မနက္ျဖန္အိမ္ျပန္ရေတာ့မွာျဖစ္ေၾကာင္း သတင္းေကာင္းေလးမွ်ေဝလိုက္တဲ့ နီတာ

လတ္တေလာျဖစ္ပြားေနတဲ့ Covid-19 ကပ္ေရာဂါဆိုးႀကီးရဲ႕သားေကာင္ျဖစ္ခဲ့သူ အဆိုေတာ္နီတာကေတာ့ မနက္ျဖန္မွာ အိမ္ျပန္ရေတာ့မွာျဖစ္ေၾကာင္း သတင္းေကာင္းေလးကို မွ်ေဝခဲ့ပါတယ္။ သူကေတာ့ ဘာသာေရးအခမ္းအနားတစ္ခုကို သြားေရာက္ရာမွတဆင့္ ေရာဂါပိုးကူးစက္ခံခဲ့ရသူျဖစ္ၿပီး စၿပီးေရာဂါလကၡဏာျပကတည္းက ကိုယ္ပိုင္အသိစိတ္နဲ႔ခြဲျခားေနထိုင္ခဲ့ကာ အင္းစိန္ေဆး႐ုံမွာ သြားေရာက္စစ္ေဆးခံခဲ့သူပါ။

ေရာဂါပိုး Positive ထြက္ၿပီးေနာက္ ေဝဘာဂီေဆး႐ုံမွာ Quarantine လုပ္ကာေဆးကုသမႈခံယူခဲ့ပါတယ္။ ေဆးကုသမႈခံယူေနရင္းမွ Negative Result (၂)ႀကိမ္နဲ႔ ေရာဂါပိုးကိုတြန္းလွန္ႏိုင္ခဲ့ၿပီး ေဖာင္ႀကီးမွာ Facility Quarantine (၂) ပတ္ထပ္ေနခဲ့ရာမွ မနက္ျဖန္ဆိုရင္ေတာ့ အိမ္ျပန္ရေတာ့မွာျဖစ္ပါတယ္။ သူဒီေရာဂါဆိုးႀကီးကို ေအာင္ေအာင္ျမင္ျမင္တြန္းလွန္ႏိုင္ခဲ့တာကေတာ့ မိတ္ေဆြအေပါင္းအသင္းမ်ားရဲ႕အားေပးမႈနဲ႔ က်န္းမာေရးဝန္ထမ္းေတြရဲ႕ ေႏြးေထြးၿပီး စည္းစနစ္က်တဲ့ ကုသေစာင့္ေရွာက္မႈေတြေၾကာင့္ ဆိုရင္လည္း မမွားပါဘူး။

သူကေတာ့ ” ေဆး႐ုံမွာ ေသမလားရွင္မလား မသိေသးတဲ့အခ်ိန္မွာ ကြၽန္ေတာ့္ကို လူခ်င္းမေတြ႕ဖူးမျမင္ဖူးေပမယ့္ က႐ုဏာ စိတ္နဲ႔ ေဖးမစာနာၾကတဲ့သူတိုင္းကို ရင္ထဲမွာတသက္လုံး မွတ္တမ္းတင္ေက်းဇူးတင္ရွိေနပါတယ္ ခင္ဗ်ာ” ဆိုၿပီးေတာ့ ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ ဆုေတာင္းေပးမႈေတြေၾကာင့္ အဆိုေတာ္နီတာကေတာ့ မနက္ျဖန္ အိမ္ျပန္ရေတာ့ပါမယ္တဲ့ ပရိသတ္ႀကီးေရ

Source – Ni Tar Vocalist
Credit- Cele Gabar

UNICODE

လတ်တလောဖြစ်ပွားနေတဲ့ Covid-19 ကပ်ရောဂါဆိုးကြီးရဲ့သားကောင်ဖြစ်ခဲ့သူ အဆိုတော်နီတာကတော့ မနက်ဖြန်မှာ အိမ်ပြန်ရတော့မှာဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ သူကတော့ ဘာသာရေးအခမ်းအနားတစ်ခုကို သွားရောက်ရာမှတဆင့် ရောဂါပိုးကူးစက်ခံခဲ့ရသူဖြစ်ပြီး စပြီးရောဂါလက္ခဏာပြကတည်းက ကိုယ်ပိုင်အသိစိတ်နဲ့ခွဲခြားနေထိုင်ခဲ့ကာ အင်းစိန်ဆေးရုံမှာ သွားရောက်စစ်ဆေးခံခဲ့သူပါ။

ရောဂါပိုး Positive ထွက်ပြီးနောက် ဝေဘာဂီဆေးရုံမှာ Quarantine လုပ်ကာဆေးကုသမှုခံယူခဲ့ပါတယ်။ ဆေးကုသမှုခံယူနေရင်းမှ Negative Result (၂)ကြိမ်နဲ့ ရောဂါပိုးကိုတွန်းလှန်နိုင်ခဲ့ပြီး ဖောင်ကြီးမှာ Facility Quarantine (၂) ပတ်ထပ်နေခဲ့ရာမှ မနက်ဖြန်ဆိုရင်တော့ အိမ်ပြန်ရတော့မှာဖြစ်ပါတယ်။ သူဒီရောဂါဆိုးကြီးကို အောင်အောင်မြင်မြင်တွန်းလှန်နိုင်ခဲ့တာကတော့ မိတ်ဆွေအပေါင်းအသင်းများရဲ့အားပေးမှုနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ နွေးထွေးပြီး စည်းစနစ်ကျတဲ့ ကုသစောင့်ရှောက်မှုတွေကြောင့် ဆိုရင်လည်း မမှားပါဘူး။

သူကတော့ ” ဆေးရုံမှာ သေမလားရှင်မလား မသိသေးတဲ့အချိန်မှာ ကျွန်တော့်ကို လူချင်းမတွေ့ဖူးမမြင်ဖူးပေမယ့် ကရုဏာ စိတ်နဲ့ ဖေးမစာနာကြတဲ့သူတိုင်းကို ရင်ထဲမှာတသက်လုံး မှတ်တမ်းတင်ကျေးဇူးတင်ရှိနေပါတယ် ခင်ဗျာ” ဆိုပြီးတော့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဆုတောင်းပေးမှုတွေကြောင့် အဆိုတော်နီတာကတော့ မနက်ဖြန် အိမ်ပြန်ရတော့ပါမယ်တဲ့ ပရိသတ်ကြီးရေ

Source – Ni Tar Vocalist
Credit- Cele Gabar

Leave a Comment