ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္ရန္ စာရင္းေပးထားသူ သုံးေသာင္းေက်ာ္ရွိ

ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္ဖို႔ သံ႐ုံးကို အြန္လိုင္းကေနတဆင့္ စာရင္းေပးထားသူဦးေရ သုံးေသာင္းေက်ာ္ရွိတယ္လို႔ျမဝတီခ႐ိုင္ အုပ္ခ်ဳပ္ေရးမႈး ဦးေတဇာေအာင္က ေျပာပါတယ္။စာရင္းေပးသြင္းထားသူေတြအနက္ တစ္ေန႔ကို လူဦးေရ ၂၀၀ခန႔္ ျပန္ခြင့္ျပဳမွာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ထိုင္းႏိုင္ငံက ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းအတိုင္း သြားလာႏိုင္မႈအေပၚ မူတည္ၿပီး သြားလာခြင့္အေရအတြက္ကို တိုးျမႇင့္သြားမယ္လို႔ သိရပါတယ္။

“လက္ရွိဝင္လာမည့္သူက တစ္ေန႔ကို ၂၀၀ေလာက္ရွိတာေပါ့ အားလုံး ျပန္လာခ်င္တယ္လို႔ အဆိုျပဳထားတာကေတာ့ သုံးေသာင္းေလာက္ ရွိပါတယ္ခင္ဗ်ာ သူတို႔အဆိုျပဳတဲ့ရက္အလိုက္ ရွိတယ္ ၁ရက္ေန႔ ျပန္ခ်င္တယ္ ၂ရက္ေန႔ျပန္ခ်င္တယ္ ရွိတယ္ ေစာတဲ့သူကို အရင္စေခၚတာေပါ့”ဟု ဦးေတဇာေအာင္က ေျပာသည္။

ထိုင္းႏိုင္ငံမွာ ခ႐ိုင္တစ္ခုနဲ႔ တစ္ခု မျဖတ္ေက်ာ္ရ အမိန႔္ ထုတ္ျပန္ထားတာေၾကာင့္ ထိုင္းႏိုင္ငံအႏွံ႔မွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာေတြအေနနဲ႔ ေနရပ္ျပန္ဖို႔ နယ္စပ္ဂိတ္ေရာက္ဖို႔ အခက္အခဲႀကဳံခဲ့ရပါတယ္။ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္နဲ႔ ထိုင္းေရာက္ျမန္မာေတြ ေနရပ္ျပန္တဲ့အခါ ခ႐ိုင္ျဖတ္ေက်ာ္ခြင့္ သေတာတူညီခ်က္ရရွိတဲ့ ေမလ ၁၈ရက္ေန႔က စတင္ၿပီး ထိုင္းႏိုင္ငံအေျခစိုက္ ျမန္မာသံ႐ုံးကေန ေနရပ္ျပန္မယ့္သူေတြကို online ကတဆင့္ စာရင္းေပးသြင္းေစခဲ့တာ ျဖစ္ပါတယ္။

မိမိအစီအစဥ္ျဖင့္ ျပန္မည့္သူေတြကလြဲၿပီး စာရင္းေပးသြင္းထားသူေတြအနက္ ကားခေပးေခ်ထားၿပီး အခ်က္အလက္ျပည့္စုံသူေတြကို ေ႐ြးခ်ယ္ကာ ေမလ ၂၂ရက္ေန႔ကစတင္ကာ သံ႐ုံးအစီအစဥ္နဲ႔ ဘန္ေကာက္ၿမိဳ႕၊ ေမာ္ခ်စ္ ကားဂိတ္မွတဆင့္ နယ္စပ္ဂိတ္ေတြကို ျပန္လည္ပို႔ေဆာင္ေပးသြားမယ္လို႔ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕အေျခစိုက္ ျမန္မာသံ႐ုံးက သိရပါတယ္။ျပန္လည္ဝင္ေရာက္လာမည့္ ျပည္ေတာ္ျပန္ေတြကိုလည္း ကြာလတင္းထားရွိဖို႔အတြက္ ျမဝတီခ႐ိုင္၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္တို႔မွာ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Credit mizzimaburmese

UNICODE 

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ဖို့ သံရုံးကို အွန်လိုင်းကနေတဆင့် စာရင်းပေးထားသူဦးရေ သုံးသောင်းကျော်ရှိတယ်လို့မြဝတီခရိုင် အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်က ပြောပါတယ်။စာရင်းပေးသွင်းထားသူတွေအနက် တစ်နေ့ကို လူဦးရေ ၂၀၀ခန့် ပြန်ခွင့်ပြုမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သွားလာနိုင်မှုအပေါ် မူတည်ပြီး သွားလာခွင့်အရေအတွက်ကို တိုးမြှင့်သွားမယ်လို့ သိရပါတယ်။

“လက်ရှိဝင်လာမည့်သူက တစ်နေ့ကို ၂၀၀လောက်ရှိတာပေါ့ အားလုံး ပြန်လာချင်တယ်လို့ အဆိုပြုထားတာကတော့ သုံးသောင်းလောက် ရှိပါတယ်ခင်ဗျာ သူတို့အဆိုပြုတဲ့ရက်အလိုက် ရှိတယ် ၁ရက်နေ့ ပြန်ချင်တယ် ၂ရက်နေ့ပြန်ချင်တယ် ရှိတယ် စောတဲ့သူကို အရင်စခေါ်တာပေါ့”ဟု ဦးတေဇာအောင်က ပြောသည်။

ထိုင်းနိုင်ငံမှာ ခရိုင်တစ်ခုနဲ့ တစ်ခု မဖြတ်ကျော်ရ အမိန့် ထုတ်ပြန်ထားတာကြောင့် ထိုင်းနိုင်ငံအနှံ့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေအနေနဲ့ နေရပ်ပြန်ဖို့ နယ်စပ်ဂိတ်ရောက်ဖို့ အခက်အခဲကြုံခဲ့ရပါတယ်။ နှစ်နိုင်ငံသဘောတူညီချက်နဲ့ ထိုင်းရောက်မြန်မာတွေ နေရပ်ပြန်တဲ့အခါ ခရိုင်ဖြတ်ကျော်ခွင့် သတောတူညီချက်ရရှိတဲ့ မေလ ၁၈ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးကနေ နေရပ်ပြန်မယ့်သူတွေကို online ကတဆင့် စာရင်းပေးသွင်းစေခဲ့တာ ဖြစ်ပါတယ်။

မိမိအစီအစဉ်ဖြင့် ပြန်မည့်သူတွေကလွဲပြီး စာရင်းပေးသွင်းထားသူတွေအနက် ကားခပေးချေထားပြီး အချက်အလက်ပြည့်စုံသူတွေကို ရွေးချယ်ကာ မေလ ၂၂ရက်နေ့ကစတင်ကာ သံရုံးအစီအစဉ်နဲ့ ဘန်ကောက်မြို့၊ မော်ချစ် ကားဂိတ်မှတဆင့် နယ်စပ်ဂိတ်တွေကို ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက သိရပါတယ်။ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန်တွေကိုလည်း ကွာလတင်းထားရှိဖို့အတွက် မြဝတီခရိုင်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ စီစဉ်ထားတယ်လို့ သိရပါတယ်။

Credit mizzimaburmese

Leave a Comment