ဇနီးအတြက္ တန္ဖိုးရွိတဲ့ ေမြးေန႔ဆုေတာင္းစကားဆိုလိုက္တဲ့ လူမင္း

ေပ်ာ္ေပ်ာ္ေနေစခ်င္တယ္လို႔လည္း သူက ေျပာပါတယ္။လူမင္းကေတာ့ ခ်စ္ရတဲ့ဇနီးေခ်ာ ခင္စံပယ္ဦးအတြက္ ေမြးေန႔ ဆုေတာင္းစကားေတြေျပာလာပါတယ္။သ႐ုပ္ေဆာင္ လူမင္းကေတာ့ ဒီေန႔ ေမလ(၂၁) ရက္ေန႔မွာ က်ေရာက္တဲ့ ဇနီးျဖစ္သူ ခင္စံပယ္ဦးရဲ႕ ေမြးေန႔အတြက္ ဆုေတာင္းစကားေလးေတြေျပာလာပါတယ္။ ဇနီးေခ်ာေလးကိုလည္း အၿမဲတမ္း ေပ်ာ္႐ႊင္ေနတာပဲ ျမင္ခ်င္တဲ့ သူ႔ရဲ႕ ဆႏၵကိုလည္း ေျပာျပခဲ့ပါေသးတယ္။

“(21. 5. 2020) Happy 36th Birthday ေပ်ာ္႐ႊင္ဖြယ္ေမြးေန႔ေလးျဖစ္ပါေစ ခ်စ္။ေမြးေန႔ဆုေတာင္းကို သူမ်ားနဲ႔မတူေအာင္ ၊ကဗ်ာဆန္ေအာင္ ၊မ႐ို ႐ို ေအာင္ဘယ္လိုဘဲစဥ္းစား စဥ္းစားေနာက္ဆုံး ေတာ့ အ႐ိုးဆုံးက တန္ဖိုးအရွိဆုံးပါဘဲ၊ ၿပီးေတာ့ အသက္ရလာတာနဲ႔အမွ် ေပ်ာ္႐ႊင္မႈဆိုတာ ဆိုတာ နည္းနည္း လာသလားလို႔ေလ ၊ရင့္က်က္ရတာေတြ ၊ ေရာင့္ရဲရတာေတြ ကမ်ားလာရတယ္မဟုတ္လား ၊အပူအပင္ကင္းတဲ့ ကေလးဘဝကလို ဟက္ဟက္ပက္ပက္ အေပ်ာ္မ်ိဳး ခုေန ရွာမွရွား ၊ ခ်စ္ ကို ေပ်ာ္ေစခ်င္တာ ၊ ေပ်ာ္ေအာင္ေနပါ ၊ အေပၚမွာ အသက္ကိုေရးလိုက္တာစိတ္မဆိုးနဲ႔ေနာ္။ မိန္းမက ႏုဖတ္အုအက္ ေနေတာ့ အသက္ေမ့ေနမစိုးလို႔ ” ဆိုၿပီးေတာ့ ေမလ ၂၁ ရက္ေန႔ မနက္ ၁ နာရီက ဧရာဝတီလူမင္း အေကာင့္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဇနီးေခ်ာေလးရဲ႕ေမြးေန႔ကိုေတာ့ Surprise ေတာင္ မလုပ္ေပးႏိုင္ေတာ့ဘူးလို႔ လူမင္းက ဆိုပါတယ္။ ၂၀၁၉ ခုႏွစ္မွာ က်ေရာက္ခဲ့တဲ့ ခင္စံပယ္ဦးရဲ႕ ေမြးေန႔မွာ လူမင္းက ေသြး အလႉကုသိုလ္ျပဳေပးခဲ့တာျဖစ္ပါတယ္။ ေမြးေန႔လက္ေဆာင္ စပ႐ိုက္ မတိုက္ေတာ့ဘူးေနာ္။ အားလုံးကမိန္းမလက္ထဲမွာ။ တကယ္ေတာ့ လူ႔ဘဝဆိုတာ ရခဲ့ေပမယ့္ ရလာေတာ့လည္း တိုတိုေလး ပါ ၊ သမီးေလးနဲ႔ သားေလးနဲ႔ ေယာက္်ားတို႔မိသားစု။ ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ ေနသြားၾကရေအာင္ေနာ္” ဆိုၿပီးေတာ့လည္း ဆက္လက္ ေရးသားထားတာ ေတြ႕ရပါတယ္။

လူမင္းနဲ႔ ခင္စံပယ္ဦးတို႔ဟာ ၂၀၀၄ ခုႏွစ္က လက္ထပ္ထိမ္းျမားခဲ့တာျဖစ္ပါတယ္။ အသက္အ႐ြယ္အားျဖင့္ ခင္စံပယ္ဦးက ၁၄ ႏွစ္ငယ္တယ္လို႔လည္း လူမင္းက မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ဖူးပါတယ္။ အခုဆိုရင္ေတာ့ သူတို႔ရဲ႕ မဂၤလာသက္တမ္းဟာ (၁၆) ႏွစ္ရွိၿပီျဖစ္ပါတယ္။ သမီးေလး ဧရာဝတီလူမင္းနဲ႔ သားေလး ဧဝရတ္ လူမင္းတို႔ကို ပိုင္ဆိုင္ထားၿပီး ေပ်ာ္စရာေကာင္းတဲ့ မိသားစု ဘဝေလးကို ပိုင္ဆိုင္ထားသူေတြ ျဖစ္ပါတယ္ လူမင္းဟာ အႏုပညာအလုပ္ေတြလည္း တစိုက္မတ္မတ္ ေဆာင္႐ြက္ေနတာ ျဖစ္သလို မိသားစုနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေနထိုင္ရင္းနဲ႔ ကိုယ္ပိုင္စီးပြားေရးအလုပ္ေတြမွာလည္း ဦးေဆာင္ေနရသူ တစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ကိုယ္တိုင္ ဒါ႐ိုက္တာတစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ႐ိုက္ကူးထားတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ သ႐ုပ္ေဆာင္ အျဖစ္နဲ႔လည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးေနရသူ တစ္ေယာက္ပါ။

ထပ္ဆင့္အကယ္ဒမီ လူမင္းဟာ၂၀၁၃ ဇြန္လက စတင္ကာ ၂၀၁၇ခုႏွစ္အထိ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ဥကၠဌအျဖစ္ ေလးႏွစ္ေက်ာ္ ထမ္းေဆာင္ခဲ့ သူတစ္ဦးျဖစ္ပါတယ္။ လူမင္းဟာ ၂၀၀၂ခုႏွစ္မွာ ေ႐ႊမႈံႀကဲတဲ့မိုးေကာင္ကင္ ႐ုပ္ရွင္ဇာတ္ကားမွာ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆု၊ ၂၀၀၅ခုႏွစ္မွာေတာ့ က်န္စစ္မင္းနဲ႔ အကယ္ဒမီရရွိခဲ့ ၿပီး၂၀၁၆ခုႏွစ္မွာေတာ့ လူမင္းက ပေရာ္ဖက္ဆာေဒါက္တာဆိတ္ဖြားႏွင့္ၿမိဳင္ရာဇာတာေတ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ပို႔ ဆုကို ရရွိခဲ့ပါေသးတယ္။ ၂၀၁၈ ခုႏွစ္အတြက္ Star Awards ဆုေပးပြဲမွာေတာ့ Actor In A Supporting Role Awardဆုကို ငယ္ကြၽန္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

Credit CeleYatkwat

UNICODE

ပျော်ပျော်နေစေချင်တယ်လို့လည်း သူက ပြောပါတယ်။လူမင်းကတော့ ချစ်ရတဲ့ဇနီးချော ခင်စံပယ်ဦးအတွက် မွေးနေ့ ဆုတောင်းစကားတွေပြောလာပါတယ်။သရုပ်ဆောင် လူမင်းကတော့ ဒီနေ့ မေလ(၂၁) ရက်နေ့မှာ ကျရောက်တဲ့ ဇနီးဖြစ်သူ ခင်စံပယ်ဦးရဲ့ မွေးနေ့အတွက် ဆုတောင်းစကားလေးတွေပြောလာပါတယ်။ ဇနီးချောလေးကိုလည်း အမြဲတမ်း ပျော်ရွှင်နေတာပဲ မြင်ချင်တဲ့ သူ့ရဲ့ ဆန္ဒကိုလည်း ပြောပြခဲ့ပါသေးတယ်။

“(21. 5. 2020) Happy 36th Birthday ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ချစ်။မွေးနေ့ဆုတောင်းကို သူများနဲ့မတူအောင် ၊ကဗျာဆန်အောင် ၊မရို ရို အောင်ဘယ်လိုဘဲစဉ်းစား စဉ်းစားနောက်ဆုံး တော့ အရိုးဆုံးက တန်ဖိုးအရှိဆုံးပါဘဲ၊ ပြီးတော့ အသက်ရလာတာနဲ့အမျှ ပျော်ရွှင်မှုဆိုတာ ဆိုတာ နည်းနည်း လာသလားလို့လေ ၊ရင့်ကျက်ရတာတွေ ၊ ရောင့်ရဲရတာတွေ ကများလာရတယ်မဟုတ်လား ၊အပူအပင်ကင်းတဲ့ ကလေးဘဝကလို ဟက်ဟက်ပက်ပက် အပျော်မျိုး ခုနေ ရှာမှရှား ၊ ချစ် ကို ပျော်စေချင်တာ ၊ ပျော်အောင်နေပါ ၊ အပေါ်မှာ အသက်ကိုရေးလိုက်တာစိတ်မဆိုးနဲ့နော်။ မိန်းမက နုဖတ်အုအက် နေတော့ အသက်မေ့နေမစိုးလို့ ” ဆိုပြီးတော့ မေလ ၂၁ ရက်နေ့ မနက် ၁ နာရီက ဧရာဝတီလူမင်း အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဇနီးချောလေးရဲ့မွေးနေ့ကိုတော့ Surprise တောင် မလုပ်ပေးနိုင်တော့ဘူးလို့ လူမင်းက ဆိုပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ ခင်စံပယ်ဦးရဲ့ မွေးနေ့မှာ လူမင်းက သွေး အလှူကုသိုလ်ပြုပေးခဲ့တာဖြစ်ပါတယ်။ မွေးနေ့လက်ဆောင် စပရိုက် မတိုက်တော့ဘူးနော်။ အားလုံးကမိန်းမလက်ထဲမှာ။ တကယ်တော့ လူ့ဘဝဆိုတာ ရခဲ့ပေမယ့် ရလာတော့လည်း တိုတိုလေး ပါ ၊ သမီးလေးနဲ့ သားလေးနဲ့ ယောက်ျားတို့မိသားစု။ ပျော်ပျော် ရွှင်ရွှင် နေသွားကြရအောင်နော်” ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။

လူမင်းနဲ့ ခင်စံပယ်ဦးတို့ဟာ ၂၀၀၄ ခုနှစ်က လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် ခင်စံပယ်ဦးက ၁၄ နှစ်ငယ်တယ်လို့လည်း လူမင်းက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ မင်္ဂလာသက်တမ်းဟာ (၁၆) နှစ်ရှိပြီဖြစ်ပါတယ်။ သမီးလေး ဧရာဝတီလူမင်းနဲ့ သားလေး ဧဝရတ် လူမင်းတို့ကို ပိုင်ဆိုင်ထားပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ် လူမင်းဟာ အနုပညာအလုပ်တွေလည်း တစိုက်မတ်မတ် ဆောင်ရွက်နေတာ ဖြစ်သလို မိသားစုနဲ့ ပျော်ပျော်ပါးပါး နေထိုင်ရင်းနဲ့ ကိုယ်ပိုင်စီးပွားရေးအလုပ်တွေမှာလည်း ဦးဆောင်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကိုယ်တိုင် ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် သရုပ်ဆောင် အဖြစ်နဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူ တစ်ယောက်ပါ။

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

Credit CeleYatkwat

Leave a Comment