လူၾကမ္းသရုပ္ေဆာင္ေတြကို နာမည္ေလးေတြနဲ့တြဲျမင္ျပီး အားေပးဖို့ ေတာင္းဆိုလိုက္တဲ့ ယုန္ေလး

နိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ယုန္ေလးက အနုပညာအေပၚကို ရူးသြပ္သူတစ္ေယာက္ျဖစ္ျပီး သူကိုယ္တိုင္ သရုပ္ေဆာင္၊ ဒါရိုက္တာလုပ္ျပီး ရုပ္ရွင္ဇာတ္ကားေတြ ရိုက္ကူးေနလ်က္ရိွပါတယ္။ ယုန္ေလးက အက္ရွင္ဇာတ္ကားေတြကို အမ်ားဆံုးရိုက္ကူးျပီး ပရိသတ္ေတြေမ့ေလ်ာ့ေနၾကတဲ့ လူၾကမ္းသရုပ္ေဆာင္ေတြကို ထည့္သြင္းအသံုးျပဳသူတစ္ေယာက္ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရက္ပိုင္းက ထြက္ရိွခဲ့တဲ့ ယုန္ေလးရဲ့ “ဝမ္းစာ” သီခ်င္းမွာလည္း လူၾကမ္းသရုပ္ေဆာင္မြန္ေလးကို ထည့္သြင္းအသံုးျပဳခဲ့ျပီး ေအာင္ျမင္မႈရရိွခဲ့တဲ့အေပၚ ယုန္ေလးက အခုလိုပဲ ေျပာထားပါတယ္။

“ဝမ္းစာ 5 M View ကိုမြန္ေလး အိုက္တင္ ျပန္ၾကည့္ျပန္ၾကဳိက္ OG Team က Fighting နည္းျပႀကီးပါ။ Dave နဲ႔ UNDERGROUND၊ MAFIA City၊ Dragon Empire တို႔မွာလည္း ေတြ႕ရမွာပါ။ ကာရိုက္တာ တစ္ခုအေနနဲ႔ ရိုက္ထားပါတယ္။ ကိုမြန္ေလးကို အားေပးၾကဖို႔ ေတာင္းဆိုပါတယ္။ လူၾကမ္းမွာ အိုက္တင္ ေကာင္းတဲ့လူေတြ အမ်ားႀကီးပါ။“ေအာက္ပံုက ေဘးက ကိုထြန္းထြန္း နဲ႔ ကိုကရင္ေလးကိုေတာ့ သတိအႏၲရာယ္ရိွသည္ ကားမွာ ခင္ဝင့္ဝါ ဗိုက္ႀကီးတဲ့ အခန္းမွာ သူတို႔သရုပ္ေဆာင္တာလည္း မွတ္မိက်မယ္ထင္ပါတယ္။ ဟိုလူၾကမ္း ဟိုလူၾကမ္းေလ ဆိုတာထက္ သူတို႔ နာမည္ ေလးေတြနဲ႔ တြဲၿပီး ျမင္ေအာင္လည္း ရိုက္ေပးထားပါတယ္။ နာမည္ေလးေတြနဲ႔လည္း အားေပးဖို႔ ေတာင္းဆိုပါတယ္ ခင္ဗ်ာ” ဆိုျပီး ေတာင္းဆိုထားပါတယ္။

ယုန္ေလးကေတာ့ ဂီတေလာကမွာလည္း ရြက္ပုန္းသီးလူငယ္ေတြကို ေျမေတာင္ေျမွာက္ေပးေလ့ရိွသလို သရုပ္ေဆာင္ေလာကမွာလည္း ပရိသတ္ေတြေမ့ေလ်ာ့ေနၾကသူေတြကို ထည့္သြင္းအသံုးျပဳရင္း ပရိသတ္နဲ့ နီးစပ္ေအာင္ ျပဳလုပ္ေပးေလ့ရိွသူတစ္ေယာက္ ျဖစ္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။

Source: Yone Lay’s fb
Credit – Cele Connections

UNICODE

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ယုန်လေးက အနုပညာအပေါ်ကို ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေလျက်ရှိပါတယ်။ ယုန်လေးက အက်ရှင်ဇာတ်ကားတွေကို အများဆုံးရိုက်ကူးပြီး ပရိသတ်တွေမေ့လျော့နေကြတဲ့ လူကြမ်းသရုပ်ဆောင်တွေကို ထည့်သွင်းအသုံးပြုသူတစ်ယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ရှိခဲ့တဲ့ ယုန်လေးရဲ့ “ဝမ်းစာ” သီချင်းမှာလည်း လူကြမ်းသရုပ်ဆောင်မွန်လေးကို ထည့်သွင်းအသုံးပြုခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့အပေါ် ယုန်လေးက အခုလိုပဲ ပြောထားပါတယ်။

“ဝမ်းစာ 5 M View ကိုမွန်လေး အိုက်တင် ပြန်ကြည့်ပြန်ကြိုက် OG Team က Fighting နည်းပြကြီးပါ။ Dave နဲ့ UNDERGROUND၊ MAFIA City၊ Dragon Empire တို့မှာလည်း တွေ့ရမှာပါ။ ကာရိုက်တာ တစ်ခုအနေနဲ့ ရိုက်ထားပါတယ်။ ကိုမွန်လေးကို အားပေးကြဖို့ တောင်းဆိုပါတယ်။ လူကြမ်းမှာ အိုက်တင် ကောင်းတဲ့လူတွေ အများကြီးပါ။“အောက်ပုံက ဘေးက ကိုထွန်းထွန်း နဲ့ ကိုကရင်လေးကိုတော့ သတိအန္တရာယ်ရှိသည် ကားမှာ ခင်ဝင့်ဝါ ဗိုက်ကြီးတဲ့ အခန်းမှာ သူတို့သရုပ်ဆောင်တာလည်း မှတ်မိကျမယ်ထင်ပါတယ်။ ဟိုလူကြမ်း ဟိုလူကြမ်းလေ ဆိုတာထက် သူတို့ နာမည် လေးတွေနဲ့ တွဲပြီး မြင်အောင်လည်း ရိုက်ပေးထားပါတယ်။ နာမည်လေးတွေနဲ့လည်း အားပေးဖို့ တောင်းဆိုပါတယ် ခင်ဗျာ” ဆိုပြီး တောင်းဆိုထားပါတယ်။

ယုန်လေးကတော့ ဂီတလောကမှာလည်း ရွက်ပုန်းသီးလူငယ်တွေကို မြေတောင်မြှောက်ပေးလေ့ရှိသလို သရုပ်ဆောင်လောကမှာလည်း ပရိသတ်တွေမေ့လျော့နေကြသူတွေကို ထည့်သွင်းအသုံးပြုရင်း ပရိသတ်နဲ့ နီးစပ်အောင် ပြုလုပ်ပေးလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Yone Lay’s fb
Credit – Cele Connections

Leave a Comment