လူ႕ဘဝသက္တမ္း ရဲ့ ၄ ပုံ ၁ ပုံကို စာသင္ခန္းထဲ မွာ ကုန္ဆုံးခဲ့ရေပမယ့္ ဘဝအာမခံခ်က္ မရခဲ့တဲ႔ ျမန္မာ့ပညာေရး

ကၽြန္ေတာ္သာဆိုရင္ ပညာေရးစနစ္ကိုျပင္မယ္။ စနစ္ကို လူေတြက ေမာင္းႏွင္တာ ျဖစ္တဲ့အတြက္ လူေတြကိုပါ ျပင္ပစ္မယ္။စနစ္မွာ ဘာေတြျပင္မလဲ.. ?လက္ရွိပညာေရးစနစ္မွာ သင္ရတဲ့စာရဲ့ အဆင့္နဲ႔ အခ်ိန္ေတြျဖဳန္းသလိုျဖစ္ေနတယ္။ မနက္ ၉ နာရီကေန ညေန ၄ နာရီ သင္ေနရေပမယ့္ ထိေရာက္မွုမရွိဘူးလို့ထင္ပါတယ္။ ဘြဲ႕ရတဲ့ လူတစ္ေယာက္ဟာ သူ႔ဘဝသက္တမ္းရဲ့ ၄ ပုံ ၁ ပုံကို စာသင္ခန္းထဲမွာ ကုန္ဆုံးခဲ့ရေပမယ့္ ဘဝအာမခံခ်က္ မရခဲ့တာ မျဖစ္သင့္ပါဘူး။ဟုတ္ၿပီ။ဒါဆို ဘာကိုသင္မလဲ.. ?ပညာေရးမွာ အဓိကသင္ရမွာက အေတြးအေခၚ၊ အသိပညာ အတတ္ပညာ နဲ႔ ဘာသာစကားျဖစ္ပါတယ္။ဘာသာရပ္တိုင္းမွာ အေတြးအေခၚပါေအာင္ သင္နိုင္ရပါမယ္။

ျမန္မာစာသင္တဲ့ေနရာမွာ ဆရာဆရာမေတြကိုယ္တိုင္က ျမန္မာစာ ကဗ်ာ ဝတၳဳေတြကို ဝါသနာပါၿပီး ေလ့လာတဲ့သူမ်ိဳးေတြကိုသာတာဝန္ေပးသင့္ပါတယ္။ ကဗ်ာကို အသံေနအသံထားနဲ႔ေျပာတတ္ ဆိုတတ္ ငိုတတ္ ရပါမယ္။ ျမန္မာကဗ်ာနဲ႔ဝတၳဳကိုသာ ေကာင္းေကာင္းသင္ေပးနိုင္ရင္ လူငယ္ေတြ ႏုညံ့သိမ္ေမြ႕လာမွာပါ။သခၤ်ာသင္ရင္လဲ2+2=4 ကိုက်က္ဖို့ထက္ လက္ေတြ႕ျပၿပီး ေပါင္းျခင္းရဲ့ သေဘာသဘာဝကို သိေအာင္ သင္ရမွာျဖစ္ပါတယ္။ သီအိုရီေတြကို က်က္ဖို့ထက္ လက္ေတြ႕လုပ္ျခင္းအားျဖင့္ တစ္သက္စာ မွတ္မိသြားတာပါ။

ပညာေရးမွာ အဓိကသင္ရမွာက အေတြးအေခၚ၊ အသိပညာ အတတ္ပညာ နဲ႔ ဘာသာစကားျဖစ္ပါတယ္။သိပၸံလက္ေတြ႕ခန္းေတြကို ေသာ့ခတ္ထားၿပီး H2O ဟာ ေရျဖစ္တယ္ဆိုတာ က်က္ခိုင္းေနသေရြ႕ ပညာေရးက တိုးတက္မွာ မဟုတ္ပါဘူး။ အထက္တန္းအထိ သမိုင္းမွာ ခုႏွစ္သကၠရာဇ္ကို က်က္ခိုင္းေနမယ့္အစား စိတ္ဝင္စားဖြယ္ေျပာျပ သင္ျပနိုင္ရပါမယ္။ ခုႏွစ္သကၠရာဇ္အတိအက်နဲ႔အျဖစ္အပ်က္ကို မွတ္ဖို့က တကၠသိုလ္သုေတသနလုပ္တဲ့သူမွာမွ လိုမွာျဖစ္ပါတယ္။အဂၤလိပ္စာသင္တဲ့ေနရာမွာ ေရး၊ဖတ္၊ေျပာ၊နားေထာင္ ေလးဆင့္ရွိပါတယ္။ ျမန္မာျပည္မွာက ေရးတာနဲ႔ ဖတ္တာပဲ အဓိကလုပ္ေနၾကတာေတြ႕ရပါတယ္။ တကယ္တမ္းလိုတာက ေျပာတာနဲ႔ နားေထာင္တာ အဓိကခင္ဗ်။ အဂၤလိပ္စာသင္တဲ့ဆရာမကိုယ္တိုင္ အဂၤလိပ္လိုမေျပာေတာ့ ခက္တာေပါ့။ english စာ စာေမးပြဲမွာ ႏုတ္ေျဖပါထည့္သင့္တယ္

ပညာေရးမွာ အဓိကသင္ရမွာက အေတြးအေခၚ၊ အသိပညာ အတတ္ပညာ နဲ႔ ဘာသာစကားျဖစ္ပါတယ္။
နိုင္ငံရဲ့အေနအထား နဲ႔ ေခတ္ရဲ့အေနအထားအရ အေျခခံပညာကစၿပီး သင္ရမယ့္ ဘာသာစကားတစ္ခုက တ႐ုတ္ဘာသာစကားနဲ႔ တ႐ုတ္နိုင္ငံအေၾကာင္းပါ။ သူတို့အေၾကာင္းသိၿပီး သူတို့စကားေျပာတတ္မွ သူတို့ထက္သာေအာင္ လုပ္နိုင္မွာ ျဖစ္ပါတယ္။လူေတြကိုျပင္ဖို့က ဆရာဆရာမေတြကိုလဲ ေလ့က်င့္သင္ၾကားေပးရပါမယ္။

ဥပမာ

ျမန္မာစာသင္မယ့္ဆရာ ဆရာမကို စာေရးဆရာႀကီးေတြက training ေပးရပါမယ္။ အဂၤလိပ္စာကို နိုင္ငံျခားသား အကူအညီနဲ႔ training ယူရပါမယ္။အလြတ္က်က္ ျပန္ေျဖစနစ္ကေန သင္ ေတြးေခၚ ျပန္ေျဖ စနစ္ကို ေျပာင္းမွ တိုးတက္မွာ ျဖစ္ပါတယ္။စာသင္ခ်ိန္ထဲမွာကေလးေတြ ဝါသနာပါရာ အသက္ေမြးဝမ္းေက်ာင္း ပညာေတြကိုလဲ အခ်ိန္တစ္ခ်ိန္ေပးၿပီး သင္ေပးသင့္ပါတယ္။ အင္ဂ်င္နီယာဝါသနာပါတဲ့သူေတြအတြက္ အေျခခံ လက္သမား ပန္းရံ အုတ္စီဗဟုသုတလိုမ်ိဳး သစ္သားေတြအေၾကာင္းလိုမ်ိဳး သင္သင့္ပါတယ္။

ပညာေရးမွာ အဓိကသင္ရမွာက အေတြးအေခၚ၊ အသိပညာ အတတ္ပညာ နဲ႔ ဘာသာစကားျဖစ္ပါတယ္။အခ်ဳပ္အလုပ္ဝါသနာပါတဲ့ သူေတြအတြက္ အေျခခံစက္ခ်ဳပ္နည္းေတြကို သင္ရပါမယ္။ ပန္းခ်ီဆရာလုပ္ခ်င္တဲ့သူေတြအတြက္ ပန္းခ်ီသင္ေပးရပါမယ္။ဒါေတြက သူတို့အရြယ္မွာ တတ္ေအာင္သင္ဖို့မလိုပါဘူး။ သိရင္ရပါၿပီ။ ဒါေတြကို သင္ျပရင္း သူတို့ဝါသနာပါရာကိုလဲ ေရြးထုတ္ေပးနိုင္မွာ ျဖစ္ပါတယ္။ေဆးကုသတာ ဝါသနာမပါပဲ ေဆးေက်ာင္းေရာက္သြားရင္ ဆရာဝန္မျဖစ္ပဲ အဆိုေတာ္ျဖစ္သြားပါလိမ့္မယ္။ အဲ့ဒီအခါမွာ နိုင္ငံေတာ္က ဆရာဝန္တစ္ေယာက္ ဆုံးရွုံးပါတယ္။ကာယခ်ိန္ မွာ ျမက္ႏုတ္ခိုင္းေနသေရြ႕ ေက်ာင္း မွာ ကစားကြင္းမရွိသေရြ႕ ျမန္မာ့အားကစား ကမၻာကိုမလႊမ္းနိုင္ပါဘူး။

ယေန႔ နာမည္ႀကီးေနတဲ့ sex education နဲ႔ပက္သက္ၿပီး ေျပာရရင္ သင္ေပးသင့္ပါတယ္ခင္ဗ်ာ။ သင္ရိုးထဲမထည့္ပဲ ဗဟုသုတအေနနဲ႔အခ်ိန္တစ္ခ်ိန္ေပးကာသင္ရပါမယ္။ ေယာက္်ားေလး ကို အမ်ိဳးသားဆရာ မိန္းကေလးကို အမ်ိဳးသမီးဆရာမ သီးသန႔္ေနရာခြဲကာ သင္ေပးသင့္ ပါတယ္ ။ သင္တဲ့ေနရာမွာ ဆရာဆရာမရဲ့ လိမၼာပါးနပ္မွုရွိဖို့ အထူးလိုအပ္ပါတယ္။ကဲေျပာတာလဲမ်ားသြားၿပီဆိုေတာ့ ေနာက္ေန႔မွ ဆက္ေျပာၾကတာေပါ့ဗ်ာ။

Credit PyiSoeOo(Mandalay)

UNICODE

ကျွန်တော်သာဆိုရင် ပညာရေးစနစ်ကိုပြင်မယ်။ စနစ်ကို လူတွေက မောင်းနှင်တာ ဖြစ်တဲ့အတွက် လူတွေကိုပါ ပြင်ပစ်မယ်။စနစ်မှာ ဘာတွေပြင်မလဲ.. ?

လက်ရှိပညာရေးစနစ်မှာ သင်ရတဲ့စာရဲ့ အဆင့်နဲ့ အချိန်တွေဖြုန်းသလိုဖြစ်နေတယ်။ မနက် ၉ နာရီကနေ ညနေ ၄ နာရီ သင်နေရပေမယ့် ထိရောက်မှုမရှိဘူးလို့ထင်ပါတယ်။ ဘွဲ့ရတဲ့ လူတစ်ယောက်ဟာ သူ့ဘဝသက်တမ်းရဲ့ ၄ ပုံ ၁ ပုံကို စာသင်ခန်းထဲမှာ ကုန်ဆုံးခဲ့ရပေမယ့် ဘဝအာမခံချက် မရခဲ့တာ မဖြစ်သင့်ပါဘူး။ဟုတ်ပြီ။ဒါဆို ဘာကိုသင်မလဲ.. ?ပညာရေးမှာ အဓိကသင်ရမှာက အတွေးအခေါ်၊ အသိပညာ အတတ်ပညာ နဲ့ ဘာသာစကားဖြစ်ပါတယ်။ဘာသာရပ်တိုင်းမှာ အတွေးအခေါ်ပါအောင် သင်နိုင်ရပါမယ်။

မြန်မာစာသင်တဲ့နေရာမှာ ဆရာဆရာမတွေကိုယ်တိုင်က မြန်မာစာ ကဗျာ ဝတ္ထုတွေကို ဝါသနာပါပြီး လေ့လာတဲ့သူမျိုးတွေကိုသာတာဝန်ပေးသင့်ပါတယ်။ ကဗျာကို အသံနေအသံထားနဲ့ပြောတတ် ဆိုတတ် ငိုတတ် ရပါမယ်။ မြန်မာကဗျာနဲ့ဝတ္ထုကိုသာ ကောင်းကောင်းသင်ပေးနိုင်ရင် လူငယ်တွေ နုညံ့သိမ်မွေ့လာမှာပါ။သင်္ချာသင်ရင်လဲ2+2=4 ကိုကျက်ဖို့ထက် လက်တွေ့ပြပြီး ပေါင်းခြင်းရဲ့ သဘောသဘာဝကို သိအောင် သင်ရမှာဖြစ်ပါတယ်။ သီအိုရီတွေကို ကျက်ဖို့ထက် လက်တွေ့လုပ်ခြင်းအားဖြင့် တစ်သက်စာ မှတ်မိသွားတာပါ။

ပညာရေးမှာ အဓိကသင်ရမှာက အတွေးအခေါ်၊ အသိပညာ အတတ်ပညာ နဲ့ ဘာသာစကားဖြစ်ပါတယ်။သိပ္ပံလက်တွေ့ခန်းတွေကို သော့ခတ်ထားပြီး H2O ဟာ ရေဖြစ်တယ်ဆိုတာ ကျက်ခိုင်းနေသရွေ့ ပညာရေးက တိုးတက်မှာ မဟုတ်ပါဘူး။ အထက်တန်းအထိ သမိုင်းမှာ ခုနှစ်သက္ကရာဇ်ကို ကျက်ခိုင်းနေမယ့်အစား စိတ်ဝင်စားဖွယ်ပြောပြ သင်ပြနိုင်ရပါမယ်။ ခုနှစ်သက္ကရာဇ်အတိအကျနဲ့အဖြစ်အပျက်ကို မှတ်ဖို့က တက္ကသိုလ်သုတေသနလုပ်တဲ့သူမှာမှ လိုမှာဖြစ်ပါတယ်။အင်္ဂလိပ်စာသင်တဲ့နေရာမှာ ရေး၊ဖတ်၊ပြော၊နားထောင် လေးဆင့်ရှိပါတယ်။ မြန်မာပြည်မှာက ရေးတာနဲ့ ဖတ်တာပဲ အဓိကလုပ်နေကြတာတွေ့ရပါတယ်။ တကယ်တမ်းလိုတာက ပြောတာနဲ့ နားထောင်တာ အဓိကခင်ဗျ။ အင်္ဂလိပ်စာသင်တဲ့ဆရာမကိုယ်တိုင် အင်္ဂလိပ်လိုမပြောတော့ ခက်တာပေါ့။ english စာ စာမေးပွဲမှာ နုတ်ဖြေပါထည့်သင့်တယ်

ပညာရေးမှာ အဓိကသင်ရမှာက အတွေးအခေါ်၊ အသိပညာ အတတ်ပညာ နဲ့ ဘာသာစကားဖြစ်ပါတယ်။
နိုင်ငံရဲ့အနေအထား နဲ့ ခေတ်ရဲ့အနေအထားအရ အခြေခံပညာကစပြီး သင်ရမယ့် ဘာသာစကားတစ်ခုက တရုတ်ဘာသာစကားနဲ့ တရုတ်နိုင်ငံအကြောင်းပါ။ သူတို့အကြောင်းသိပြီး သူတို့စကားပြောတတ်မှ သူတို့ထက်သာအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။လူတွေကိုပြင်ဖို့က ဆရာဆရာမတွေကိုလဲ လေ့ကျင့်သင်ကြားပေးရပါမယ်။

ဥပမာ

မြန်မာစာသင်မယ့်ဆရာ ဆရာမကို စာရေးဆရာကြီးတွေက training ပေးရပါမယ်။ အင်္ဂလိပ်စာကို နိုင်ငံခြားသား အကူအညီနဲ့ training ယူရပါမယ်။အလွတ်ကျက် ပြန်ဖြေစနစ်ကနေ သင် တွေးခေါ် ပြန်ဖြေ စနစ်ကို ပြောင်းမှ တိုးတက်မှာ ဖြစ်ပါတယ်။စာသင်ချိန်ထဲမှာကလေးတွေ ဝါသနာပါရာ အသက်မွေးဝမ်းကျောင်း ပညာတွေကိုလဲ အချိန်တစ်ချိန်ပေးပြီး သင်ပေးသင့်ပါတယ်။ အင်ဂျင်နီယာဝါသနာပါတဲ့သူတွေအတွက် အခြေခံ လက်သမား ပန်းရံ အုတ်စီဗဟုသုတလိုမျိုး သစ်သားတွေအကြောင်းလိုမျိုး သင်သင့်ပါတယ်။

ပညာရေးမှာ အဓိကသင်ရမှာက အတွေးအခေါ်၊ အသိပညာ အတတ်ပညာ နဲ့ ဘာသာစကားဖြစ်ပါတယ်။
အချုပ်အလုပ်ဝါသနာပါတဲ့ သူတွေအတွက် အခြေခံစက်ချုပ်နည်းတွေကို သင်ရပါမယ်။ ပန်းချီဆရာလုပ်ချင်တဲ့သူတွေအတွက် ပန်းချီသင်ပေးရပါမယ်။ဒါတွေက သူတို့အရွယ်မှာ တတ်အောင်သင်ဖို့မလိုပါဘူး။ သိရင်ရပါပြီ။ ဒါတွေကို သင်ပြရင်း သူတို့ဝါသနာပါရာကိုလဲ ရွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ဆေးကုသတာ ဝါသနာမပါပဲ ဆေးကျောင်းရောက်သွားရင် ဆရာဝန်မဖြစ်ပဲ အဆိုတော်ဖြစ်သွားပါလိမ့်မယ်။ အဲ့ဒီအခါမှာ နိုင်ငံတော်က ဆရာဝန်တစ်ယောက် ဆုံးရှုံးပါတယ်။ကာယချိန် မှာ မြက်နုတ်ခိုင်းနေသရွေ့ ကျောင်း မှာ ကစားကွင်းမရှိသရွေ့ မြန်မာ့အားကစား ကမ္ဘာကိုမလွှမ်းနိုင်ပါဘူး။ယနေ့ နာမည်ကြီးနေတဲ့ sex education နဲ့ပက်သက်ပြီး ပြောရရင် သင်ပေးသင့်ပါတယ်ခင်ဗျာ။ သင်ရိုးထဲမထည့်ပဲ ဗဟုသုတအနေနဲ့အချိန်တစ်ချိန်ပေးကာသင်ရပါမယ်။ ယောက်ျားလေး ကို အမျိုးသားဆရာ မိန်းကလေးကို အမျိုးသမီးဆရာမ သီးသန့်နေရာခွဲကာ သင်ပေးသင့် ပါတယ် ။ သင်တဲ့နေရာမှာ ဆရာဆရာမရဲ့ လိမ္မာပါးနပ်မှုရှိဖို့ အထူးလိုအပ်ပါတယ်။ကဲပြောတာလဲများသွားပြီဆိုတော့ နောက်နေ့မှ ဆက်ပြောကြတာပေါ့ဗျာ။

Credit PyiSoeOo(Mandalay)

Leave a Comment