မိုးရွာတာက သူကိုရပ်တန့်မရပါဘူးဆိုကာ အိမ်ခြေရာမဲ့တွေနဲ့ပန်းရောင်းနေတဲ့ကလေးတွေကို ကြက်သားဟင်းချက်ပီး လိုက်ဝေပေးခဲ့တဲ့ Sinon




Source: Sinon Loresca
Credit -CeleGabar

UNICODE

အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြားတဲ့ မြန်မာ့ပရိသတ်တွေရဲ့ အသည်းကျော် ဖိလစ်ပိုင်ဆယ်လီ Sinon Loresca ကတော့ မေလ(၂၀)ရက်နေ့ဖြစ်တဲ့မနေ့က အိမ်ခြေရာမဲ့တွေနဲ့ပန်းရောင်းနေတဲ့ကလေးတွေကို ကြက်သားဟင်းချက်ပီး လိုက်ဝေပေးခဲ့ပါတယ်။သူကတော့ ဘဝပေးကံမကောင်းတဲ့သူတွေကို အမြဲတမ်းထောက်ပံ့ပေးနေတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။

Sinon ကတော့ မိုးရွာတာက သူ့ရဲ့ကြင်နာမှုတွေ ချစ်ခင်မှုတွေကိုရပ်တန့်လို့မရပါဘူးလို့ပြောပြီး အိမ်ခြေရာမဲ့တွေနဲ့ပန်းရောင်းနေတဲ့ကလေးတွေကို ကြက်သားဟင်းချက်ပီး လိုက်ဝေပေးခဲ့တဲ့အကြောင်းကို “နေပါအုံးမိုးရွာ တာလား မိုးရွာတာကလည်း ကျတော့်ရဲ့ ကြင်နာမှုတွေ ချစ်ခင်မှုတွေကိုရပ်တန့်လို့မရပါဘူးနော် ဒီနေ့ကျွန်တော် အိမ်ခြေရာမဲ့တွေနဲ့ လမ်းပေါ်မှာ ပန်းရောင်းနေတဲ့ကလေး တစ်ချို့အတွက် အရသာ ရှိလှတဲ့ကြက်သားဟင်းချက်ပီး လိုက်ဝေပေးတော့ပါမယ် ဘဝကိုခက်ခဲစွာ ရုန်းကန်နေတဲ့သူတို့အတွက် ကျွန်တော့်အကူအညီလေးက အနည်းငယ်ဘဲဖြစ်ဖြစ် အထောက်အပံ့ ဖြစ်မယ်ထင်ပါတယ်ဗျ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။သူကတော့ ရောဂါကပ်လေးကြီးစကတည်းက တတ်နိုင်တဲ့ဘက်ကနေကူညီပေးနေသလို အစားအသောက်တွေလည်းချက်ပြုတ်ပြီး ပေးဝေနေခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ Sinon ကတော့ မိုးရွာတာက သူ့ရဲ့ကြင်နာမှုတွေ ချစ်ခင်မှုတွေကိုရပ်တန့်လို့မရပါဘူးလို့ပြောပြီး အိမ်ခြေရာမဲ့တွေနဲ့ပန်းရောင်းနေတဲ့ကလေးတွေကို ကြက်သားဟင်းချက်ပီး လိုက်ဝေပေးခဲ့တာနော်။ ပရိသတ်ကြီးရေ Sinon ရဲ့ စိတ်ဓာတ်ကတော့တကယ်ကိုလေးစားထိုက်ပါတယ်။

Source: Sinon Loresca
Credit -CeleGabar

Leave a Comment