“ကိုဗစ်ပြီးတာနဲ့ ပရိသတ်တွေအံ့သြသွားစေမယ့် အရာလေးတစ်ခုကို ပြုလုပ်မယ်ဆိုတဲ့ G-Fatt”





UNICODE

နာမည်ကြီး အဆိုတော် G-Fatt ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ G-Fatt ကတော့ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ပထမဆုံးသီချင်းဖြစ်တဲ့ “ပြည်ပသို့ ပေးစာ”သီချင်းလေးနဲ့ သိမ်းပိုက်ခဲ့တဲ့သူပဲဖြစ်ပါတယ်.။ G-Fattဟာ ကိုယ်တိုင်ရေးကာ ကိုယ်တိုင်ဆိုတဲ့ အသည်းကွဲသီချင်းတွေဟာ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျကာ အားပေးမှုတွေကို ရရှိထားသူလို့ ဆိုရမှာပါ.။

G-Fatt ရဲ့ ထွက်သမျှသီချင်းတိုင်းဟာ လွမ်းဆွေးမှုရသတွေနဲ့ ပြည့်နေပြီး ထွက်ရှိတဲ့ အချိန်တိုင်းမှာလည်း ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးမှုတွေကို ရရှိခဲ့ပါတယ်.။ ဒီနေ့ မေလ (၁၂)ရက်နေ့မှာတော့ G-Fatt က Covid 19 ရောဂါကြောင့် အိမ်မှာပဲ နေရတဲ့ အချိန် သီချင်းတွေ တော်တော် ရေးဖြစ်နေတဲ့ အကြောင်းလေးကို “Covid ကြီးလဲပြီးရော တစ်ခွေ ပြီးပြီဆိုပြီး ကောက်ထွက်ချ လိုက်မယ် ဆိုရင်တော့ဖျင့် ပေါ့ကွာ .။ အိမ်မက်တွေပေးမယ်”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

Covid 19 ရောဂါကပ်ဆိုးကြီးလည်း ပြီးသွားတဲ့အချိန် တစ်ခွေစာထုတ်ဖို့ သီချင်းတွေလည်း ရေးပြီးနေတာကြောင့် အခွေလည်း ထွက်နိုင်တော့မယ့်အကြောင်းကို ရေးတင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း G-Fatt ရဲ့ သီချင်းခွေအသစ်လေးတွေကို မျှော်လင့်နေကြပြီလား???

Source: G-Fatt’ s Facebook
Credit (Cele Connections)

Leave a Comment