“အေမျဖစ္သူကုိဆုံး႐ႈံးၿပီးေနာက္ပုိင္းမွာ သူမအတြက္ ကမၻာႀကီးအျဖစ္ ရွိေနတဲ့ သူေတြကို ဝမ္းနည္းစြာေျပာျပလာတဲ့ ဆုျမတ္ႏိုးဦးရဲ႕ဗီဒီယုိဖိုင္”

ဇာတ္ကားတိုင္းရဲ႕ကာ႐ုိက္တာ ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသမီးဆုျမတ္ႏိုးဦးကုိ ပရိသတ္ေတြနဲ႔ အထူးတလည္ မိတ္ဆက္ေပးဖို႔မလိုေလာက္ဘူးထင္ပါတယ္။ ဆုျမတ္ႏိုးဦးကေတာ့ ေပ်ာ္ေပ်ာ္ပါးပါးေနတတ္သူျဖစ္ေပမယ့္ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္တစ္ဦးဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူငယ္ခ်င္းျဖစ္သူ ညီထြဋ္ေခါင္၊ေက်ာ္ေက်ာ္တို႔နဲ႔အတူ N.H.K ဗရမ္းဗတာ ဘီအက္ဖ္အက္ဖ္မ်ား ေပ့ခ်္ေလးတည္ေထာင္ၿပီး ဟာသဗီဒီယိုေလးေတြကုိ တင္ေပးရင္း ပရိသတ္ေတြရဲ႕အားေပးမႈကုိ တစ္ခဲနက္ရ႐ွိသြားတဲ့သူေတြပဲျဖစ္ပါတယ္။

သူမဟာဆိုရင္ သိပ္မၾကာေသးခင္ကမွ အေမျဖစ္သူကုိဆုံး႐ႈံးကာ စိတ္ထိခိုက္ေပမယ့္ ေဘးကေန သူငယ္ခ်င္းေတြရဲ႕အားေပးႏွစ္သိမ့္မႈေၾကာင့္ အရင္လိုရယ္ေမာလာတာပါပဲေနာ္။ ဆုျမတ္ႏိုးဦးက “ကမာၻပတ္ေျပးသူ” ဗီဒီယိုေလး႐ုိက္ကာ သူမရဲ႕ကမာၻ့ကေတာ့ ေက်ာ္ေက်ာ္နဲ႔ညီထြဋ္ေခါင္ဆိုၿပီ ဝမ္းနည္းစြာေျပာခ်လာတဲ့ ဗီဒီယုိဖိုင္ေလးကုိ သူမတို႔ရဲ႕ေပ့ခ်္မွာ တင္လာခဲ့တာပဲျဖစိပါတယ္။

ပရိသတ္ေတြအတြက္ ဆုျမတ္ႏိုးဦးရဲ႕ကမာၻပတ္ေျပး ဗီဒီယုိဖိုင္ေလးကုိ ျပန္လည္ၿပီးမ်ွေဝေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီးမွာေကာ ဆုျမတ္ႏိုးဦးရဲ႕ဗီဒီယုိဖိုင္ေလးၾကည့္ကာ ထပ္တူခံစားရမယ္လို႔ထင္ပါတယ္။

Soure N.H.K ဗရမ္းဗတာ ဘီအက္ဖ္အက္ဖ္
Credit CeleConnections

UNICODE

ဇာတ်ကားတိုင်းရဲ့ကာရိုက်တာ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးဆုမြတ်နိုးဦးကို ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဆုမြတ်နိုးဦးကတော့ ပျော်ပျော်ပါးပါးနေတတ်သူဖြစ်ပေမယ့် ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူငယ်ချင်းဖြစ်သူ ညီထွဋ်ခေါင်၊ကျော်ကျော်တို့နဲ့အတူ N.H.K ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ ပေ့ချ်လေးတည်ထောင်ပြီး ဟာသဗီဒီယိုလေးတွေကို တင်ပေးရင်း ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိသွားတဲ့သူတွေပဲဖြစ်ပါတယ်။

သူမဟာဆိုရင် သိပ်မကြာသေးခင်ကမှ အမေဖြစ်သူကိုဆုံးရှုံးကာ စိတ်ထိခိုက်ပေမယ့် ဘေးကနေ သူငယ်ချင်းတွေရဲ့အားပေးနှစ်သိမ့်မှုကြောင့် အရင်လိုရယ်မောလာတာပါပဲနော်။ ဆုမြတ်နိုးဦးက “ကမ္ဘာပတ်ပြေးသူ” ဗီဒီယိုလေးရိုက်ကာ သူမရဲ့ကမ္ဘာ့ကတော့ ကျော်ကျော်နဲ့ညီထွဋ်ခေါင်ဆိုပြီ ဝမ်းနည်းစွာပြောချလာတဲ့ ဗီဒီယိုဖိုင်လေးကို သူမတို့ရဲ့ပေ့ချ်မှာ တင်လာခဲ့တာပဲဖြစိပါတယ်။

ပရိသတ်တွေအတွက် ဆုမြတ်နိုးဦးရဲ့ကမ္ဘာပတ်ပြေး ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးမှာကော ဆုမြတ်နိုးဦးရဲ့ဗီဒီယိုဖိုင်လေးကြည့်ကာ ထပ်တူခံစားရမယ်လို့ထင်ပါတယ်။

Soure N.H.K ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်
Credit CeleConnections

Leave a Comment