ပိုးေတြ႕ထားသူမေလးရွားျပန္ ၉ ဦးအနက္ ၈ ဦးကေလယာဥ္တစ္စီးတည္းကျဖစ္ေျကာင္းသိရ

ေမလ ၁၆ ရက္ကေန ၁၉ ရက္အထိ ျပည္ေတာ္ျပန္ ၁၁ ဦးမွာ ေရာဂါပိုးေတြ႕ထား COVID-19 ပိုးေတြ႕ရွိထားသူ မေလးရွားျပန္ လူနာ ၉ ဦးအနက္ ၈ ဦးဟာ ေမလ ၁၁ ရက္ေန႔က MH742 ေလယာဥ္နဲ႔ ျပန္လာခဲ့တဲ့သူေတြ ျဖစ္တယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။မေလးရွားအစိုးရအစီအစဥ္နဲ႔ ျပည္ႏွင္ဒဏ္ေပးၿပီး ျပန္လႊတ္ေပးခဲ့တဲ့ မေလးရွားထိန္းသိမ္းေရးစခန္းေတြက ျမန္မာႏိုင္ငံသား ၃၉၁ ဦးတို႔ဟာ ေမလ ၁၁ ရက္ေန႔က မေလးရွားေလေၾကာင္းလိုင္း MH742 ေလယာဥ္နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အဆိုပါ ျမန္မာႏိုင္ငံသား ၃၉၁ ဦးထဲက ၈ ဦးမွာ COVID-19 ပိုးေတြ႕ရွိထားတာျဖစ္ပါတယ္။

ေမလ ၁၆ ရက္ကေန ေမလ ၁၉ ရက္ေန႔အထိ ထုတ္ျပန္ခ်က္အရ လူနာအမွတ္ ၁၈၂ ၊ ၁၈၄ ကေန ၁၉၁ အထိ စုစုေပါင္း လူနာ ၉ ဦးစလုံးဟာ မေလးရွားက ျပန္လာသူေတြ ျဖစ္ၿပီး လူနာအမွတ္ ၁၈၄ က လြဲရင္ က်န္တဲ့ ၈ ဦးစလုံးဟာ ေလယာဥ္တစ္စီးတည္းက ျဖစ္တယ္လို႔ ဆိုပါတယ္။မေလးရွားျပန္ ပိုးေတြ႕လူနာ ၉ ေယာက္မွာ ၈ ေယာက္က ဆက္စပ္မႈရွိတယ္။ ၈ ေယာက္က ေမလ ၁၁ ရက္ေန႔ ညေန ၃ နာရီက MH742 ေလယာဥ္နဲ႔ ျပန္လာတဲ့သူေတြပါ။ လူနာအမွတ္ ၁၈၄ ကေတာ့ ေမလ ၈ ရက္က ျပန္လာတဲ့အသုတ္ထဲကပါ။” လို႔ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။

လက္ရွိမွာ မေလးရွားႏိုင္ငံကေန ျမန္မာႏိုင္ငံကို ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ ေမလ ၈ ရက္ေန႔က ပထမအႀကိမ္အျဖစ္ ျပန္လည္ေခၚေဆာင္ခဲ့ရသူ ၉၃ ဦး၊ ေမလ ၁၁ ရက္ေန႔ကေတာ့ မေလးရွားႏိုင္ငံက ထိန္းသိမ္းေရးစခန္းေတြက ျပန္လည္ေရာက္ရွိလာတဲ့ ျမန္မာႏိုင္ငံသား ၃၉၁ ဦး ၊ စုစုေပါင္း မေလးရွားက ျပန္လာသူ ျမန္မာႏိုင္ငံသား ၄၈၄ ဦးရွိေနၿပီး ဒီကေန႔ ေမလ ၂၀ ရက္ ညေနမွာလည္း MAI ေလေၾကာင္းလိုင္းက ကယ္ဆယ္ေရးေလယာဥ္နဲ႔ ၁၇၅ ဦး ျပန္လာမယ္လို႔ ကြာလာလမ္ပူၿမိဳ႕ရွိ ျမန္မာသံ႐ုံးကသတင္းထုတ္ျပန္ထားပါတယ္။

လက္ရွိပိုးေတြ႕ထားသူ မေလးရွားျပန္လူနာ ၉ ဦးကေတာ့ လူနာအမွတ္ ၁၈၂ (ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္)၊ လူနာအမွတ္ ၁၈၄ (ရန္ကုန္တိုင္း ပုဇြန္ေတာင္ၿမိဳ႕နယ္)၊ လူနာအမွတ္ ၁၈၅ (တနသၤာရီတိုင္း၊ တနသၤာရီၿမိဳ႕နယ္) ၊ လူနာအမွတ္ ၁၈၆ ၊ ၁၈၇ (ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္) ၊ လူနာအမွတ္ ၁၈၈ (ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕နယ္)၊ လူနာအမွတ္ ၁၉၀(ရခိုင္ျပည္နယ္၊ေတာင္ကုတ္ၿမိဳ႕နယ္)၊ လူနာအမွတ္ ၁၈၉ (မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္)နဲ႔ လူနာအမွတ္ ၁၉၁( ဧရာဝတီတိုင္း၊ ပန္းတေနာ္ၿမိဳ႕နယ္) တို႔က ျဖစ္တယ္လို႔သိရပါတယ္။အစိုးရက ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြကို ျပန္လည္ေခၚယူေရးေတြျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္

ေမလ ၁၆ ရက္ကေန ေမလ ၂၀ ရက္ေန႔မနက္အထိ ျပည္ပက ျပန္လာသူ ၁၁ ဦးမွာ ေရာဂါပိုးေတြ႕ရွိထားၿပီး ၉ ဦးက မေလးရွားျပန္ေတြ ျဖစ္ကာ ၂ ဦးကေတာ့ ယူေအအီးႏိုင္ငံက ျပန္လာသူ ျဖစ္တယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန အခ်က္အလက္ေတြ အရသိရပါတယ္။

Credit Duwun

UNICODE

မေလ ၁၆ ရက်ကနေ ၁၉ ရက်အထိ ပြည်တော်ပြန် ၁၁ ဦးမှာ ရောဂါပိုးတွေ့ထား COVID-19 ပိုးတွေ့ရှိထားသူ မလေးရှားပြန် လူနာ ၉ ဦးအနက် ၈ ဦးဟာ မေလ ၁၁ ရက်နေ့က MH742 လေယာဉ်နဲ့ ပြန်လာခဲ့တဲ့သူတွေ ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။မလေးရှားအစိုးရအစီအစဉ်နဲ့ ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ပေးခဲ့တဲ့ မလေးရှားထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၃၉၁ ဦးတို့ဟာ မေလ ၁၁ ရက်နေ့က မလေးရှားလေကြောင်းလိုင်း MH742 လေယာဉ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဆိုပါ မြန်မာနိုင်ငံသား ၃၉၁ ဦးထဲက ၈ ဦးမှာ COVID-19 ပိုးတွေ့ရှိထားတာဖြစ်ပါတယ်။

မေလ ၁၆ ရက်ကနေ မေလ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ လူနာအမှတ် ၁၈၂ ၊ ၁၈၄ ကနေ ၁၉၁ အထိ စုစုပေါင်း လူနာ ၉ ဦးစလုံးဟာ မလေးရှားက ပြန်လာသူတွေ ဖြစ်ပြီး လူနာအမှတ် ၁၈၄ က လွဲရင် ကျန်တဲ့ ၈ ဦးစလုံးဟာ လေယာဉ်တစ်စီးတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။မလေးရှားပြန် ပိုးတွေ့လူနာ ၉ ယောက်မှာ ၈ ယောက်က ဆက်စပ်မှုရှိတယ်။ ၈ ယောက်က မေလ ၁၁ ရက်နေ့ ညနေ ၃ နာရီက MH742 လေယာဉ်နဲ့ ပြန်လာတဲ့သူတွေပါ။ လူနာအမှတ် ၁၈၄ ကတော့ မေလ ၈ ရက်က ပြန်လာတဲ့အသုတ်ထဲကပါ။” လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

လက်ရှိမှာ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မေလ ၈ ရက်နေ့က ပထမအကြိမ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရသူ ၉၃ ဦး၊ မေလ ၁၁ ရက်နေ့ကတော့ မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေက ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၃၉၁ ဦး ၊ စုစုပေါင်း မလေးရှားက ပြန်လာသူ မြန်မာနိုင်ငံသား ၄၈၄ ဦးရှိနေပြီး ဒီကနေ့ မေလ ၂၀ ရက် ညနေမှာလည်း MAI လေကြောင်းလိုင်းက ကယ်ဆယ်ရေးလေယာဉ်နဲ့ ၁၇၅ ဦး ပြန်လာမယ်လို့ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကသတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိပိုးတွေ့ထားသူ မလေးရှားပြန်လူနာ ၉ ဦးကတော့ လူနာအမှတ် ၁၈၂ (ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်)၊ လူနာအမှတ် ၁၈၄ (ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်)၊ လူနာအမှတ် ၁၈၅ (တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်) ၊ လူနာအမှတ် ၁၈၆ ၊ ၁၈၇ (ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်) ၊ လူနာအမှတ် ၁၈၈ (ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်)၊ လူနာအမှတ် ၁၉၀(ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်)၊ လူနာအမှတ် ၁၈၉ (မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်)နဲ့ လူနာအမှတ် ၁၉၁( ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်) တို့က ဖြစ်တယ်လို့သိရပါတယ်။အစိုးရက ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရေးတွေပြုလုပ်ခဲ့ပြီးတဲ့နောက်

မေလ ၁၆ ရက်ကနေ မေလ ၂၀ ရက်နေ့မနက်အထိ ပြည်ပက ပြန်လာသူ ၁၁ ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီး ၉ ဦးက မလေးရှားပြန်တွေ ဖြစ်ကာ ၂ ဦးကတော့ ယူအေအီးနိုင်ငံက ပြန်လာသူ ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အချက်အလက်တွေ အရသိရပါတယ်။

Credit Duwun

Leave a Comment