ထိုင္းဒုလႅဘရဟန္းတစ္ပါးက သူ႔အားေန႔စဥ္ဆြမ္းေလာင္းခဲ့သည့္ ဆင္းရဲႏြမ္းပါး အဘြားအိုအတြက္ တိုက္အိမ္ေဆာက္ေပး

ထိုင္းႏိုင္ငံအေရွ႕ပိုင္း၊ ပရာက်င္းပူရီခ႐ိုင္ထဲမွာ ဒုလႅဘရဟန္းခံခဲ့သူတစ္ဦးက သူ႔ကို မနက္တိုင္းဆြမ္းေလာင္းခဲ့တဲ့ အဘြားအိုအတြက္ တိုက္အိမ္တစ္လုံး ေဆာက္ေပး လိုက္ပါတယ္။ႏိုင္းနတ္ထဝုတ္ ငူးဆြန္ ဆိုသူဟာ ဘန္ေကာက္က ကုမၸဏီႀကီးတစ္ခုရဲ႕ အမႈေဆာင္ဒါ႐ိုက္တာျဖစ္ၿပီး သူဟာ ၿပီးခဲ့တဲ့လက ပရာက်င္းပူရီခ႐ိုင္ ကပင္ပူရီၿမိဳ႕ရွိ ဆာမတ္ခီး ဆမိုးဆြန္ေက်ာင္းတိုက္မွာ ဒုလႅဘရဟန္းခံခဲ့ပါတယ္။ရဟန္းဘဝမွာ ဆြမ္းခံထြက္စဥ္ ယိုင္နဲ႔နဲ႔အိမ္စုတ္တစ္လုံးေရွ႕ကေန မနက္တိုင္း ဆြမ္း လာေလာင္းတဲ့ အဘြားအိုတစ္ေယာက္ကို သူက သတိထားမိေနပါတယ္။

အဆိုပါ အဘြားအိုဟာ အသက္ ၇၀ ႐ြယ္ရွိ နန္းဆိုဝဖား ဖြန္းလ္ဆင္ ဆိုသူျဖစ္ၿပီး ခင္ပြန္းသည္ ကြယ္လြန္သြားၿပီျဖစ္ကာ သားသမီး ၄ ေယာက္ရွိေပမယ့္ အားလုံးက အေဝးမွာ အိမ္ေထာင္အသီးသီး က်သြားလို႔ တဲအိမ္ေလးမွာ တစ္ဦးတည္းေနေန ရတယ္လို႔ ဆိုပါတယ္။အဘြားအိုေနထိုင္တဲ့ တဲစုတ္မွာ အလြန္ယိုင္နဲ႔ေနၿပီး ၿပိဳက်လာရင္ အႏၲရာယ္ရွိႏိုင္သလို အိမ္သာကလည္း အလြန္စုတ္ျပတ္ေနတာေၾကာင့္ ဒုလႅဘရဟန္းက အဘြားအတြက္ အိမ္အသစ္ျပန္ေဆာက္ေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ႏိုင္းနတ္ထဝုတ္ဟာ လူဝတ္လဲၿပီးတဲ့ေနာက္မွာေတာ့ အဘြားအိုအတြက္ အိမ္သစ္ေဆာက္ေပးဖို႔ ပါဝင္လႉဒါန္းလိုသူေတြကို လူမႈကြန္ယက္ကေန ဖိတ္ေခၚခဲ့ပါတယ္။

ၿပိဳလုနီးပါး တဲအိမ္ေရွ႕က အဘြားအိုရဲ႕ပုံကို ေတြ႕ၿပီး သနားၾကင္နာသူေတြက အလႉေငြ ထည့္ဝင္ၾကရာမွာ စုစုေပါင္း ဘတ္ ၂ သိန္းေက်ာ္ရခဲ့ေၾကာင္း အဲဒီေနာက္ တဲေဆာက္ေနခြင့္ျပဳတဲ့ ေျမပိုင္ရွင္ကို ခြင့္ေတာင္းၿပီး တိုက္အိမ္ေလးတစ္လုံးစေဆာက္ခဲ့ပါတယ္။အဆိုပါ အိမ္သစ္ကို ႏိုင္းနတ္ထဝုတ္က သူ႔လုပ္အားနဲ႔ ကိုယ္တိုင္ေဆာက္သလို နယ္ေျမခံစစ္တပ္နဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံးက ေစတနာဝန္ထမ္းေတြလည္း လာေရာက္လုပ္ အားေပး ကူညီခဲ့ၾကပါတယ္။ဒါေၾကာင့္ ေနအိမ္ဟာ ၇ ရက္အတြင္း ေဆာက္လုပ္ၿပီးစီးသြားၿပီး အတြင္းက ပန္ကာ၊ ခုတင္၊ ေမြ႕ယာ၊ ေရခဲေသတၱာအစရွိတဲ့ ပရိေဘာဂေတြပါ ထည့္တြက္ရင္ ဘတ္ ၃ သိန္းခန႔္ကုန္က်ေၾကာင္း၊ ေစတနာရွင္ေတြလႉတဲ့ေငြက ၂ သိန္းေက်ာ္ၿပီး က်န္တာကို သူတစ္ဦးတည္း စိုက္လႉလိုက္တယ္လို႔ ႏိုင္းနတ္ထဝုတ္က ေျပာပါတယ္။

အဘြားအိုကို အိမ္အပ္ႏွင္းပြဲနဲ႔ အိမ္သစ္တက္ပြဲကိုေတာ့ ၿပီးခဲ့တဲ့ ေမလ ၁၉ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။ သပ္ရပ္လွပတဲ့အိမ္သစ္ကေလးကိုၾကည့္ၿပီး အဘြားျဖစ္သူက ဝမ္းသာလြန္းလို႔ အေယာင္အေယာင္ အမွားမွားျဖစ္ကာ ငိုခ်င္လာေၾကာင္း၊ အခုလို ကံေကာင္းတဲ့ ဆုလာဘ္ႀကီးကို ျမန္ျမန္ရရွိမယ္လို႔ အိပ္မက္ေတာင္ မမက္ခဲ့ပါဘူးလို႔ ေျပာပါတယ္။အိမ္နီးနားခ်င္းေတြကေတာ့ အဘြားဟာ မနက္တိုင္းဘုန္းႀကီးဆြမ္းေလာင္းတာ အဲဒီကု သိုလ္အက်ိဳးကို ျပန္ရၿပီလို႔ေျပာပါတယ္။ႏိုင္းနတ္ထဝုတ္ကလည္း “ အဘြားအိမ္မက္ထဲကထြက္ခဲ့ေတာ့၊ ဒါဟာ အိပ္မက္မဟုတ္ဘူး။ အဘြားအိမ္သစ္ရဖို႔ စိတ္ကူးယဥ္ခဲ့တယ္မဟုတ္လား။ အမွန္တကယ္ျဖစ္ေနတာ” လို႔ ေျပာခဲ့ပါတယ္ ။ေနအိမ္အတြက္ ပါဝင္လႉဒါန္းသူေတြအားလုံးကို ေက်းဇူးတင္ေၾကာင္းနဲ႔ စိတ္ပါလက္ပါ ေစတနာအျပည့္နဲ႔ လာေရာက္ ေဆာက္လုပ္ကူညီေပးသူ တပ္ဖြဲ႕ဝင္ေတြ နဲ႔ ေစတနာဝန္ထမ္းေတြအားလုံးကိုလည္း ေက်းဇူးတင္ေၾကာင္း ႏိုင္းနတ္ထဝုတ္က ေျပာပါတယ္။

ကိုးကား – ThaiPBS / AmarinTV
Credit DVB

UNICODE

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းပူရီခရိုင်ထဲမှာ ဒုလ္လဘရဟန်းခံခဲ့သူတစ်ဦးက သူ့ကို မနက်တိုင်းဆွမ်းလောင်းခဲ့တဲ့ အဘွားအိုအတွက် တိုက်အိမ်တစ်လုံး ဆောက်ပေး လိုက်ပါတယ်။နိုင်းနတ်ထဝုတ် ငူးဆွန် ဆိုသူဟာ ဘန်ကောက်က ကုမ္ပဏီကြီးတစ်ခုရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့လက ပရာကျင်းပူရီခရိုင် ကပင်ပူရီမြို့ရှိ ဆာမတ်ခီး ဆမိုးဆွန်ကျောင်းတိုက်မှာ ဒုလ္လဘရဟန်းခံခဲ့ပါတယ်။ရဟန်းဘဝမှာ ဆွမ်းခံထွက်စဉ် ယိုင်နဲ့နဲ့အိမ်စုတ်တစ်လုံးရှေ့ကနေ မနက်တိုင်း ဆွမ်း လာလောင်းတဲ့ အဘွားအိုတစ်ယောက်ကို သူက သတိထားမိနေပါတယ်။

အဆိုပါ အဘွားအိုဟာ အသက် ၇၀ ရွယ်ရှိ နန်းဆိုဝဖား ဖွန်းလ်ဆင် ဆိုသူဖြစ်ပြီး ခင်ပွန်းသည် ကွယ်လွန်သွားပြီဖြစ်ကာ သားသမီး ၄ ယောက်ရှိပေမယ့် အားလုံးက အဝေးမှာ အိမ်ထောင်အသီးသီး ကျသွားလို့ တဲအိမ်လေးမှာ တစ်ဦးတည်းနေနေ ရတယ်လို့ ဆိုပါတယ်။အဘွားအိုနေထိုင်တဲ့ တဲစုတ်မှာ အလွန်ယိုင်နဲ့နေပြီး ပြိုကျလာရင် အန္တရာယ်ရှိနိုင်သလို အိမ်သာကလည်း အလွန်စုတ်ပြတ်နေတာကြောင့် ဒုလ္လဘရဟန်းက အဘွားအတွက် အိမ်အသစ်ပြန်ဆောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။နိုင်းနတ်ထဝုတ်ဟာ လူဝတ်လဲပြီးတဲ့နောက်မှာတော့ အဘွားအိုအတွက် အိမ်သစ်ဆောက်ပေးဖို့ ပါဝင်လှူဒါန်းလိုသူတွေကို လူမှုကွန်ယက်ကနေ ဖိတ်ခေါ်ခဲ့ပါတယ်။

ပြိုလုနီးပါး တဲအိမ်ရှေ့က အဘွားအိုရဲ့ပုံကို တွေ့ပြီး သနားကြင်နာသူတွေက အလှူငွေ ထည့်ဝင်ကြရာမှာ စုစုပေါင်း ဘတ် ၂ သိန်းကျော်ရခဲ့ကြောင်း အဲဒီနောက် တဲဆောက်နေခွင့်ပြုတဲ့ မြေပိုင်ရှင်ကို ခွင့်တောင်းပြီး တိုက်အိမ်လေးတစ်လုံးစဆောက်ခဲ့ပါတယ်။အဆိုပါ အိမ်သစ်ကို နိုင်းနတ်ထဝုတ်က သူ့လုပ်အားနဲ့ ကိုယ်တိုင်ဆောက်သလို နယ်မြေခံစစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက စေတနာဝန်ထမ်းတွေလည်း လာရောက်လုပ် အားပေး ကူညီခဲ့ကြပါတယ်။ဒါကြောင့် နေအိမ်ဟာ ၇ ရက်အတွင်း ဆောက်လုပ်ပြီးစီးသွားပြီး အတွင်းက ပန်ကာ၊ ခုတင်၊ မွေ့ယာ၊ ရေခဲသေတ္တာအစရှိတဲ့ ပရိဘောဂတွေပါ ထည့်တွက်ရင် ဘတ် ၃ သိန်းခန့်ကုန်ကျကြောင်း၊ စေတနာရှင်တွေလှူတဲ့ငွေက ၂ သိန်းကျော်ပြီး ကျန်တာကို သူတစ်ဦးတည်း စိုက်လှူလိုက်တယ်လို့ နိုင်းနတ်ထဝုတ်က ပြောပါတယ်။

အဘွားအိုကို အိမ်အပ်နှင်းပွဲနဲ့ အိမ်သစ်တက်ပွဲကိုတော့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ သပ်ရပ်လှပတဲ့အိမ်သစ်ကလေးကိုကြည့်ပြီး အဘွားဖြစ်သူက ဝမ်းသာလွန်းလို့ အယောင်အယောင် အမှားမှားဖြစ်ကာ ငိုချင်လာကြောင်း၊ အခုလို ကံကောင်းတဲ့ ဆုလာဘ်ကြီးကို မြန်မြန်ရရှိမယ်လို့ အိပ်မက်တောင် မမက်ခဲ့ပါဘူးလို့ ပြောပါတယ်။အိမ်နီးနားချင်းတွေကတော့ အဘွားဟာ မနက်တိုင်းဘုန်းကြီးဆွမ်းလောင်းတာ အဲဒီကု သိုလ်အကျိုးကို ပြန်ရပြီလို့ပြောပါတယ်။နိုင်းနတ်ထဝုတ်ကလည်း “ အဘွားအိမ်မက်ထဲကထွက်ခဲ့တော့၊ ဒါဟာ အိပ်မက်မဟုတ်ဘူး။ အဘွားအိမ်သစ်ရဖို့ စိတ်ကူးယဉ်ခဲ့တယ်မဟုတ်လား။ အမှန်တကယ်ဖြစ်နေတာ” လို့ ပြောခဲ့ပါတယ် ။နေအိမ်အတွက် ပါဝင်လှူဒါန်းသူတွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ စိတ်ပါလက်ပါ စေတနာအပြည့်နဲ့ လာရောက် ဆောက်လုပ်ကူညီပေးသူ တပ်ဖွဲ့ဝင်တွေ နဲ့ စေတနာဝန်ထမ်းတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း နိုင်းနတ်ထဝုတ်က ပြောပါတယ်။

ကိုးကား – ThaiPBS / AmarinTV
Credit DVB

Leave a Comment