ဒုတိယအသုတ္အျဖစ္ မေလးရွားတြင္ ပိတ္မိေနသည့္ ျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ ရန္ကုန္ကို ျပန္လည္ေရာက္ရွိ

မေလးရွားႏိုင္ငံမွာ အခက္အခဲႀကဳံေတြ႕ေနရတဲ့ ျမန္မာႏိုင္ငံသား ၁၀၇ ဦးကို ဒုတိယအသုတ္အျဖစ္ ျမန္မာႏိုင္ငံသို႔ မေန႔က ျပန္လည္ေခၚေဆာင္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ပါတယ္။

ႏိုင္ငံတကာခရီးသည္တင္ေလယာဥ္ေတြ ပ်ံသန္းမႈယာယီရပ္ဆိုင္းထားလို႔ မေလးရွားမွာ အခက္အခဲႀကဳံေတြ႕ေနရတဲ့ ျမန္မာႏိုင္ငံသား ၁၀၇ ဦးကို ျမန္မာအျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္း (MAI) ကယ္ဆယ္ေရးေလယာဥ္နဲ႔ ဒုတိယအသုတ္အျဖစ္ ျပန္လည္ ေခၚေဆာင္ခဲ့ရာ ေမလ ၂၀ ရက္ညေနက ရန္ကုန္ေလဆိပ္ကို ျပန္ေရာက္တယ္လို႔ ဆိုပါတယ္။

ျပန္ေရာက္လာသူေတြကို ရန္ကုန္ၿမိဳ႕ရွိ သီးျခားသတ္မွတ္ေပးထားတဲ့ေနရာ သို႔မဟုတ္ သတ္မွတ္ဟိုတယ္ေတြမွာ ၂၁ ရက္တာ အသြားအလာ ကန႔္သတ္ထားရွိမွာျဖစ္ပါတယ္။ခုရက္ပိုင္းအတြင္း မေလးရွားႏိုင္ငံနဲ႔ ယူေအအီးႏိုင္ငံကေန ျပန္လည္ေရာက္ရွိလာသူ တခ်ိဳ႕မွာ COVID-19 ေရာဂါပိုး အတည္ျပဳလူနာေတြ ဆက္တိုက္ေတြ႕ရွိေနတာျဖစ္ပါတယ္။

Credit DVB

UNICODE

မလေးရှားနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံသို့ မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်းထားလို့ မလေးရှားမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်နဲ့ ဒုတိယအသုတ်အဖြစ် ပြန်လည် ခေါ်ဆောင်ခဲ့ရာ မေလ ၂၀ ရက်ညနေက ရန်ကုန်လေဆိပ်ကို ပြန်ရောက်တယ်လို့ ဆိုပါတယ်။

ပြန်ရောက်လာသူတွေကို ရန်ကုန်မြို့ရှိ သီးခြားသတ်မှတ်ပေးထားတဲ့နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်တွေမှာ ၂၁ ရက်တာ အသွားအလာ ကန့်သတ်ထားရှိမှာဖြစ်ပါတယ်။ခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံနဲ့ ယူအေအီးနိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူ တချို့မှာ COVID-19 ရောဂါပိုး အတည်ပြုလူနာတွေ ဆက်တိုက်တွေ့ရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ- MOFA

Leave a Comment