ကမာၻ႔အသက္အႀကီးဆုံး Video Game Youtuberအျဖစ္စံခ်ိန္တင္ခဲ့တဲ့အသက္ ၉၀ အ႐ြယ္ဂ်ပန္အဘြားမိုရီ

အခုေခတ္မွာ အရင္ထက္ ဗီဒီယိုဂိမ္းေတြ၊ မိုဘိုင္းဂိမ္းေတြ ေဆာ့လာၾကပါတယ္။ ဂိမ္းေဆာ့တဲ့သူေတြဟာ ကေလးလူႀကီးမေ႐ြးရွိေပမဲ့ အေတာ္မ်ားမ်ားကေတာ့ လူငယ္ေတြပါပဲ။ ဒါေပမဲ့ အသက္ ၉၀ အ႐ြယ္ အဘြား တစ္ေယာက္က ဂိမ္းကို စြဲစြဲၿမဲၿမဲ ေဆာ့တယ္ဆိုရင္ေတာ့ အထူးအဆန္းျဖစ္ေနမွာပါ။Gamer Grandma လို႔ ခ်စ္စႏိုးေခၚၾကတဲ့ Mori Hamako ကေတာ့ အသက္ ၉၀ အ႐ြယ္ ေရာက္ေနေပမဲ့ အမွန္အကန္ဂိမ္းကစားသူ တစ္ေယာက္ပါ။ လက္ရွိမွာေတာ့ အဘြားမိုရီဟာ ကမာၻ႔အသက္အႀကီးဆုံး Gaming Youtuber အျဖစ္လည္း Guinness စံခ်ိန္တင္ထားပါတယ္။ အဘြားမိုရီကို ၁၉၃၀ ျပည့္ႏွစ္၊ ေဖေဖၚဝါရီလက ဂ်ပန္ႏိုင္ငံမွာ ေမြးဖြားခဲ့ပါတယ္။

အဘြားအိုဟာ ၁၉၈၁ ခုႏွစ္ေလာက္ကတည္းကေန အခုခ်ိန္အထိ ဂိမ္းကစားလာတာျဖစ္ၿပီး ဂိမ္းကစားတဲ့ သက္တမ္းဟာ ၃၉ ႏွစ္ေလာက္ ရွိလာ ပါၿပီ။ သူမဟာ ကေလးေတြကစားေနတာကို ျမင္ၿပီးတဲ့ေနာက္မွာ စိတ္ဝင္ စားၿပီး ကစားၾကည့္ရင္းကေန အခုလို အစဥ္တစိုက္ဂိမ္းေဆာ့ျဖစ္ခဲ့တာ ျဖစ္ပါတယ္။“ၾကည့္ရတာ အရမ္းေပ်ာ္စရာေကာင္းတယ္။ ကေလးေတြပဲေဆာ့ရမယ္ဆိုတာေတာ့ မတရားဘူးလို႔ ကြၽန္မ ေတြးမိတယ္။ ေဆာ့တတ္သြားရင္ ပိုေပ်ာ္စရာေကာင္းမယ္လို႔လည္း ထင္တယ္။ အဲဒါနဲ႔စေဆာ့ျဖစ္တာပဲ။ စစခ်င္းေတာ့ ဘယ္သူမွမၾကည့္ၾကဘူး” လို႔လည္း အဘြားအိုက ဆိုပါတယ္။ဂင္းနစ္ကမာၻ႔မွတ္တမ္းမွာ ေဖာ္ျပခ်က္အရဆိုရင္ သူမ ပထမဆုံးပိုင္ဆိုင္ခဲ့တဲ့ gaming console ဟာ “Cassette Vision” ျဖစ္တယ္လို႔ သိရပါတယ္။

သူမဟာ ႏွစ္ေပါင္းမ်ားစြာကတည္းက ဝယ္ယူခဲ့တဲ့ ဂိမ္းခလုတ္ေတြနဲ႔ software အေတာ္မ်ားမ်ားကို သိမ္းထားဆဲ ျဖစ္ပါတယ္။ “အဲဒါေတြကို တန္ဖိုးထားတယ္။ ကြၽန္မအတြက္ေတာ့ အမွတ္တရေတြပဲ” လို႔လည္း သူမက ေျပာထားပါတယ္။ၿပီးခဲ့တဲ့ ေမ ၁၃ ရက္ေန႔တုန္းကေတာ့ အဘြားမိုရီဟာ သူမအေနနဲ႔ ကမာၻ႔အသက္အႀကီးဆုံး ဗီဒီယိုဂိမ္းကစားသူ Youtuber အျဖစ္ ကမာၻ႔ဂင္းနစ္ မွတ္တမ္း (The Guinness World Record) ဝင္သြားတာတာကို သူမရဲ႕ Youtube Channel မွာ share ခဲ့ပါတယ္။ သူမရဲ႕ Youtube ဗီဒီယိုေတြကို အားေပးခဲ့ၾကသူေတြကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာထားပါတယ္။

ကစားသမွ်ထဲမွာ သူမအႀကိဳက္ဆုံးဂိမ္းကေတာ့ Grand Theft Auto V ျဖစ္ပါတယ္။ သူမကစားထားတဲ့ ဂိမ္းဗီဒီယိုေတြကို အခုလို YouTube ေပၚတင္ရတဲ့အေၾကာင္းအရင္းကေတာ့ သူမအေနနဲ႔ ဂိမ္းကစားတဲ့ အေတြ႕ အႀကဳံေတြကို တျခားသူေတြနဲ႔ မွ်ေဝခံစားခ်င္တာေၾကာင့္လို႔လည္း ဆိုပါတယ္။“တစ္ေယာက္တည္းကစားရင္း ေပ်ာ္ရတာ အလကားပဲ။ ႐ုပ္ရွင္ၾကည့္သလိုေပါ့။”၊ “ဂိမ္းေဆာ့တာ ၾကာလာတာနဲ႔ ေဆာ့ျဖစ္တာမွန္တယ္လို႔ ပိုၿပီးခံစားလာရပါတယ္။ ကြၽန္မ တကယ္ကို ေပ်ာ္႐ႊင္ေနပါတယ္။” လို႔လည္း အဘြားမိုရီက ဂိမ္းကစားရတဲ့ ခံစားခ်က္ကို ေျပာထားပါတယ္။

Credit We Media

UNICODE

အခုခေတ်မှာ အရင်ထက် ဗီဒီယိုဂိမ်းတွေ၊ မိုဘိုင်းဂိမ်းတွေ ဆော့လာကြပါတယ်။ ဂိမ်းဆော့တဲ့သူတွေဟာ ကလေးလူကြီးမရွေးရှိပေမဲ့ အတော်များများကတော့ လူငယ်တွေပါပဲ။ ဒါပေမဲ့ အသက် ၉၀ အရွယ် အဘွား တစ်ယောက်က ဂိမ်းကို စွဲစွဲမြဲမြဲ ဆော့တယ်ဆိုရင်တော့ အထူးအဆန်းဖြစ်နေမှာပါ။Gamer Grandma လို့ ချစ်စနိုးခေါ်ကြတဲ့ Mori Hamako ကတော့ အသက် ၉၀ အရွယ် ရောက်နေပေမဲ့ အမှန်အကန်ဂိမ်းကစားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ အဘွားမိုရီဟာ ကမ္ဘာ့အသက်အကြီးဆုံး Gaming Youtuber အဖြစ်လည်း Guinness စံချိန်တင်ထားပါတယ်။ အဘွားမိုရီကို ၁၉၃၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလက ဂျပန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။

အဘွားအိုဟာ ၁၉၈၁ ခုနှစ်လောက်ကတည်းကနေ အခုချိန်အထိ ဂိမ်းကစားလာတာဖြစ်ပြီး ဂိမ်းကစားတဲ့ သက်တမ်းဟာ ၃၉ နှစ်လောက် ရှိလာ ပါပြီ။ သူမဟာ ကလေးတွေကစားနေတာကို မြင်ပြီးတဲ့နောက်မှာ စိတ်ဝင် စားပြီး ကစားကြည့်ရင်းကနေ အခုလို အစဉ်တစိုက်ဂိမ်းဆော့ဖြစ်ခဲ့တာ ဖြစ်ပါတယ်။“ကြည့်ရတာ အရမ်းပျော်စရာကောင်းတယ်။ ကလေးတွေပဲဆော့ရမယ်ဆိုတာတော့ မတရားဘူးလို့ ကျွန်မ တွေးမိတယ်။ ဆော့တတ်သွားရင် ပိုပျော်စရာကောင်းမယ်လို့လည်း ထင်တယ်။ အဲဒါနဲ့စဆော့ဖြစ်တာပဲ။ စစချင်းတော့ ဘယ်သူမှမကြည့်ကြဘူး” လို့လည်း အဘွားအိုက ဆိုပါတယ်။ဂင်းနစ်ကမ္ဘာ့မှတ်တမ်းမှာ ဖော်ပြချက်အရဆိုရင် သူမ ပထမဆုံးပိုင်ဆိုင်ခဲ့တဲ့ gaming console ဟာ “Cassette Vision” ဖြစ်တယ်လို့ သိရပါတယ်။

သူမဟာ နှစ်ပေါင်းများစွာကတည်းက ဝယ်ယူခဲ့တဲ့ ဂိမ်းခလုတ်တွေနဲ့ software အတော်များများကို သိမ်းထားဆဲ ဖြစ်ပါတယ်။ “အဲဒါတွေကို တန်ဖိုးထားတယ်။ ကျွန်မအတွက်တော့ အမှတ်တရတွေပဲ” လို့လည်း သူမက ပြောထားပါတယ်။ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့တုန်းကတော့ အဘွားမိုရီဟာ သူမအနေနဲ့ ကမ္ဘာ့အသက်အကြီးဆုံး ဗီဒီယိုဂိမ်းကစားသူ Youtuber အဖြစ် ကမ္ဘာ့ဂင်းနစ် မှတ်တမ်း (The Guinness World Record) ဝင်သွားတာတာကို သူမရဲ့ Youtube Channel မှာ share ခဲ့ပါတယ်။ သူမရဲ့ Youtube ဗီဒီယိုတွေကို အားပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

ကစားသမျှထဲမှာ သူမအကြိုက်ဆုံးဂိမ်းကတော့ Grand Theft Auto V ဖြစ်ပါတယ်။ သူမကစားထားတဲ့ ဂိမ်းဗီဒီယိုတွေကို အခုလို YouTube ပေါ်တင်ရတဲ့အကြောင်းအရင်းကတော့ သူမအနေနဲ့ ဂိမ်းကစားတဲ့ အတွေ့ အကြုံတွေကို တခြားသူတွေနဲ့ မျှဝေခံစားချင်တာကြောင့်လို့လည်း ဆိုပါတယ်။“တစ်ယောက်တည်းကစားရင်း ပျော်ရတာ အလကားပဲ။ ရုပ်ရှင်ကြည့်သလိုပေါ့။”၊ “ဂိမ်းဆော့တာ ကြာလာတာနဲ့ ဆော့ဖြစ်တာမှန်တယ်လို့ ပိုပြီးခံစားလာရပါတယ်။ ကျွန်မ တကယ်ကို ပျော်ရွှင်နေပါတယ်။” လို့လည်း အဘွားမိုရီက ဂိမ်းကစားရတဲ့ ခံစားချက်ကို ပြောထားပါတယ်။

Credit We Media

Leave a Comment