက်ထပ်ဖို့အကြောင်း ပြောလာတဲ့အခါမှာတော့ သူနာပြုကောင်လေးက “ငါတို့ဘယ်နေရာမှာလက်ထပ်ကြမလဲ”လို့ မေးတဲ့အခါ ကောင်မလေးက “ဘုရားကျောင်းမှာလက်ထပ်ကြမယ်လေ” လို့ဖြေကြားခဲ့ပါတယ်။ ထိုရယ်စရာကောင်းတဲ့ လူနာကောင်မလေးဟာ သီချင်းဆိုပြီးတောင် သူနာပြုကောင်လေးရဲ့ နှလုံးသားကို ဖမ်းစား ခဲ့ပါသေးတယ်။

သီချင်းစာသားထဲမှာတော့ ” ငါတို့ဟာ ချစ်စရာအကောင်းဆုံးစုံတွဲပဲ မင်းဟာ အရမ်းကိုချစ်စရာကောင်းတယ် ငါ မင်းကိုချစ်တယ်ငါတို့ လက်ထပ်သင့်ပါပြီ “လို့ သီချင်းဆိုအပြီးမှာ သူမရဲ့ နှုတ်ခမ်းလေးကိုဆူကာ ကောင်လေးဆီက အနမ်းကိုတောင်းခဲ့ပြီး သူမကို လက်ထပ်ပါလို့ ပြောဆိုခဲ့ပါတယ်။ ဒီဗီဒီယိုလေးကတော့ သူမရဲ့မေ့ဆေးအရှိန်ကြောင့်ဖြစ်လာရတဲ့ ချစ်စရာ၊ ရယ်စရာအချစ်ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သူနာပြုကောင်လေးက သူမ နေပြန်ကောင်းသွားလို့ ဒီဗီဒီယိုကို ပြန်ကြည့်မိတဲ့အခါ အလွန်ရယ်စရာကောင်းနေပါလိမ့်မယ် လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လို့ ကြည့်ရှုသူတွေကတော့ သူတို့နှစ်ဦးဟာ လိုက်ဖက်တဲ့စုံတွဲတွေဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Credit Beesportsnews
Reff Elite Reader.

Leave a Comment