ေဝဘာဂီေဆးရံုမွ ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရးဝန္ထမ္းမ်ားကို လစာ (၁)လစာ ခ်ီးျမႇင့္လွဴဒါန္း

COVID-19 ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ႏိုင္ေရး ေရွ႕တန္းမွ ႐ြပ္႐ြပ္ခြၽံခြၽံ တာဝန္ထမ္းေဆာင္ လ်က္ရွိေသာ ေဝဘာဂီ အထူးကု ေဆး႐ုံႀကီးမွ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ားကို ဂုဏ္ယူေလးစား ေက်းဇူးတင္စြာျဖင့္ ဧရာဝတီ ေဖာင္ေဒးရွင္းမွ ဧၿပီလအတြက္ လုပ္ခလစာ တစ္လစာ ခ်ီးျမႇင့္လႉဒါန္း ခဲ့ပါသည္။ အဆိုပါ က်န္းမာေရး ဝန္ထမ္းမ်ားသည္ အနီးကပ္ ၾကပ္မတ္ကုသ ခံေနရသူ (၂)ဦး အပါအဝင္ COVID-19 လူနာ စုစုေပါင္း (၇၅)ဦးကို ေရာဂါ သက္သာ ေပ်ာက္ကင္းေစရန္ႏွင့္ ထပ္မံကူးစက္ ျပန႔္ပြားျခင္း မရွိေစရန္ ကိုယ္က်ိဳးမငဲ့ဘဲ မရပ္မနား ႀကိဳးပမ္း ေဆာင္႐ြက္ ေနၾကသူမ်ား ျဖစ္ပါသည္။

ဦးေဇာ္ေဇာ္၏ စီစဥ္ေဆာင္႐ြက္မႈျဖင့္ ဧရာဝတီေဖာင္ေဒးရွင္းမွ တာဝန္ရွိ သူမ်ားသည္ ဧၿပီလ (၂၁)ရက္ေန႔တြင္ ေဝဘာဂီ အထူးကု ေဆး႐ုံႀကီးမွ ပါေမာကၡ ေဒါက္တာ စံပယ္ျဖဴ၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေအးေအးေအာင္တို႔ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးကာ အထူးကု ဆရာဝန္ႀကီးမ်ား၊ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ အျခား က်န္းမာေရး ဝန္ထမ္းမ်ား၊ အေထြေထြ ဝန္ထမ္း (၁၂၀)ဦးႏွင့္ Volunteer အျဖစ္ လာေရာက္ တာဝန္ ထမ္းေဆာင္ေနၾကေသာ အထူးကု ဆရာဝန္ႀကီးမ်ား၊ ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရး ဝန္ထမ္း (၁၅၇)ဦး၊ စုစုေပါင္း (၂၂၇) ဦးအတြက္ ေငြက်ပ္ (၃၇၅)သိန္းကို ေပးအပ္ခ်ီးျမႇင့္ လႉဒါန္းခဲ့ျခင္း ျဖစ္သည္။

ဧရာဝတီ ေဖာင္‌ေဒးရွင္း အေနျဖင့္ ေဝဘာဂီ အထူးကု ေဆး႐ုံႀကီး၏ ကာကြယ္၊ ကုသေရးဆိုင္ရာ အေထာက္အကူျပဳ ပစၥည္းမ်ား ဝယ္ယူႏိုင္ရန္ အတြက္ မတ္လ (၁၈)ရက္ေန႔တြင္ ေငြက်ပ္ သိန္း(၅၀၀)၊ ဧၿပီလ (၁၈)ရက္ေန႔တြင္ ေငြက်ပ္ သိန္း(၂၀၀) အပါအဝင္ စုစုေပါင္း ေငြက်ပ္ (၁၀၇၅)သိန္း ပံ့ပိုးလႉဒါန္းခဲ့ၿပီး ျဖစ္ပါသည္။ ထို႔အတူ တစ္ႏိုင္ငံလုံးမွ COVID-19 အေရး ေဆာင္႐ြက္ေနၾကေသာ ဆရာဝန္၊ သူနာျပဳမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ား အားလုံးအတြက္ က်န္းမာေရး အာမခံရန္ပုံေငြ အျဖစ္ ေငြက်ပ္ သိန္း(၅၀၀၀)တိတိကို ဗဟိုက်န္းမာေရး ေကာ္မတီသို႔ လႉဒါန္းထားရွိပါသည္။

Ayeyarwady Foundation

UNICODE

ဝေဘာဂီ အထူးကုဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် လစာ တစ်လစာ ချီးမြှင့်လှူဒါန်း…

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင် လျက်ရှိသော ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ယူလေးစား ကျေးဇူးတင်စွာဖြင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဧပြီလအတွက် လုပ်ခလစာ တစ်လစာ ချီးမြှင့်လှူဒါန်း ခဲ့ပါသည်။ အဆိုပါ ကျန်းမာရေး ဝန်ထမ်းများသည် အနီးကပ် ကြပ်မတ်ကုသ ခံနေရသူ (၂)ဦး အပါအဝင် COVID-19 လူနာ စုစုပေါင်း (၇၅)ဦးကို ရောဂါ သက်သာ ပျောက်ကင်းစေရန်နှင့် ထပ်မံကူးစက် ပြန့်ပွားခြင်း မရှိစေရန် ကိုယ်ကျိုးမငဲ့ဘဲ မရပ်မနား ကြိုးပမ်း ဆောင်ရွက် နေကြသူများ ဖြစ်ပါသည်။

ဦးဇော်ဇော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများသည် ဧပြီလ (၂၁)ရက်နေ့တွင် ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ စံပယ်ဖြူ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်တို့နှင့် တွေ့ဆုံ ဆွေးနွေးကာ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ အခြား ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေ ဝန်ထမ်း (၁၂၀)ဦးနှင့် Volunteer အဖြစ် လာရောက် တာဝန် ထမ်းဆောင်နေကြသော အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်း (၁၅၇)ဦး၊ စုစုပေါင်း (၂၂၇) ဦးအတွက် ငွေကျပ် (၃၇၅)သိန်းကို ပေးအပ်ချီးမြှင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ ဖောင်‌ဒေးရှင်း အနေဖြင့် ဝေဘာဂီ အထူးကု ဆေးရုံကြီး၏ ကာကွယ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ဝယ်ယူနိုင်ရန် အတွက် မတ်လ (၁၈)ရက်နေ့တွင် ငွေကျပ် သိန်း(၅၀၀)၊ ဧပြီလ (၁၈)ရက်နေ့တွင် ငွေကျပ် သိန်း(၂၀၀) အပါအဝင် စုစုပေါင်း ငွေကျပ် (၁၀၇၅)သိန်း ပံ့ပိုးလှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ထို့အတူ တစ်နိုင်ငံလုံးမှ COVID-19 အရေး ဆောင်ရွက်နေကြသော ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ အားလုံးအတွက် ကျန်းမာရေး အာမခံရန်ပုံငွေ အဖြစ် ငွေကျပ် သိန်း(၅၀၀၀)တိတိကို ဗဟိုကျန်းမာရေး ကော်မတီသို့ လှူဒါန်းထားရှိပါသည်။

Ayeyarwady Foundation

Leave a Comment