ကို႐ိုနာဗိုင္းရပ္စ္ကာလအတြင္းမွာ ေဒဝါလီခံျပီးျပိုလဲခဲ့တဲ့ကမာၻေက်ာ္စီးပြားေရးလုပ္ငန္း ၅ ခု

ကို႐ိုနာဗိုင္းရပ္စ္ဟာ ကြၽန္ေတာ္တို႔ေတြးထားခဲ့သလို လူေနမႈဘဝတစ္ခုတည္းေျပာင္းသြားတာမဟုတ္ဘူး။ ႏိုင္ငံေရး နဲ႔ စီးပြားေရးေတြကိုပါ ဆက္တိုက္ဆိုသလို ထိုးႏွက္မႈေတြျဖစ္ေစခဲ့တယ္။ ဒီကာလအတြင္းကြၽန္ေတာ္တို႔ေတြ တျဖည္းျဖည္းသေဘာေပါက္လာတာကေတာ့ သင့္အေနနဲ႔ဘာႀကီးပဲျဖစ္ေနေန အရာအားလုံးက မ်က္ေစ့တစ္မွိတ္အတြင္းမွာျဖစ္ပ်က္သြားႏိုင္တယ္ဆိုတာပဲ။ ကိုဗစ္၁၉ ေၾကာင့္ တစ္ခ်ိဳ႕ႏိုင္ငံေတြမွာ ႏိုင္ငံေရးဆိုင္ရာအေျပာင္းအလဲေတြျဖစ္လာတယ္၊ တစ္ခ်ိဳ႕ႏိုင္ငံေတြမွာ စီးပြားေရးအက်ပ္အတည္းေတြေပၚလာတယ္၊ တစ္ခ်ိဳ႕ႏိုင္ငံေတြက်ေတာ့လည္း ကိုဗစ္-၁၉ ကိုအမွီျပဳၿပီး ေဈးကြက္ရွယ္ယာႀကီးႀကီးမားမားရသြားတာမ်ိဳးရွိတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ သူ႔ရဲ႕သက္ေရာက္မႈက အင္အားေတာ္ေတာ္ကိုႀကီးမားပါတယ္။ ကိုဗစ္၁၉ ကာလအတြင္းမွာ အဓိက ထိခိုက္တဲ့လုပ္ငန္းေတြက ခရီးသြားဝန္ေဆာင္မႈ၊ သယ္ယူပို႔ေဆာင္ေရး၊ အေသးစားအလတ္စားစီးပြားေရး နဲ႔ ေရနံလုပ္ငန္းေတြပဲ။ ကမာၻတစ္ဝန္းက နာမည္ေက်ာ္အဖြဲ႕အစည္း၊ ကုမၸဏီတစ္ခ်ိဳ႕ဟာ ကိုဗစ္ကာလမွာ ေဒဝါလီခံသြားရတဲ့အထိ ထိုးႏွက္ခံရတယ္။

(၁) ဟင္းလုံထေရးဒင္း (စင္ကာပူ)

နံပါတ္တစ္ အဖြဲ႕အစည္းကေတာ့ စင္ကာပူႏိုင္ငံက ဟင္းလုံထေရးဒင္း ပါ။ ဟင္းလုံထေရးဒင္းဟာ အေရွ႕ေတာင္အာရွမွာ ၾသဇာႀကီးသလို နာမည္လည္းေက်ာ္တဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္တယ္။ ေရနံ၊ စက္သုံးဆီ၊ ဒီဇယ္၊ သယ္ယူပို႔ေဆာင္ေရး၊ ကမ္းလြန္ေရနံတူးေဖာ္ေရး စတဲ့လုပ္ငန္းေတြအမ်ားႀကီးရွိတဲ့အဖြဲ႕အစည္းလည္းျဖစ္တယ္။ ဟင္းလုံထေရးဒင္းကို ၁၉၆၃ ခုႏွစ္မွာ တ႐ုတ္လူမ်ိဳး လင္အမ္ကင္း (Lim Oon Kuin) က စတင္တည္ေထာင္ခဲ့ၿပီး အေရွ႕ေတာင္အာရွရဲ႕ သယ္ယူပို႔ေဆာင္ေရး၊ ေထာက္ပံ့ေရးကြင္းဆက္ (supply chain) မွာ ေအာင္ျမင္မႈအႀကီးအက်ယ္ရခဲ့တဲ့လုပ္ငန္းလည္းျဖစ္တယ္။ ဒါေပမယ့္ ဟင္းလုံထေရးဒင္းဟာ ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္ေတြကတည္းက ဘ႑ာေရးအႏႈတ္ျပလာခဲ့ၿပီး ကုမၸဏီက စတင္ထိခိုက္စျပဳလာတယ္။ ကမာၻ႔ဘဏ္အပါအဝင္ ႏိုင္ငံတကာဘဏ္ေတြကို ျပန္ေပးဆပ္ရမယ့္ ကန္ေဒၚလာ ၃.၈၅ ဘီလ်ံရွိေနၿပီး အဲ့ဒီေငြေတြကို ျပန္ဆပ္ဖို႔ေျခာက္လတာ အခ်ိန္ေတာင္းဆိုရာကေန ကုမၸဏီရဲ႕ ဆုံးရႈံးမႈေတြေပၚေပါက္ခဲ့တာျဖစ္တယ္။ ကုမၸဏီက လတိုင္းလိုအရႈံးေပၚေနၿပီး လစဥ္ဆုံးရႈံးတဲ့ပမာဏက ကန္ေဒၚလာ ၈၀၀ မီလ်ံနီးပါးရွိပါတယ္။ ကိုဗစ္၁၉ ကာလအက်ပ္အတည္းေရာက္လာခ်ိန္မွာေတာ့ ဟင္းလုံထေရးဒင္းက လုံးဝက်ဆုံးခဲ့ၿပီျဖစ္ပါတယ္။

(၂) ထိုင္းအျပည္ျပည္ဆိုင္ရာေလေၾကာင္းလိုင္း (Thai Airways International)

မေန႔က ထိုင္းႏိုင္ငံရဲ႕ နာမည္ေက်ာ္ TG လို႔အတိုေကာက္ေခၚၾကတဲ့ Thai Airways International ရဲ႕ ေဒဝါလီခံဖို႔အဆိုကို ထိုင္းအစိုးရက တရားဝင္ခြင့္ျပဳခဲ့တယ္။ ေဈးကြက္ထဲကို တန္ဖိုးသင့္ေလေၾကာင္းလိုင္းေတြဝင္ေရာက္လာမႈ နဲ႔ ကိုဗစ္၁၉ ကာလစီးပြားေရးက်ဆင္းမႈေတြေၾကာင့္ ေလေၾကာင္းလိုင္းက ေဒဝါလီခံဖို႔ျဖစ္လာတာပါ။ TG ဟာ ၂၀၁၂ ကတည္းက ဘ႑ာေရးဆိုင္ရာျပႆနာေတြရွိေနခဲ့ၿပီး ၂၀၁၉ တစ္ႏွစ္တည္းမွာတင္ဆုံးရႈံးမႈက ကန္ေဒၚလာ ၃၇၇.၄ သန္းအထိရွိခဲ့တယ္။ ေဒဝါလီခံလိုက္တယ္ဆိုေပမယ့္ ေလေၾကာင္းလိုင္းကို ထိုင္းအစိုးရကဆက္လက္လည္ပတ္ေနမွာျဖစ္ၿပီး ဝန္ထမ္းေတြအေနနဲ႔ပုံမွန္အလုပ္ေတြဆက္လုပ္ေနရမွာျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက ေျပာခဲ့တယ္။

(၃) Diamond Offshore Drilling

အေမရိကန္ႏိုင္ငံ၊ ဟူစတန္ၿမိဳ႕အေျခစိုက္ ေရနံတူးေဖာ္ေရးကုမၸဏီတစ္ခုျဖစ္တယ္။ ကမာၻတစ္ဝန္းလုပ္ကြက္ေပါင္း ၂၀ ေက်ာ္ နဲ႔ လုပ္သားေပါင္း ၂၅၀၀ ေက်ာ္ရွိတဲ့ ကုမၸဏီလည္းျဖစ္တယ္။ Loews Corporation နဲ႔ Carolina Group လို လက္ေအာက္ခံကုမၸဏီေတြရွိၿပီး ေရနံတူးေဖာ္ေရး၊ supplychain နဲ႔ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြကိုအဓိကလုပ္တဲ့လုပ္ငန္းစုျဖစ္တယ္။ ဒါေပမယ့္ ကိုဗစ္-၁၉ စီးပြားပ်က္ဂယက္က အေမရိက ကိုစတင္႐ိုက္ခတ္မႈနဲ႔အတူ ၂၀၂၀ ဧၿပီ ၂၇ မွာေတာ့ Diamond Offshore Drilling ၿပိဳလဲခဲ့ပါတယ္။ Diamond Offshore အေနနဲ႔ ဘဏ္ေတြကိုေပးေခ်ရမယ့္ ကန္ေဒၚလာအေႂကြး ဘီလ်ံနဲ႔ခ်ီရွိေနၿပီး ေရနံေဈးထိုးက်မႈက ကုမၸဏီၿပိဳလဲရတဲ့အဓိကအခ်က္ျဖစ္ခဲ့တယ္။

(၄) JCPenny

အေမရိကန္ႏိုင္ငံရဲ႕ လူသုံးကုန္၊ အစားအေသာက္ စတဲ့အေျခခံလိုအပ္ခ်က္ေတြကို အဓိက ေရာင္းဝယ္ေဖာက္ကားမႈျပဳလုပ္တဲ့ supplychain အဖြဲ႕အစည္းတစ္ခုျဖစ္တယ္။ ၁၉၀၂ ခုႏွစ္၊ ဧၿပီ ၁၄ က အေမရိကန္ႏိုင္ငံ၊ ဝိုင္အိုးမင္းျပည္နယ္မွာ JCPenny ကို စတင္တည္ေထာင္ခဲ့တာျဖစ္လို႔ သူ႔ရဲ႕သက္တမ္းက ႏွစ္ေပါင္း ၁၀၀ ေက်ာ္ခဲ့ၿပီျဖစ္တယ္။ အလုပ္သမားဦးေရ ကိုးေသာင္းခြဲေက်ာ္ရွိၿပီး ႏိုင္ငံအႏွံ႔ဆိုင္ခန္းေပါင္း ၈၅၀ ေက်ာ္ရွိတယ္။ ကိုဗစ္ကာလမတိုင္ခင္ ဆယ္ႏွစ္အေစာပိုင္းကတည္းက ေနာက္ထပ္ေပၚလာတဲ့ Supplychain အဖြဲ႕အစည္းေတြကို JCPenny အေနနဲ႔ အမွီမလိုက္ႏိုင္ေတာ့ပါဘူး။ ကိုဗစ္၁၉ ကာလအေရာက္မွာေတာ့ Lockdown နဲ႔ social distancing rules ေတြအရဆိုင္ေတြအားလုံးကိုပိတ္ခဲ့ရၿပီး JCPenny ကလည္း လုံးဝၿပိဳလဲခဲ့တယ္။ JCPenny အေနနဲ႔ အေမရိကဘဏ္ေတြကို ေပးေခ်ဖို႔အေႂကြး ၄.၂ ဘီလ်ံရွိေနၿပီး မၾကာေသးမီ ေမလ ၁၅ ရက္မွာ ႏိုင္ငံတဝန္းက်န္ရွိတဲ့ ဆိုင္ခန္းေပါင္း ၈၅၀ ေက်ာ္ကိုပိတ္ခဲ့ရတာျဖစ္တယ္။

(၅) Virgin Australia

ၾသစေတးလ်တိုက္ရဲ႕နာမည္ေက်ာ္ေလေၾကာင္းလိုင္း ျဖစ္တယ္။ ၂၀၀၀ ခုႏွစ္ေတြမွာ စီအီးအို ေပါလ္ရွရာ့ (Paul Scurrah) နဲ႔ ဘီလ်ံနာ ရစ္ခ်တ္ဘရန္ဆင္ (Richard Branson) တို႔က ပူးေပါင္းတည္ေထာင္ခဲ့ၿပီး ေလယာဥ္ေပါင္းစုံ ၉၈ စီးေလာက္ကိုပိုင္ဆိုင္ထားတယ္။ အဲ့ဒီေလေၾကာင္းလိုင္းကိုေတာ့ ပင္မအဖြဲ႕အစည္းျဖစ္တဲ့ Virgin Australia Holdings က ထိန္းခ်ဳပ္ပါတယ္။ ကိုဗစ္၁၉ ကာလအေရာက္မွာေတာ့ ေလေၾကာင္းခရီးသြားဝန္ေဆာင္မႈေတြအႀကီးအက်ယ္ထိခိုက္ခဲ့ၿပီး ဧၿပီ ၂၁ မွာေတာ့ ေဒဝါလီခံဖို႔အဆိုတင္သြင္းခဲ့တယ္။ အဲ့ဒီေနာက္ ၾသစေတးလ်အစိုးရက Virgin Australia Airlines ရဲ႕ ေဒဝါလီခံဖို႔အဆိုကို အတည္ျပဳေပးခဲ့တယ္။ Virgin Australia အေနနဲ႔ ဘဏ္ေတြကိုေပးေခ်စရာ ကန္ေဒၚလာ ၃ ဘီလ်ံေက်ာ္ေလာက္ရွိေနေသးတယ္လို႔ဆိုၾကၿပီး ကိုဗစ္-၁၉ ကာလရဲ႕စီးပြားေရးအက်ပ္အတည္းက ကုမၸဏီကိုၿပိဳလဲေစခဲ့တာျဖစ္ပါတယ္။

Credit WE Media

UNICODE

ကိုရိုနာဗိုင်းရပ်စ်ဟာ ကျွန်တော်တို့တွေးထားခဲ့သလို လူနေမှုဘဝတစ်ခုတည်းပြောင်းသွားတာမဟုတ်ဘူး။ နိုင်ငံရေး နဲ့ စီးပွားရေးတွေကိုပါ ဆက်တိုက်ဆိုသလို ထိုးနှက်မှုတွေဖြစ်စေခဲ့တယ်။ ဒီကာလအတွင်းကျွန်တော်တို့တွေ တဖြည်းဖြည်းသဘောပေါက်လာတာကတော့ သင့်အနေနဲ့ဘာကြီးပဲဖြစ်နေနေ အရာအားလုံးက မျက်စေ့တစ်မှိတ်အတွင်းမှာဖြစ်ပျက်သွားနိုင်တယ်ဆိုတာပဲ။ ကိုဗစ်၁၉ ကြောင့် တစ်ချို့နိုင်ငံတွေမှာ နိုင်ငံရေးဆိုင်ရာအပြောင်းအလဲတွေဖြစ်လာတယ်၊ တစ်ချို့နိုင်ငံတွေမှာ စီးပွားရေးအကျပ်အတည်းတွေပေါ်လာတယ်၊ တစ်ချို့နိုင်ငံတွေကျတော့လည်း ကိုဗစ်-၁၉ ကိုအမှီပြုပြီး ဈေးကွက်ရှယ်ယာကြီးကြီးမားမားရသွားတာမျိုးရှိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့သက်ရောက်မှုက အင်အားတော်တော်ကိုကြီးမားပါတယ်။ ကိုဗစ်၁၉ ကာလအတွင်းမှာ အဓိက ထိခိုက်တဲ့လုပ်ငန်းတွေက ခရီးသွားဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေး၊ အသေးစားအလတ်စားစီးပွားရေး နဲ့ ရေနံလုပ်ငန်းတွေပဲ။ ကမ္ဘာတစ်ဝန်းက နာမည်ကျော်အဖွဲ့အစည်း၊ ကုမ္ပဏီတစ်ချို့ဟာ ကိုဗစ်ကာလမှာ ဒေဝါလီခံသွားရတဲ့အထိ ထိုးနှက်ခံရတယ်။

(၁) ဟင်းလုံထရေးဒင်း (စင်ကာပူ)

နံပါတ်တစ် အဖွဲ့အစည်းကတော့ စင်ကာပူနိုင်ငံက ဟင်းလုံထရေးဒင်း ပါ။ ဟင်းလုံထရေးဒင်းဟာ အရှေ့တောင်အာရှမှာ သြဇာကြီးသလို နာမည်လည်းကျော်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ရေနံ၊ စက်သုံးဆီ၊ ဒီဇယ်၊ သယ်ယူပို့ဆောင်ရေး၊ ကမ်းလွန်ရေနံတူးဖော်ရေး စတဲ့လုပ်ငန်းတွေအများကြီးရှိတဲ့အဖွဲ့အစည်းလည်းဖြစ်တယ်။ ဟင်းလုံထရေးဒင်းကို ၁၉၆၃ ခုနှစ်မှာ တရုတ်လူမျိုး လင်အမ်ကင်း (Lim Oon Kuin) က စတင်တည်ထောင်ခဲ့ပြီး အရှေ့တောင်အာရှရဲ့ သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ရေးကွင်းဆက် (supply chain) မှာ အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့လုပ်ငန်းလည်းဖြစ်တယ်။ ဒါပေမယ့် ဟင်းလုံထရေးဒင်းဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တွေကတည်းက ဘဏ္ဍာရေးအနှုတ်ပြလာခဲ့ပြီး ကုမ္ပဏီက စတင်ထိခိုက်စပြုလာတယ်။ ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာဘဏ်တွေကို ပြန်ပေးဆပ်ရမယ့် ကန်ဒေါ်လာ ၃.၈၅ ဘီလျံရှိနေပြီး အဲ့ဒီငွေတွေကို ပြန်ဆပ်ဖို့ခြောက်လတာ အချိန်တောင်းဆိုရာကနေ ကုမ္ပဏီရဲ့ ဆုံးရှုံးမှုတွေပေါ်ပေါက်ခဲ့တာဖြစ်တယ်။ ကုမ္ပဏီက လတိုင်းလိုအရှုံးပေါ်နေပြီး လစဉ်ဆုံးရှုံးတဲ့ပမာဏက ကန်ဒေါ်လာ ၈၀၀ မီလျံနီးပါးရှိပါတယ်။ ကိုဗစ်၁၉ ကာလအကျပ်အတည်းရောက်လာချိန်မှာတော့ ဟင်းလုံထရေးဒင်းက လုံးဝကျဆုံးခဲ့ပြီဖြစ်ပါတယ်။

(၂) ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Thai Airways International)

မနေ့က ထိုင်းနိုင်ငံရဲ့ နာမည်ကျော် TG လို့အတိုကောက်ခေါ်ကြတဲ့ Thai Airways International ရဲ့ ဒေဝါလီခံဖို့အဆိုကို ထိုင်းအစိုးရက တရားဝင်ခွင့်ပြုခဲ့တယ်။ ဈေးကွက်ထဲကို တန်ဖိုးသင့်လေကြောင်းလိုင်းတွေဝင်ရောက်လာမှု နဲ့ ကိုဗစ်၁၉ ကာလစီးပွားရေးကျဆင်းမှုတွေကြောင့် လေကြောင်းလိုင်းက ဒေဝါလီခံဖို့ဖြစ်လာတာပါ။ TG ဟာ ၂၀၁၂ ကတည်းက ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေရှိနေခဲ့ပြီး ၂၀၁၉ တစ်နှစ်တည်းမှာတင်ဆုံးရှုံးမှုက ကန်ဒေါ်လာ ၃၇၇.၄ သန်းအထိရှိခဲ့တယ်။ ဒေဝါလီခံလိုက်တယ်ဆိုပေမယ့် လေကြောင်းလိုင်းကို ထိုင်းအစိုးရကဆက်လက်လည်ပတ်နေမှာဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့ပုံမှန်အလုပ်တွေဆက်လုပ်နေရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောခဲ့တယ်။

(၃) Diamond Offshore Drilling

အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့အခြေစိုက် ရေနံတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်တယ်။ ကမ္ဘာတစ်ဝန်းလုပ်ကွက်ပေါင်း ၂၀ ကျော် နဲ့ လုပ်သားပေါင်း ၂၅၀၀ ကျော်ရှိတဲ့ ကုမ္ပဏီလည်းဖြစ်တယ်။ Loews Corporation နဲ့ Carolina Group လို လက်အောက်ခံကုမ္ပဏီတွေရှိပြီး ရေနံတူးဖော်ရေး၊ supplychain နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုအဓိကလုပ်တဲ့လုပ်ငန်းစုဖြစ်တယ်။ ဒါပေမယ့် ကိုဗစ်-၁၉ စီးပွားပျက်ဂယက်က အမေရိက ကိုစတင်ရိုက်ခတ်မှုနဲ့အတူ ၂၀၂၀ ဧပြီ ၂၇ မှာတော့ Diamond Offshore Drilling ပြိုလဲခဲ့ပါတယ်။ Diamond Offshore အနေနဲ့ ဘဏ်တွေကိုပေးချေရမယ့် ကန်ဒေါ်လာအကြွေး ဘီလျံနဲ့ချီရှိနေပြီး ရေနံဈေးထိုးကျမှုက ကုမ္ပဏီပြိုလဲရတဲ့အဓိကအချက်ဖြစ်ခဲ့တယ်။

(၄) JCPenny

အမေရိကန်နိုင်ငံရဲ့ လူသုံးကုန်၊ အစားအသောက် စတဲ့အခြေခံလိုအပ်ချက်တွေကို အဓိက ရောင်းဝယ်ဖောက်ကားမှုပြုလုပ်တဲ့ supplychain အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ၁၉၀၂ ခုနှစ်၊ ဧပြီ ၁၄ က အမေရိကန်နိုင်ငံ၊ ဝိုင်အိုးမင်းပြည်နယ်မှာ JCPenny ကို စတင်တည်ထောင်ခဲ့တာဖြစ်လို့ သူ့ရဲ့သက်တမ်းက နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်တယ်။ အလုပ်သမားဦးရေ ကိုးသောင်းခွဲကျော်ရှိပြီး နိုင်ငံအနှံ့ဆိုင်ခန်းပေါင်း ၈၅၀ ကျော်ရှိတယ်။ ကိုဗစ်ကာလမတိုင်ခင် ဆယ်နှစ်အစောပိုင်းကတည်းက နောက်ထပ်ပေါ်လာတဲ့ Supplychain အဖွဲ့အစည်းတွေကို JCPenny အနေနဲ့ အမှီမလိုက်နိုင်တော့ပါဘူး။ ကိုဗစ်၁၉ ကာလအရောက်မှာတော့ Lockdown နဲ့ social distancing rules တွေအရဆိုင်တွေအားလုံးကိုပိတ်ခဲ့ရပြီး JCPenny ကလည်း လုံးဝပြိုလဲခဲ့တယ်။ JCPenny အနေနဲ့ အမေရိကဘဏ်တွေကို ပေးချေဖို့အကြွေး ၄.၂ ဘီလျံရှိနေပြီး မကြာသေးမီ မေလ ၁၅ ရက်မှာ နိုင်ငံတဝန်းကျန်ရှိတဲ့ ဆိုင်ခန်းပေါင်း ၈၅၀ ကျော်ကိုပိတ်ခဲ့ရတာဖြစ်တယ်။

(၅) Virgin Australia

သြစတေးလျတိုက်ရဲ့နာမည်ကျော်လေကြောင်းလိုင်း ဖြစ်တယ်။ ၂၀၀၀ ခုနှစ်တွေမှာ စီအီးအို ပေါလ်ရှရာ့ (Paul Scurrah) နဲ့ ဘီလျံနာ ရစ်ချတ်ဘရန်ဆင် (Richard Branson) တို့က ပူးပေါင်းတည်ထောင်ခဲ့ပြီး လေယာဉ်ပေါင်းစုံ ၉၈ စီးလောက်ကိုပိုင်ဆိုင်ထားတယ်။ အဲ့ဒီလေကြောင်းလိုင်းကိုတော့ ပင်မအဖွဲ့အစည်းဖြစ်တဲ့ Virgin Australia Holdings က ထိန်းချုပ်ပါတယ်။ ကိုဗစ်၁၉ ကာလအရောက်မှာတော့ လေကြောင်းခရီးသွားဝန်ဆောင်မှုတွေအကြီးအကျယ်ထိခိုက်ခဲ့ပြီး ဧပြီ ၂၁ မှာတော့ ဒေဝါလီခံဖို့အဆိုတင်သွင်းခဲ့တယ်။ အဲ့ဒီနောက် သြစတေးလျအစိုးရက Virgin Australia Airlines ရဲ့ ဒေဝါလီခံဖို့အဆိုကို အတည်ပြုပေးခဲ့တယ်။ Virgin Australia အနေနဲ့ ဘဏ်တွေကိုပေးချေစရာ ကန်ဒေါ်လာ ၃ ဘီလျံကျော်လောက်ရှိနေသေးတယ်လို့ဆိုကြပြီး ကိုဗစ်-၁၉ ကာလရဲ့စီးပွားရေးအကျပ်အတည်းက ကုမ္ပဏီကိုပြိုလဲစေခဲ့တာဖြစ်ပါတယ်။

Credit WE Media

Leave a Comment