လက်ဆောင်လေးကို သဘောကျလွန်းလို့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ရွှေကစ်လေး




Credit – CeleGabar

UNICODE

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေ ဝတ်မှုံရွေရည်ကတော့ ဒီနေ့မှာ သူ့ရဲ့ My Story ကနေ ပရိသတ်တွေပေးတဲ့ လက်ဆောင်လေးကို သဘောကျလွန်းလို့ ကျေးဇူးတင်ကြောင်းဖော်ပြလာခဲ့ပါတယ်။ ရွှေကစ်လေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မြန်မာနိုင်ငံရဲ ထိပ်တန်း မင်းသမီး တစ်လက်ပါ။

ပရိသတ်တွေက ချစ်ခြင်းမေတ္တာတွေနဲ့ ပေးတဲ့ လက်ဆောင်တွေကို မကြာခဏဆိုသလို ရရှိနေခဲ့တာလည်း ဖြစ်ပြီး ရွှေကစ်လေးက ပရိသတ်တွေပေးတဲ့ လက်ဆောင်လေးတွေကိုလည်း အမြတ်တနိုးနဲ့ သိမ်းထားလေ့ရှိပါတယ်။အခုတစ်ခေါက်မှာလည်း ရွှေကစ်လေးကို သူ့ရဲ့ ပရိသတ်တွေက ကျောက်စီပန်းချီကားတစ်ချပ်ကို ထပ်မံလက်ဆောင်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ရွှေကစ်လေးကတော့ ဒီကျောက်စီပန်းချီကားလေးကို သဘောကျလွန်းတာကြောင့် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း “Thanks My Fan” ဆိုပြီး ဖော်ပြထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ရွှေကစ်လေးကတော့ သူ့ကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို တော်တော်လေး အလေးထားတတ်ပါပေတယ်နော်။

Credit – CeleGabar
Source – Wutt Hmone Shwe Yi

Leave a Comment