“ညီမျဖစ္သူက ႏွိပ္စက္တာကိုခံေနရတဲ႔ (၈၂)ႏွစ္အရြယ္ အျငိမ္းစား ေက်ာင္းဆရာမၾကီးကို ကယ္တင္လိုက္ပါျပီ”

ယေန႔ ( 20 .5.2020 ), Fb လူမႈ႕ကြန္ယက္၌ပ်ံ႕ႏွံ႔ေနေသာ ေအာင္ပန္းၿမိဳ႕ မဂ္လာရပ္ကြက္တြင္ေနထိုင္လွ်က္ရွိသည့္ အၿငိမ္းစားေက်ာင္းအုပ္ဆရာမႀကီးအား ညီမအရင္းျဖစ္သူမွ ႏွိပ္စက္ညႇင္းပမ္းျခင္း ေခါင္းစဥ္ျဖင့္ , သတင္းမ်ားေၾကာင့္ က်မတို႔ ေအာင္ပန္းၿမိဳ႕ အသင္းခြဲမွ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္း ႏွင့္ အမ်ီဳးသမီးေရးရာအဖြဲ႕တို႔မွ သြားေရာက္ေတြ႕ဆုံ ေဆြးေႏြးေမးျမန္းခဲ့ၾကပါသည္ ။ယခုအခါတြင္ ဆရာမႀကီးသည္ အသက္ ( ၈၂ ) ႏွစ္ ရွိၿပီျဖစ္ၿပီး၊ က်န္းမာေရးေကာင္းမြန္သည္ ၊ သတိေကာင္းစြာရွိသည္၊ မွတ္ဥာဏ္မ်ားမခ်ိဳ႕ယြင္းေသးပါ ။

စာကိုေကာင္းစြာဖတ္ႏိုင္၍ အျမင္မႈန္ဝါးျခင္းမရွိ ။လမ္းေလွ်ာက္ရာတြင္ လူတြဲေဖးကူ မစရာမလို၊ က်င္ႀကီးက်င္ငယ္ အား ကိုယ္တိုင္စြန္႔ႏိုင္သူျဖစ္ေနေသးေၾကာင္းဝမ္းေျမာက္စြာသိရွိေတြ႕ ျမင္ခဲ့ရပါသည္။ဆရာမႀကီး၏ က်န္ရွိေနသည့္လက္က်န္အခ်ိန္အတြက္ အေကာင္းဆုံးႏွင့္အဆင္ေျပဆုံး ျဖစ္ေစရန္ ကူညီေထာက္ပံ့ေပးရန္ရည္႐ြယ္ပါေၾကာင္း/ လက္ရွိ အုပ္ထိန္းေနသည့္ညီမျဖစ္သူကို မိမိတို႔၏ သေဘာဆႏၵအား ပြင့္ပြင့္လင္းလင္းေျပာေစလိုေၾကာင္း ေျပာၾကားရာတြင္ အိမ္ရွင္ညီမျဖစ္သူက မိမိသည္က်န္းမာေရးမေကာင္းပါေၾကာင္းမိသားစုစားဝတ္ေနေရးအတြက္လဲ တဖက္မွ႐ုန္းကန္ေနရပါ၍ ေရရွည္အတြက္ဆိုလွ်င္ အဆင္ေျပမည္မဟုတ္ပါေၾကာင္း က်မတို႔အဖြဲ႕ မွကူညီေပးမည့္ ဘိုးဘြားရိပ္သာ သက္ႀကီး႐ြယ္အိုေစာင့္ေရွာက္ေရး ဌာနသို႔ ပို႔ ေဆာင္ခ်င္ပါသည္ဟု ေျပာၾကားလာပါသည္။

ဆက္လက္၍အၿငိမ္းစားေက်ာင္းအုပ္ဆရာမႀကီးအား က်မတို႔အဖြဲ႕ မွ က်န္းမာေရး၊ စားဝတ္ေနေရး ၊က်န္ရွိေနသည့္ ဘဝေနေရးတြင္ တရားဘာဝနာ မ်ားက်င့္ႀကံ ပြားမ်ား အားထုတ္ႏိုင္ေစေရးအတြက္ ရည္႐ြယ္၍ ဘိုးဘြားရိပ္သာသို႔ ပို႔ေဆာင္ေပးမည္ဟုေျပာၾကားရာ ဆရာမႀကီးမွမိသားစုႏွင့္တိုင္ပင္ၿပီးလွ်င္အေၾကာင္းျပန္မည္ျဖစ္ေၾကာင္း သိရွိခဲ့ရပါသည္။ဆရာမႀကီးမွသြားမည္ဟု အေျဖသိရသည္ႏွင့္ က်မတို႔ေအာင္ပန္းၿမိဳ႕မွ ရပ္မိရပ္ဖမ်ား ၿမိဳ႕ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕ ၊ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ၊ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းႏွင့္ အမ်ိဳးသမီးေရးရာ အဖြဲ႕ တို႔မွဦးေဆာင္လွ်က္ ပရဟိတလူမႈ႕ ကူညီမႈ႕ အသင္းအဖြဲ႕ မ်ား တို႔ ႏွင့္ စုေပါင္းတိုင္ပင္ ၍အေကာင္းဆုံး စီစဥ္ေဆာင္႐ြက္ၾကပါမည္ရွင့္ (ေတြ႕ဆုံမႈ႕ မွတ္တမ္းဓါတ္ပုံမ်ားႏွင့္အတူတင္ျပအပ္ပါသည္)

Credit to Original

UNICODE

ယနေ့ ( 20 .5.2020 ), Fb လူမှု့ကွန်ယက်၌ပျံ့နှံ့နေသော အောင်ပန်းမြို့ မဂ်လာရပ်ကွက်တွင်နေထိုင်လျှက်ရှိသည့် အငြိမ်းစားကျောင်းအုပ်ဆရာမကြီးအား ညီမအရင်းဖြစ်သူမှ နှိပ်စက်ညှင်းပမ်းခြင်း ခေါင်းစဉ်ဖြင့် , သတင်းများကြောင့် ကျမတို့ အောင်ပန်းမြို့ အသင်းခွဲမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှင့် အမျီုးသမီးရေးရာအဖွဲ့တို့မှ သွားရောက်တွေ့ဆုံ ဆွေးနွေးမေးမြန်းခဲ့ကြပါသည် ။ယခုအခါတွင် ဆရာမကြီးသည် အသက် ( ၈၂ ) နှစ် ရှိပြီဖြစ်ပြီး၊ ကျန်းမာရေးကောင်းမွန်သည် ၊ သတိကောင်းစွာရှိသည်၊ မှတ်ဉာဏ်များမချို့ယွင်းသေးပါ ။

စာကိုကောင်းစွာဖတ်နိုင်၍ အမြင်မှုန်ဝါးခြင်းမရှိ ။လမ်းလျှောက်ရာတွင် လူတွဲဖေးကူ မစရာမလို၊ ကျင်ကြီးကျင်ငယ် အား ကိုယ်တိုင်စွန့်နိုင်သူဖြစ်နေသေးကြောင်းဝမ်းမြောက်စွာသိရှိတွေ့ မြင်ခဲ့ရပါသည်။ဆရာမကြီး၏ ကျန်ရှိနေသည့်လက်ကျန်အချိန်အတွက် အကောင်းဆုံးနှင့်အဆင်ပြေဆုံး ဖြစ်စေရန် ကူညီထောက်ပံ့ပေးရန်ရည်ရွယ်ပါကြောင်း/ လက်ရှိ အုပ်ထိန်းနေသည့်ညီမဖြစ်သူကို မိမိတို့၏ သဘောဆန္ဒအား ပွင့်ပွင့်လင်းလင်းပြောစေလိုကြောင်း ပြောကြားရာတွင် အိမ်ရှင်ညီမဖြစ်သူက မိမိသည်ကျန်းမာရေးမကောင်းပါကြောင်းမိသားစုစားဝတ်နေရေးအတွက်လဲ တဖက်မှရုန်းကန်နေရပါ၍ ရေရှည်အတွက်ဆိုလျှင် အဆင်ပြေမည်မဟုတ်ပါကြောင်း ကျမတို့အဖွဲ့ မှကူညီပေးမည့် ဘိုးဘွားရိပ်သာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဌာနသို့ ပို့ ဆောင်ချင်ပါသည်ဟု ပြောကြားလာပါသည်။

ဆက်လက်၍အငြိမ်းစားကျောင်းအုပ်ဆရာမကြီးအား ကျမတို့အဖွဲ့ မှ ကျန်းမာရေး၊ စားဝတ်နေရေး ၊ကျန်ရှိနေသည့် ဘဝနေရေးတွင် တရားဘာဝနာ များကျင့်ကြံ ပွားများ အားထုတ်နိုင်စေရေးအတွက် ရည်ရွယ်၍ ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးမည်ဟုပြောကြားရာ ဆရာမကြီးမှမိသားစုနှင့်တိုင်ပင်ပြီးလျှင်အကြောင်းပြန်မည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ဆရာမကြီးမှသွားမည်ဟု အဖြေသိရသည်နှင့် ကျမတို့အောင်ပန်းမြို့မှ ရပ်မိရပ်ဖများ မြို့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ၊ မြို့အုပ်ချုပ်ရေးမှူး ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ တို့မှဦးဆောင်လျှက် ပရဟိတလူမှု့ ကူညီမှု့ အသင်းအဖွဲ့ များ တို့ နှင့် စုပေါင်းတိုင်ပင် ၍အကောင်းဆုံး စီစဉ်ဆောင်ရွက်ကြပါမည်ရှင့် (တွေ့ဆုံမှု့ မှတ်တမ်းဓါတ်ပုံများနှင့်အတူတင်ပြအပ်ပါသည်)

Credit to Original

Leave a Comment