ျပတ္ျပီးသား EX ကုိ ဘဝထဲကေန အျပီးထုတ္လိုက္ႏိုင္ခဲ့ျပီျဖစ္ေၾကာင္း ျပေနတဲ့အခ်က္မ်ား

မိန္းကေလးေတြဟာ ခ်စ္ျပီးဆိုရင္လညး္ ႏွစ္ႏွစ္ကာကာခ်စ္တတ္သလို၊ မခ်စ္ေတာ့ဘူးဆိုရင္လည္း လွည့္ကိုမၾကည့္တတ္ၾကပါဘူး။ ခုေဖာ္ျပေပးမယ့္ အေၾကာင္းအရာေလးကေတာ့ ျပတ္ျပီးသား EX ကိို ဘဝထဲကေန အမိႈ္က္တစ္ခုကို လႊင့္ပစ္လုိက္ႏိုင္ခဲ့တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာပဲ ျဖစ္ပါတယ္။ သင္ဟာ ဒီအခ်က္နဲ႔တိုက္ဆိုင္ေနရင္ေတာ့ သင္ဟာ စိတ္ဓာတ္ၾက့ံခိုင္သလို ဥာဏ္ပညာရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ပါတယ္။

(၁) သူ႔အေၾကာင္းမေတြးျဖစ္ေတာ့ဘူး

EX ကုိဘဝထဲကေန အျပီးထုတ္လိုက္ႏိုင္တဲ့မိန္းကေလးေတြဟာ EX အေၾကာင္းကို လံုးဝမေတြးျဖစ္ေတာ့ပါဘူး။ ကိုယ့္ဘဝအေၾကာင္း၊ ကုိယ့္ေရွ႕ေရး၊ ကုိယ့္အနာဂတ္နဲ႔ ကိုယ့္ကိုယ္ကိုပဲ ဦးစားေပးတတ္သြားတာျဖစ္ပါတယ္။ သူ႔အေၾကာင္းကိုတမင္တကာ မေတြးေတာ့ပဲေနရင္းကေန ေနာက္ေတာ့ ကိုယ့္ရဲ႕ ေန႔စဥ္ဘဝထဲမွာ သူလံုးဝ မပါဝင္ေတာ့ပါဘူး။ ဒီလိုနဲ႔ပဲ သူ႔ကို ကိုယ့္ဘဝထဲကေန ထုတ္လိုက္ျပီးသားျဖစ္သြားတာပါ။

(၂) အတူသြားတဲ့ေနရာေတြေရာက္ရင္

EX နဲ႔အတူသြားခဲ့ဖူးတဲ့ ေနရာေတြေရာက္ရင္လညး္ စိတ္ထဲမွာ ဘယ္လိုမွ ခံစားရမွာမဟုတ္ပါဘူး။ တစ္ခ်ိဳ႔ေတြက ေနရာေဟာင္းကိုေရာက္ရင္ အတိတ္ေဟာင္းကိုလြမ္းတယ္လို႔ တေၾကာ္ေၾကာ္ေအာ္ေနခ်ိန္မွာ သင္ကေတာ့ ေအးေအးေဆးေဆး အမႈမဲ့အမွတ္မဲ့ပဲျဖစ္ေနမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သင့္စိတ္ထဲမွာေရာ၊ သင့္ေခါင္းထဲမွာေရာ သင့္ EX က ရွိမေနတဲ့အတြက္ သူ႔ကိုလြမး္ဖို႔ေဆာင္ သင္သတိရမွာ မဟုတ္ပါဘူး။

(၃) သူ႔အေၾကာင္းေတြ စိတ္မဝင္စားေတာ့ဘူး
တကယ္ေတာ့ ျပတ္ျပီးသား EX ရဲ႕ အေၾကာင္းေတြကို သိခ်င္တုန္းပဲ၊ စိတ္ဝင္စားတုန္းပဲဆိုရင္ ခ်စ္ေနေသးလို႔ပါ။ တကယ္လို႔သင္ဟာ သူ႔ကို ဘဝထဲကေန ထုတ္လိုက္ႏိုင္ျပီဆိုရင္ သူဘာလုပ္လုပ္၊ ဘယ္သူနဲ႔တြဲတြဲ၊ ဘာၾကီးပဲျဖစ္ေနျဖစ္ေန သင္စိတ္ဝင္စားေတာ့မွာ မဟုတ္ပါဘူး။ ယုတ္စြအဆံုး ေသတာရွင္တာကအစ သင္ဘာကိုမွ ဂရုစိုက္ေနေတာ့မွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သင့္ဘဝထဲကေန သူ႔ကို အျပီးအပိုင္ထုတ္လိုက္ႏိုင္ခဲ့လို႔ပါ။

(၄) သူ႕ကိုေတြ႕လည္းဘယ္လိုမွမေနဘူး
သူ႕ကိုေတြ႕လည္း ဘယ္လိုမွမေနဘူး၊ အရင္က သိခဲ့ဖူးတဲ့သူတစ္ေယာက္၊ တြဲခဲ့ဖူးတယ္ဆိုရံုေလာက္ပဲ ခံစားရတယ္။ ျပီးရင္ သူနဲ႔ ေတြ႕ခဲ့တယ္ဆိုတာကိုေတာင္ ေခါင္းထဲရွိေတာ့မွာ မဟုတ္ပါဘူး။ သူ႔ကို ေတြ႕တိုင္းတႏံု႕ႏံု႔ခံစားေနမယ့္ အထဲမွာ သင္လံုးဝမပါတာေတာ့ အေသအခ်ာပါပဲ။ အေၾကာင္းကေတာ့ သင့္ဘဝထဲကေန သူ႔ကို အျပီးထုတ္ခဲ့ျပီးတာေၾကာင့္ သူဆိုတာ သင့္အတြက္ ေခၽြးထြက္ေနခ်ိန္သုတ္ဖို႔ တစ္ရွဴးတစ္ရြက္ေလာက္ေတာင္ အေရးၾကီးေတာ့မွာ မဟုတ္ပါဘူး။

(၅) လက္ရွိခ်စ္သူကို အခ်စ္ဆံုး

သင္ဟာ EX ရွိေပမယ့္ လက္ရွိခ်စ္သူကို ပထမဆံုးအခ်စ္လိုပဲ ရင္ေတြ တလွပ္လွပ္ခုန္တယ္၊ သင့္ဘဝရဲ႕အခ်စ္ဆံုးက သူျဖစ္ေနတယ္၊ သူနဲ႕ဆံုရလို႔ သင့္ EX နဲ႔ျပတ္တာကိုေတာင္ ၾကိတ္ျပီးေက်းဇူးတင္ေနတယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္၊ သင္ဟာ သင့္ EX ကုိ သင့္ဘဝထဲကေန အျပီးအပိုင္ ထုတ္ႏိုင္ခဲ့ပါျပီ။

Credit Auntymay

UNICODE 

မိန်းကလေးတွေဟာ ချစ်ပြီးဆိုရင်လည်း နှစ်နှစ်ကာကာချစ်တတ်သလို၊ မချစ်တော့ဘူးဆိုရင်လည်း လှည့်ကိုမကြည့်တတ်ကြပါဘူး။ ခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ပြတ်ပြီးသား EX ကို ဘဝထဲကနေ အမှိုက်တစ်ခုကို လွှင့်ပစ်လိုက်နိုင်ခဲ့တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ သင်ဟာ ဒီအချက်နဲ့တိုက်ဆိုင်နေရင်တော့ သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်သလို ဉာဏ်ပညာရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

(၁) သူ့အကြောင်းမတွေးဖြစ်တော့ဘူး

EX ကိုဘဝထဲကနေ အပြီးထုတ်လိုက်နိုင်တဲ့မိန်းကလေးတွေဟာ EX အကြောင်းကို လုံးဝမတွေးဖြစ်တော့ပါဘူး။ ကိုယ့်ဘဝအကြောင်း၊ ကိုယ့်ရှေ့ရေး၊ ကိုယ့်အနာဂတ်နဲ့ ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးတတ်သွားတာဖြစ်ပါတယ်။ သူ့အကြောင်းကိုတမင်တကာ မတွေးတော့ပဲနေရင်းကနေ နောက်တော့ ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲမှာ သူလုံးဝ မပါဝင်တော့ပါဘူး။ ဒီလိုနဲ့ပဲ သူ့ကို ကိုယ့်ဘဝထဲကနေ ထုတ်လိုက်ပြီးသားဖြစ်သွားတာပါ။

(၂) အတူသွားတဲ့နေရာတွေရောက်ရင်

EX နဲ့အတူသွားခဲ့ဖူးတဲ့ နေရာတွေရောက်ရင်လည်း စိတ်ထဲမှာ ဘယ်လိုမှ ခံစားရမှာမဟုတ်ပါဘူး။ တစ်ချို့တွေက နေရာဟောင်းကိုရောက်ရင် အတိတ်ဟောင်းကိုလွမ်းတယ်လို့ တကြော်ကြော်အော်နေချိန်မှာ သင်ကတော့ အေးအေးဆေးဆေး အမှုမဲ့အမှတ်မဲ့ပဲဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ သင့်စိတ်ထဲမှာရော၊ သင့်ခေါင်းထဲမှာရော သင့် EX က ရှိမနေတဲ့အတွက် သူ့ကိုလွမ်းဖို့ဆောင် သင်သတိရမှာ မဟုတ်ပါဘူး။

(၃) သူ့အကြောင်းတွေ စိတ်မဝင်စားတော့ဘူး
တကယ်တော့ ပြတ်ပြီးသား EX ရဲ့ အကြောင်းတွေကို သိချင်တုန်းပဲ၊ စိတ်ဝင်စားတုန်းပဲဆိုရင် ချစ်နေသေးလို့ပါ။ တကယ်လို့သင်ဟာ သူ့ကို ဘဝထဲကနေ ထုတ်လိုက်နိုင်ပြီဆိုရင် သူဘာလုပ်လုပ်၊ ဘယ်သူနဲ့တွဲတွဲ၊ ဘာကြီးပဲဖြစ်နေဖြစ်နေ သင်စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။ ယုတ်စွအဆုံး သေတာရှင်တာကအစ သင်ဘာကိုမှ ဂရုစိုက်နေတော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ သင့်ဘဝထဲကနေ သူ့ကို အပြီးအပိုင်ထုတ်လိုက်နိုင်ခဲ့လို့ပါ။

(၄) သူ့ကိုတွေ့လည်းဘယ်လိုမှမနေဘူး
သူ့ကိုတွေ့လည်း ဘယ်လိုမှမနေဘူး၊ အရင်က သိခဲ့ဖူးတဲ့သူတစ်ယောက်၊ တွဲခဲ့ဖူးတယ်ဆိုရုံလောက်ပဲ ခံစားရတယ်။ ပြီးရင် သူနဲ့ တွေ့ခဲ့တယ်ဆိုတာကိုတောင် ခေါင်းထဲရှိတော့မှာ မဟုတ်ပါဘူး။ သူ့ကို တွေ့တိုင်းတနုံ့နုံ့ခံစားနေမယ့် အထဲမှာ သင်လုံးဝမပါတာတော့ အသေအချာပါပဲ။ အကြောင်းကတော့ သင့်ဘဝထဲကနေ သူ့ကို အပြီးထုတ်ခဲ့ပြီးတာကြောင့် သူဆိုတာ သင့်အတွက် ချွေးထွက်နေချိန်သုတ်ဖို့ တစ်ရှူးတစ်ရွက်လောက်တောင် အရေးကြီးတော့မှာ မဟုတ်ပါဘူး။

(၅) လက်ရှိချစ်သူကို အချစ်ဆုံး

သင်ဟာ EX ရှိပေမယ့် လက်ရှိချစ်သူကို ပထမဆုံးအချစ်လိုပဲ ရင်တွေ တလှပ်လှပ်ခုန်တယ်၊ သင့်ဘဝရဲ့အချစ်ဆုံးက သူဖြစ်နေတယ်၊ သူနဲ့ဆုံရလို့ သင့် EX နဲ့ပြတ်တာကိုတောင် ကြိတ်ပြီးကျေးဇူးတင်နေတယ်ဆိုရင်တော့ သေချာပါတယ်၊ သင်ဟာ သင့် EX ကို သင့်ဘဝထဲကနေ အပြီးအပိုင် ထုတ်နိုင်ခဲ့ပါပြီ။

Credit Auntymay

Leave a Comment