သီချင်းစာသားထဲက ကျော်စွာရဲ့လက်တွေ့ဘဝကို မျက်ဝါးထင်ထင်တွေ့ပြီး စိတ်မကောင်းဖြစ်ခဲ့ရတဲ့ယုန်လေး




Source – Yone Lay
Credit Cele Gabar

UNICODE

လိုအပ်နေသူတိုင်းကို ကူညီဖို့အမြဲသင့်ရှိနေသူယုန်လေးကတော့ ဒီနေ့မှာ သူ့ရင်ထဲမကောင်းလောက်အောင် စိတ်ထိခိုက်ခဲ့ရတဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ သူကိုယ်တိုင်ဖေးမကူညီခဲ့တဲ့ ကျော်စွာရဲ့ဘဝလေးကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး သူ့ရင်ထဲက ခံစားချက်တချို့ကို ရေးသားခဲ့ပါတယ်။

“မိုးရွာတော့ ကျွန်တော် ပျော်နေတာ အပူဒဏ်သက်သာတော့မယ်ဆိုပြီး . . ပြီးမှ သတိရတယ် .ရုပ်ရှင်အစည်းရုံး ဆန်ဝေတာ ပျင်းလို့သွားရင်းနဲ့ ရွှေတိဂုံ ဘုရား အရှေ့ဘက်ရောက်တယ် .ထင်တဲ့ အတိုင်း ပြောစရာစကားလုံးမရှိ…. ကျော်စွာ မိုးမိလို့မိုးခိုနေတဲ့ ဓာတ်ပုံလေးတော့ မတင်ရက်လို့ မတင်တော့ပါဘူး .ဝမ်းစာ ထဲက စာသားလေး ပဲပြန်သတိရမိတယ်…. အိမ်မရှိ ယာမရှိ စားစရာမရှိ နေစရာမရှိ… ဆန်မရှိ စောက်စားလည်းမကြီး လမ်းဘေးအိပ်တော့ မိုးမိ နှာစေး.. ဆေးဖိုး မရှိ လူ့အသက်တွေ တန်ဖိုး လည်းမရှိ ” ဆိုပြီး ဝမ်းစာသီချင်းထဲက ကျော်စွာဆိုခဲ့တဲ့ စာသားလေးတွေနဲ့အတူ သူ့ဘဝကို တွေ့မြင်ခဲ့ရပြီး စိတ်မကောင်းဖြစ်ခဲ့ရတဲ့အကြောင်း မျှဝေခဲ့ပါတယ်။

ရာသီဥတုပူပြင်းတဲ့အချိန်မှာ မိုးရွာချလိုက်တာကတော့ လူတော်တော်များများအတွက် ဝမ်းသာစရာဆိုပေမယ့် အိမ်ခြေမဲ့လူတန်းစားတွေအတွက်ကတော့ ဒုက္ခတစ်မျိုးပဲမဟုတ်ပါလားနော်။ ယုန်လေးကတော့ သူ့ညီလေးကျော်စွာအတွက် စိတ်မကောင်းဖြစ်လွန်းလို့ အိမ်လေးငှားပေးဖို့ အမြန်ဆုံးကြိုးစားသွားပါမယ်တဲ့ ပရိသတ်ကြီးရေ…

Source – Yone Lay
Credit Cele Gabar

Leave a Comment