ဘုရားဖူးတွေမလာတော့လို့ အစာမရှိဖြစ်နေတဲ့ ပုပ္ပါးကမျောက်လေးတွေကို အစာလှူဒါန်းလိုက်တဲ့ စမိုင်းလ်




Credit -CeleGabar

UNICODE

အလှူရေစက်လက်မကွာဆိုသလို အလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ စမိုင်းလ်ကတော့ လက်ရှိမှာ Covid-19 ရောဂါကပ်ဆိုးကြီးကြောင့် ဘုရားဖူးတွေမလာတော့လို့ အစာမရှိဖြစ်နေတဲ့ ပုပ္ပါးကမျောက်လေးတွေကို အစာလှူဒါန်းလိုက်တဲ့အကြောင်းကို “ပုပ္ပါးမှာဘုရားဖူးတွေမလာလိုအဆာမရှိရှာတဲ့မျောက်ကလေးတွေကိုဒီနေ့ မမျိုးမျိုးခိုင်အကူအညီနဲ့ဒုတိယအကြိမ်လှူခဲ့တယ်

ပါဝင်လှူဒါန်းချင်သူများ 095082066 မမျိုးမျိုးခိုင် ဖုန်းကိုဆက်သွယ်ပြီးလှူဒါန်းနိုင်ပါတယ်ရှင်” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။လတ်တလောဖြစ်ပေါ်နေတဲ့ Covid-19 ရောဂါ ကာကွယ်ကုသရေးအတွက်လည်း လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်းမကြာခဏလှူဒါန်းပေးနေခဲ့တဲ့ အပြင် Covid-19 ကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ သူတွေအတွက်ကိုလည်း စားသောက်ကုန်တွေတတ်နိုင်သလောက်လှူဒါန်းပေးနေခဲ့ပါသေးတယ်။ အခုတစ်ခေါက်မှာလည်း စမိုင်းလ်က Covid-19 ရောဂါကပ်ဆိုးကြီးကြောင့် ဘုရားဖူးတွေမလာတော့လို့ အစာမရှိဖြစ်နေတဲ့ ပုပ္ပါးကမျောက်လေးတွေကို အစာလှူဒါန်းလိုက်တဲ့ပါတယ်တဲ့။

ပရိသတ်ကြီးရေ ပရိသတ်တွေ အားကျရလောက်တဲ့ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ လူတွေသာမကဘဲ ဘုရားဖူးတွေမလာတော့လို့ အစာမရှိဖြစ်နေတဲ့ ပုပ္ပါးကမျောက်လေးတွေကို အစာလှူဒါန်းခဲ့တာနော်။ ပရိသတ်ကြီးရေ စမိုင်းလ်ရဲ့ အလှူလေးကတော့ မွန်မြတ်လှပါတယ်။

Source: စမိုင်းလ် Smile
Credit -CeleGabar

Leave a Comment