ပရိသတ္ေတြဆီကေန ပရိသတ္ဆႏၵေတာင္းခံလာတဲ့ စိုင္းစိုင္း

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ စိုင္းစိုင္းကေတာ့ ဒီေန႔မွာ သူ႔ရဲ႕ ပရိသတ္ေတြဆီကေန ဆႏၵေတာင္းခံလာခဲ့ပါတယ္။ စိုင္းစိုင္းကေတာ့ လက္ရွိအခ်ိန္ကေန ေနာက္(၃)လအတြင္းမွာ သူ႔ရဲ႕ မူလလက္ေဟာင္းစိုင္းစိုင္းခမ္းလိုင္ဆိုတဲ့ အေခြေလးထြက္ရွိလာဖို႔ ႀကိဳးစားေနခဲ့တာလည္း ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။

စိုင္းစိုင္းက သူ႔ရဲ႕ လြန္ခဲ့တဲ့ (၂)ႏွစ္က SAISAI is SAISAI အေခြေလးကေနာက္ဆုံးထြက္ရွိထားခဲ့တာျဖစ္ၿပီး ဒီ(၂)ႏွစ္အတြင္းမွာ သိဂၤါရသီခ်င္းတစ္ပုဒ္ နဲ႔ ငါ့ရည္းစားပိုမိုက္တယ္ (၂) ပုဒ္သာ official music video ထြက္ရပါေသးတာေၾကာင့္ SAISAI is SAISAI အေခြေလးထဲက Muisc Video ေတြ တစ္ပုဒ္ခ်င္းထြက္မွာမို႔ ဘယ္သီခ်င္း အႀကိဳက္ဆုံးနဲ႔ အရင္ဆုံး ထြက္ေစခ်င္ပါသလဲ ေျဖေပးဖို႔ ပရိသတ္ဆႏၵကို ေတာင္းခံထားတာပဲျဖစ္ပါတယ္။

ပရိသတ္ႀကီးေတြထဲက စိုင္းစိုင္ရဲ႕ ပရိသတ္ေတြ စိုင္းစိုင္းေမးထားတဲ့ အရင္ဆုံး ထြက္ေစခ်င္လဲ ဘယ္ေတာ့ထြက္ေစခ်င္လဲ ဆိုတဲ့ ေမးခြန္းေလးေတြကို ေျဖေပးခဲ့ၾကပါဦး။ သီခ်င္းအသစ္ေလးေတြ သီခ်င္းဗီဒီယိုအသစ္ေတြကို Online ကေန အခမဲ့ၾကည့္ရႈဖို႔အတြက္ SAISAI YouTube Channel ကို Subscribe လုပ္ထားေပးပါဦးတဲ့ ပရိသတ္ႀကီးေရ။

Credit– CeleGabar
Source – Sai Sai Kham Leng

UNICODE

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် စိုင်းစိုင်းကတော့ ဒီနေ့မှာ သူ့ရဲ့ ပရိသတ်တွေဆီကနေ ဆန္ဒတောင်းခံလာခဲ့ပါတယ်။ စိုင်းစိုင်းကတော့ လက်ရှိအချိန်ကနေ နောက်(၃)လအတွင်းမှာ သူ့ရဲ့ မူလလက်ဟောင်းစိုင်းစိုင်းခမ်းလိုင်ဆိုတဲ့ အခွေလေးထွက်ရှိလာဖို့ ကြိုးစားနေခဲ့တာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

စိုင်းစိုင်းက သူ့ရဲ့ လွန်ခဲ့တဲ့ (၂)နှစ်က SAISAI is SAISAI အခွေလေးကနောက်ဆုံးထွက်ရှိထားခဲ့တာဖြစ်ပြီး ဒီ(၂)နှစ်အတွင်းမှာ သိင်္ဂါရသီချင်းတစ်ပုဒ် နဲ့ ငါ့ရည်းစားပိုမိုက်တယ် (၂) ပုဒ်သာ official music video ထွက်ရပါသေးတာကြောင့် SAISAI is SAISAI အခွေလေးထဲက Muisc Video တွေ တစ်ပုဒ်ချင်းထွက်မှာမို့ ဘယ်သီချင်း အကြိုက်ဆုံးနဲ့ အရင်ဆုံး ထွက်စေချင်ပါသလဲ ဖြေပေးဖို့ ပရိသတ်ဆန္ဒကို တောင်းခံထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးတွေထဲက စိုင်းစိုင်ရဲ့ ပရိသတ်တွေ စိုင်းစိုင်းမေးထားတဲ့ အရင်ဆုံး ထွက်စေချင်လဲ ဘယ်တော့ထွက်စေချင်လဲ ဆိုတဲ့ မေးခွန်းလေးတွေကို ဖြေပေးခဲ့ကြပါဦး။ သီချင်းအသစ်လေးတွေ သီချင်းဗီဒီယိုအသစ်တွေကို Online ကနေ အခမဲ့ကြည့်ရှုဖို့အတွက် SAISAI YouTube Channel ကို Subscribe လုပ်ထားပေးပါဦးတဲ့ ပရိသတ်ကြီးရေ။

Credit– CeleGabar
Source – Sai Sai Kham Leng

Leave a Comment