ခ်စ္သူကို သဲသဲလႈပ္ ခ်စ္တဲ့ ေကာင္ေလးေတြသာ ျပဳလုပ္တတ္တဲ့ အရာမ်ား

ခ်စ္သူရွိတယ္ဆိုတိုင္း အခ်စ္ကို ပိုင္ဆိုင္ရၾကတာေတာ့ မဟုတ္ပါဘူး။ လက္တြဲေဖာ္ေတြ ေတြ႔တိုင္းလည္း ကိုယ့္နဲ႔ အမွန္တကယ္ ကိုက္ညီၿပီး စိတ္ခ်မ္းသာရတာေတာ့ မဟုတ္ပါဘူး။ ဒီလိုဆိုေပမယ့္ တစ္ခ်ိဳ႕ေကာင္မေလးေတြက တကယ့္ကို ခ်စ္တတ္တဲ့ ေကာင္ေလးေတြကို ပိုင္ဆိုင္ထားတတ္ၾကပါတယ္။ တကယ္က ေကာင္ေလးေတြက မိန္းကေလးေတြကို အေတာ္ေလးေလးနက္နက္ ခ်စ္တယ္ဆိုတာမ်ိဳး ျဖစ္မွ ဒီလို ကံေကာင္းမႈကို ပိုင္ဆိုင္ၾကတာပါ။ ကိုယ့္ခ်စ္သူကို သိပ္ကို ခ်စ္တဲ့ ေကာင္ေလးေတြမွာ ရွိတတ္တဲ့ အျပဳအမူ အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

(၁) ခ်စ္သူကို ဝမ္းမနည္းေစခ်င္ဘူး

ကဗ်ာဆရာ ၾကည္ေဇာ္ေအးရဲ႕ ဘယ္အစိုးရတက္တက္ ခ်စ္သူ မ်က္ရည္တစ္စက္ က်ရင္ ေတာ္လွန္ဖို႔ အဆင္သင့္ပဲ ဆိုတဲ့ကဗ်ာလိုပါပဲ။ ေကာင္ေလးေတြ ခ်စ္မိသြားတဲ့အခါ ခ်စ္သူေကာင္မေလး ဝမ္းနည္းတာကို မျမင္ခ်င္ၾကပါဘူး။ ခ်စ္သူ ငိုတာကို ေတြ႔ရတာ သူတို႔လည္း နာက်င္ရတာမို႔ အတတ္ႏိုင္ဆံုး သူတို႔ေၾကာင့္ ဝမ္းမနည္းရဖို႔ ျပဳလုပ္ေပးတတ္ၾကပါတယ္။

(၂) ကတိတည္တယ္

ခ်စ္သူေကာင္မေလးက မႏွစ္သက္လို႔ တားျမစ္တဲ့အရာေတြကို ညွိႏိႈင္းၿပီး ေျပာဆိုတတ္ၾကပါတယ္။ သူ မသိလိုက္ပဲ လုပ္မိတဲ့အရာေတြက သူမအတြက္ စိတ္ထိခိုက္စရာ ျဖစ္ေနခဲ့ရင္လည္း ေနာက္မျဖစ္ေအာင္ ကတိေပးတတ္ၾကသလို ေနာက္ကြယ္မွာျဖစ္ေစ ေရွ႕မွာျဖစ္ေစ ကတိကို တည္ေအာင္ ထိန္းတတ္ပါတယ္။

(၃) ေလးစားတယ္

ကိုယ္က ခ်စ္ရသူမို႔ ကိုယ့္ခ်စ္သူအျဖစ္ ေလးစားမႈ ေပးတတ္ၾကပါတယ္။ သူ႔အတြက္ ထိန္းသိမ္းေပးတဲ့အရာေတြ ရွိသလို သူ႔ကိုလည္း ကိုယ့္ခ်စ္သူအျဖစ္ အမ်ားေရွ႕မွာ အသိအမွတ္ျပဳ ဆက္ဆံေပးတတ္ၾကပါတယ္။

(၄) မုန္႔ေတြ ဝယ္ပို႔တယ္

ကိုယ့္ေကာင္မေလး ဘာႀကိဳက္တတ္လဲဆိုတာကို အဲ့ဒီေကာင္ေလးေတြက မွတ္မိေနတတ္ၿပီး လမ္းမွာ သတိရရင္လည္း ေကာင္မေလး စားဖို႔ဆိုၿပီး ဝယ္လာတတ္သလို ေကာင္မေလးက စားခ်င္တယ္ဆိုရင္ ေနရာေဝးရင္ေတာင္ သြားဝယ္ေပးတတ္ပါေသးတယ္။

(၅) နားေထာင္တယ္

ေကာင္မေလးက ဘာေတြ သေဘာက်တယ္ မက်ဘူးဆိုတာကို သိၾကပါတယ္။ စိတ္လိုလက္ရ သူ႔ကို စကားေျပာတဲ့အခါ သူ႔ကို တိုင္ပင္တဲ့အခါ ရင္ဖြင့္တဲ့အခါေတြမွာ နားေထာင္ေပးတတ္ၾကပါတယ္။ ဒါက သူ႔ကို ေထာက္ခံလိုက္တာမ်ိဳးထက္ သူ႔ကို သက္သာရာ ရေစခ်င္တဲ့ စိတ္ေၾကာင့္လည္း ျဖစ္ပါတယ္္။

(၆) မၿငိဳျငင္ဘူး

ေနမေကာင္းတဲ့အခ်ိန္ေတြ မူးၿပီး အန္တဲ့အရာေတြကိုကအစ မၿငိဳျငင္တတ္တာက ခ်စ္ရတဲ့သူေတြမွာပဲ ရွိတတ္တာပါ။ သင့္ရဲ႕ အဆိုးဆံုးေသာ အရာေတြကိုေတာင္မွာ စိတ္ပ်က္မသြားသူကို သင့္ကို ခ်စ္ႏွစ္သက္သူအစစ္ ျဖစ္ပါတယ္ေနာ္။

(၇) အခ်ိန္ေပးတယ္

လူတိုင္းကေတာ့ ေန႔စဥ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရုန္းကန္ လႈပ္ရွားေနၾကရတာပါ။ ဒီလို ေခတ္ထဲမွာေတာင္ သင့္နဲ႔ စကားေျပာဖို႔ အျပင္သြားဖို႔ အလုပ္ေတြ အတူလုပ္ဖို႔ မုန္႔အတူစားဖို႔ စတဲ့အခ်ိန္ေတြ ေပးတဲ့အျပင္ သူ အျပင္သြားတဲ့အခါမွာပါ သင့္ကို ေခၚၿပီး သြားခ်င္ရင္ေတာ့ သင့္ကို အရမ္းကို ခ်စ္လြန္းလို႔ဆိုတာကို သိထားလိုက္ပါေတာ့ေနာ္။

Credit Aunty May

UNICODE

ချစ်သူရှိတယ်ဆိုတိုင်း အချစ်ကို ပိုင်ဆိုင်ရကြတာတော့ မဟုတ်ပါဘူး။ လက်တွဲဖော်တွေ တွေ့တိုင်းလည်း ကိုယ့်နဲ့ အမှန်တကယ် ကိုက်ညီပြီး စိတ်ချမ်းသာရတာတော့ မဟုတ်ပါဘူး။ ဒီလိုဆိုပေမယ့် တစ်ချို့ကောင်မလေးတွေက တကယ့်ကို ချစ်တတ်တဲ့ ကောင်လေးတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ တကယ်က ကောင်လေးတွေက မိန်းကလေးတွေကို အတော်လေးလေးနက်နက် ချစ်တယ်ဆိုတာမျိုး ဖြစ်မှ ဒီလို ကံကောင်းမှုကို ပိုင်ဆိုင်ကြတာပါ။ ကိုယ့်ချစ်သူကို သိပ်ကို ချစ်တဲ့ ကောင်လေးတွေမှာ ရှိတတ်တဲ့ အပြုအမူ အချို့ကို ဖော်ပြပေးလိုက်ရပါတယ်နော်။

(၁) ချစ်သူကို ဝမ်းမနည်းစေချင်ဘူး

ကဗျာဆရာ ကြည်ဇော်အေးရဲ့ ဘယ်အစိုးရတက်တက် ချစ်သူ မျက်ရည်တစ်စက် ကျရင် တော်လှန်ဖို့ အဆင်သင့်ပဲ ဆိုတဲ့ကဗျာလိုပါပဲ။ ကောင်လေးတွေ ချစ်မိသွားတဲ့အခါ ချစ်သူကောင်မလေး ဝမ်းနည်းတာကို မမြင်ချင်ကြပါဘူး။ ချစ်သူ ငိုတာကို တွေ့ရတာ သူတို့လည်း နာကျင်ရတာမို့ အတတ်နိုင်ဆုံး သူတို့ကြောင့် ဝမ်းမနည်းရဖို့ ပြုလုပ်ပေးတတ်ကြပါတယ်။

(၂) ကတိတည်တယ်

ချစ်သူကောင်မလေးက မနှစ်သက်လို့ တားမြစ်တဲ့အရာတွေကို ညှိနှိုင်းပြီး ပြောဆိုတတ်ကြပါတယ်။ သူ မသိလိုက်ပဲ လုပ်မိတဲ့အရာတွေက သူမအတွက် စိတ်ထိခိုက်စရာ ဖြစ်နေခဲ့ရင်လည်း နောက်မဖြစ်အောင် ကတိပေးတတ်ကြသလို နောက်ကွယ်မှာဖြစ်စေ ရှေ့မှာဖြစ်စေ ကတိကို တည်အောင် ထိန်းတတ်ပါတယ်။

(၃) လေးစားတယ်

ကိုယ်က ချစ်ရသူမို့ ကိုယ့်ချစ်သူအဖြစ် လေးစားမှု ပေးတတ်ကြပါတယ်။ သူ့အတွက် ထိန်းသိမ်းပေးတဲ့အရာတွေ ရှိသလို သူ့ကိုလည်း ကိုယ့်ချစ်သူအဖြစ် အများရှေ့မှာ အသိအမှတ်ပြု ဆက်ဆံပေးတတ်ကြပါတယ်။

(၄) မုန့်တွေ ဝယ်ပို့တယ်

ကိုယ့်ကောင်မလေး ဘာကြိုက်တတ်လဲဆိုတာကို အဲ့ဒီကောင်လေးတွေက မှတ်မိနေတတ်ပြီး လမ်းမှာ သတိရရင်လည်း ကောင်မလေး စားဖို့ဆိုပြီး ဝယ်လာတတ်သလို ကောင်မလေးက စားချင်တယ်ဆိုရင် နေရာဝေးရင်တောင် သွားဝယ်ပေးတတ်ပါသေးတယ်။

(၅) နားထောင်တယ်

ကောင်မလေးက ဘာတွေ သဘောကျတယ် မကျဘူးဆိုတာကို သိကြပါတယ်။ စိတ်လိုလက်ရ သူ့ကို စကားပြောတဲ့အခါ သူ့ကို တိုင်ပင်တဲ့အခါ ရင်ဖွင့်တဲ့အခါတွေမှာ နားထောင်ပေးတတ်ကြပါတယ်။ ဒါက သူ့ကို ထောက်ခံလိုက်တာမျိုးထက် သူ့ကို သက်သာရာ ရစေချင်တဲ့ စိတ်ကြောင့်လည်း ဖြစ်ပါတယ်။

(၆) မငြိုငြင်ဘူး

နေမကောင်းတဲ့အချိန်တွေ မူးပြီး အန်တဲ့အရာတွေကိုကအစ မငြိုငြင်တတ်တာက ချစ်ရတဲ့သူတွေမှာပဲ ရှိတတ်တာပါ။ သင့်ရဲ့ အဆိုးဆုံးသော အရာတွေကိုတောင်မှာ စိတ်ပျက်မသွားသူကို သင့်ကို ချစ်နှစ်သက်သူအစစ် ဖြစ်ပါတယ်နော်။

(၇) အချိန်ပေးတယ်

လူတိုင်းကတော့ နေ့စဉ် အကြောင်းအမျိုးမျိုးကြောင့် ရုန်းကန် လှုပ်ရှားနေကြရတာပါ။ ဒီလို ခေတ်ထဲမှာတောင် သင့်နဲ့ စကားပြောဖို့ အပြင်သွားဖို့ အလုပ်တွေ အတူလုပ်ဖို့ မုန့်အတူစားဖို့ စတဲ့အချိန်တွေ ပေးတဲ့အပြင် သူ အပြင်သွားတဲ့အခါမှာပါ သင့်ကို ခေါ်ပြီး သွားချင်ရင်တော့ သင့်ကို အရမ်းကို ချစ်လွန်းလို့ဆိုတာကို သိထားလိုက်ပါတော့နော်။

Credit Aunty May

Leave a Comment