ပရိသတ္ေတြေပးတဲ့ ေမြးေန႔လက္ေဆာင္ေၾကာင့္ Surprise ျဖစ္ခဲ့ရတဲ့ ေမျမင့္မိုရ္

လိုအပ္တဲ့အရာေတြကို ၾကည့္ၿပီး ျဖည့္ဆည္းေပးတတ္ၾကတယ္။ေမျမင့္မိုရ္ကို ခ်စ္တဲ့ ပရိသတ္ေတြက ေမျမင့္မိုရ္တစ္ေယာက္ Stay Home ကာလမွာ ေလ့က်င့္ခန္း ပုံမွန္လုပ္ႏိုင္ဖို႔ အတြက္ ေျပးစက္တစ္လုံး လက္ေဆာင္ေပးခဲ့ၾကတယ္လို႔ သိရပါတယ္။ ေမလ(၁၁) ရက္ေန႔က သ႐ုပ္ေဆာင္ ေမျမင့္မိုရ္ရဲ႕ ေမြးေန႔ေလးပါ။ ေမျမင့္မိုရ္ရဲ႕ ေမြးေန႔အတြက္ သူမရဲ႕ပရိသတ္ေတြက လက္ေဆာင္ပစၥည္းေတြ ပို႔ေပးၿပီး Surprise လုပ္ေပးခဲ့ၾကပါတယ္။ ပရိသတ္ေတြ ေပးတဲ့ လက္ေဆာင္ေတြထဲမွာမွ သူမအတြက္ Surprise ျဖစ္ခဲ့ရတဲ့ လက္ေဆာင္ေလး ရွိပါတယ္တဲ့။

“ ဒီႏွစ္ကေတာ့ ေမ့ရဲ႕ ေမြးေန႔ကိတ္ေတြကို May’s Maymily ေလးေတြနဲ႔ အတူတူခြဲခ်င္ေပမယ့္ ေမာင္ေလးနဲ႔ ပဲအတူတူ ေမြးေန႔ကိတ္ခြဲလိုက္ရပါတယ္။ ဒီႏွစ္အတြက္ Surprise လက္ေဆာင္ကေတာ့ ေျပးစက္ ျဖစ္ပါတယ္။ အိမ္မွာေနရင္ ဝေနမွာ စိုးလို႔တဲ့ May’s maymily ေတြ အားလုံးစုၿပီးေတာ့ BH က ေျပးစက္ကို ဝယ္ေပးၾကတယ္။ အိမ္မွာေနရင္း ဝိတ္မတက္ပဲ လွေနေအာင္ပါတဲ့။ ေသေသခ်ာခ်ာနဲ႔ ႐ို႐ိုေသေသ အသုံးျပဳပါမယ္ရွင့္။ ေမ လိုအပ္တာေလးေတြကို လိုက္ၾကည့္ၿပီး လက္ေဆာင္ေပးတတ္ၾကတဲ့ အတြက္လည္း ေက်းဇူးတင္ပါတယ္။ ” ဆိုၿပီးေတာ့ ေမလ ၁၁ ရက္ေန႔ ည ၇ နာရီခြဲေက်ာ္က သူ႔ရဲ႕ Facebook Page မွာ Live လႊင့္ရင္း ေျပာခဲ့တာျဖစ္ပါတယ္။ ဒီႏွစ္ ေမြးေန႔ကိုေတာ့ အိမ္မွာေနရင္း ေမာင္ေလးနဲ႔အတူတူ ျဖတ္သန္းခဲ့တယ္လို႔ ေမျမင့္မိုရ္က ေျပာပါတယ္။

ေမျမင့္မိုရ္ဟာ သူမအတြက္ ေမြးေန႔ဆုေတာင္းကို ပရိသတ္တစ္ေယာက္ခ်င္းစီ စုၿပီးဗီဒီယိုဖိုင္နဲ႔ ဆုေတာင္းေပးခဲ့ၾကလို႔ အရမ္းေပ်ာ္ခဲ့တယ္လို႔ ဆိုပါတယ္။ “ ေမ့ကို ေမြးေန႔ ဆုေတာင္းေပးၾကတဲ့ ဗီဒီယို ဖိုင္ေလးကိုလည္း အရမ္းသေဘာက်ပါတယ္။ ဒီ ဗီဒီယိုေလးကို ျပန္ Down ၿပီး တင္လိုက္ပါမယ္။ ေနာက္ႏွစ္ေတြမွာ ပရိသတ္ေတြနဲ႔ အတူတူ ေမြးေန႔ကို ျဖတ္သန္းခ်င္တာပါ။ ေမြးေန႔မွာ လူေတြအမ်ားႀကီးနဲ႔အတူတူေပ်ာ္ခ်င္ေပမယ့္ ေနာက္ႏွစ္မွပဲ လုပ္ရေတာ့မွာေပါ့။ ပရိသတ္ေတြဆီက ေရေမႊးလက္ေဆာင္ ၊ ေမြးေန႔ ကိတ္ လက္ေဆာင္၊ ပန္းစည္း ေလးေတြလည္း ရပါေသးတယ္” ဆိုၿပီးေတာ့ ဆက္လက္ ေျပာျပလာပါတယ္။

သ႐ုပ္ေဆာင္ ေမျမင့္မိုရ္ ကိုေတာ့ ႐ုပ္သံဇာတ္လမ္းတြဲေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီေနာက္ ‘’ပန္းႏုေသြး’’ ႐ုပ္သံဇာတ္လမ္းတြဲကေန ပရိသတ္အခိုင္အမာ ရရွိပိုင္ဆိုင္ခဲ့သူပါ။ လက္ရွိမွာလည္း ဇာတ္လမ္းတြဲေတြ၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးေနတာကို ေတြ႕ရပါတယ္။ ၂၀၁၉ခုႏွစ္ ဧၿပီ(၅) ရက္ေန႔က ျပဳလုပ္တဲ့ Star Awards ဆုေပးပြဲမွာ Best Rising Star Female Award ကို ရရွိခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။

Credit DUWUN

UNICODE

လိုအပ်တဲ့အရာတွေကို ကြည့်ပြီး ဖြည့်ဆည်းပေးတတ်ကြတယ်။မေမြင့်မိုရ်ကို ချစ်တဲ့ ပရိသတ်တွေက မေမြင့်မိုရ်တစ်ယောက် Stay Home ကာလမှာ လေ့ကျင့်ခန်း ပုံမှန်လုပ်နိုင်ဖို့ အတွက် ပြေးစက်တစ်လုံး လက်ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ မေလ(၁၁) ရက်နေ့က သရုပ်ဆောင် မေမြင့်မိုရ်ရဲ့ မွေးနေ့လေးပါ။ မေမြင့်မိုရ်ရဲ့ မွေးနေ့အတွက် သူမရဲ့ပရိသတ်တွေက လက်ဆောင်ပစ္စည်းတွေ ပို့ပေးပြီး Surprise လုပ်ပေးခဲ့ကြပါတယ်။ ပရိသတ်တွေ ပေးတဲ့ လက်ဆောင်တွေထဲမှာမှ သူမအတွက် Surprise ဖြစ်ခဲ့ရတဲ့ လက်ဆောင်လေး ရှိပါတယ်တဲ့။

“ ဒီနှစ်ကတော့ မေ့ရဲ့ မွေးနေ့ကိတ်တွေကို May’s Maymily လေးတွေနဲ့ အတူတူခွဲချင်ပေမယ့် မောင်လေးနဲ့ ပဲအတူတူ မွေးနေ့ကိတ်ခွဲလိုက်ရပါတယ်။ ဒီနှစ်အတွက် Surprise လက်ဆောင်ကတော့ ပြေးစက် ဖြစ်ပါတယ်။ အိမ်မှာနေရင် ဝနေမှာ စိုးလို့တဲ့ May’s maymily တွေ အားလုံးစုပြီးတော့ BH က ပြေးစက်ကို ဝယ်ပေးကြတယ်။ အိမ်မှာနေရင်း ဝိတ်မတက်ပဲ လှနေအောင်ပါတဲ့။ သေသေချာချာနဲ့ ရိုရိုသေသေ အသုံးပြုပါမယ်ရှင့်။ မေ လိုအပ်တာလေးတွေကို လိုက်ကြည့်ပြီး လက်ဆောင်ပေးတတ်ကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ” ဆိုပြီးတော့ မေလ ၁၁ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ Facebook Page မှာ Live လွှင့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။ ဒီနှစ် မွေးနေ့ကိုတော့ အိမ်မှာနေရင်း မောင်လေးနဲ့အတူတူ ဖြတ်သန်းခဲ့တယ်လို့ မေမြင့်မိုရ်က ပြောပါတယ်။

မေမြင့်မိုရ်ဟာ သူမအတွက် မွေးနေ့ဆုတောင်းကို ပရိသတ်တစ်ယောက်ချင်းစီ စုပြီးဗီဒီယိုဖိုင်နဲ့ ဆုတောင်းပေးခဲ့ကြလို့ အရမ်းပျော်ခဲ့တယ်လို့ ဆိုပါတယ်။ “ မေ့ကို မွေးနေ့ ဆုတောင်းပေးကြတဲ့ ဗီဒီယို ဖိုင်လေးကိုလည်း အရမ်းသဘောကျပါတယ်။ ဒီ ဗီဒီယိုလေးကို ပြန် Down ပြီး တင်လိုက်ပါမယ်။ နောက်နှစ်တွေမှာ ပရိသတ်တွေနဲ့ အတူတူ မွေးနေ့ကို ဖြတ်သန်းချင်တာပါ။ မွေးနေ့မှာ လူတွေအများကြီးနဲ့အတူတူပျော်ချင်ပေမယ့် နောက်နှစ်မှပဲ လုပ်ရတော့မှာပေါ့။ ပရိသတ်တွေဆီက ရေမွှေးလက်ဆောင် ၊ မွေးနေ့ ကိတ် လက်ဆောင်၊ ပန်းစည်း လေးတွေလည်း ရပါသေးတယ်” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ‘’ပန်းနုသွေး’’ ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ၂၀၁၉ခုနှစ် ဧပြီ(၅) ရက်နေ့က ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာ Best Rising Star Female Award ကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Credit DUWUN

Leave a Comment