ႏိုင္​ငံ​ေက်ာ္​မင္းသားတစ္​​ေယာက္​ျဖစ္​ၿပီးလွဴဒါန္​းကူညီ​ေပးမႈမ႐ွိဘူးလို႔​ေဝဖန္​မႈအ​ေပၚ တုံ႔ျပန္​လာတဲ့ပိုင္​တံခြန္​

ပိုင္​တံခြန္​က​ေတာ့ မိန္​းက​ေလး​ပရိတ္​သတ္​​ေတြရဲ႕အခိုင္​အမာအား​ေပးမႈကိုရ႐ွိထားသူပါ။ က်ယ္​ျပန္​႔တဲ့ရင္​အုပ္​နဲ႔ ဆြဲ​ေဆာင္​မႈ႐ွိတဲ့ တက္​တူး​ေတြ​ေၾကာင္​့ ႏိုင္​ငံျခားသူ​ေတြျကားမွာပါ ​ေရပန္​းစားနာမည္​ၿကီးတဲ့ မင္​းသား​ေခ်ာဘဲျဖစ္​ပါတယ္​။ ပိုင္​တံခြန္​က အႏုပညာ အလုပ္​​ေတြကိုမနားတမ္​းလုပ္​ကိုင္​ရာက​ေန လက္​႐ွိအ​ေျခအ​ေန​ေၾကာင္​့ အိမ္​မွာဘဲ အနားယူ​ေနရပါတယ္​။အိမ္​မွာ​ေနရင္​း ပန္​းခ်ီဆြဲ၊တ​ေယာထိုးရင္​းနဲ႔ ဘုရားတရားကိုပိုလုပ္​ျဖစ္​​ေနတယ္​ဟုဆိုလာပါတယ္​။

ကဗ်ာ​ေလး​ေတြလည္​း​ေရးတတ္​တဲ့ ပိုင္​တံခြန္​ဟာ သူ႔ရဲ႕ ​ေဖ့စ္​ဘုတ္​မွာကဗ်ာစာသား​ေလး​ေတြနဲ႔ ပံု​ေလး​ေတြကိုပရိတ္​သတ္​အတြက္​တင္​​ေပး​ေလ့႐ွိပါတယ္​။ အားလံုးသိၾကတဲ့အတိုင္​း ကူးစက္​​ေရာ​ဂါ​ေၾကာင္​့ အခက္​အခဲျဖစ္​သူ​ေတြမ​်ားျပားလ်က္​႐ွိၿပီး အႏုပညာ႐ွင္​မ်ားက တတ္​ႏိူင္​သ​ေလာက္​လႉဒါန္​း​ေနတဲ့ သတင္​း​ေတြကို​ပရိတ္​သတ္​​ေတြ​ေတြ႔ရမွာပါ။ ပိုင္​တံခြန္​ ရဲ႕ ပရိတ္​သတ္​အခ်ိဳ႕က​ေတာ့ ယခုလိုၾကပ္​တည္​း​ေနခ်ိန္​မွာနာမည္​ႀကီး တစ္​​ေယာက္​အ​ေနနဲ႔ ဘာအလႉမွမလုပ္​​ေပးဘူးလို႔​ေဝဖနိမႈ​ေတြကိုခံစားခဲ့ရပါတယ္​။

ပိုင္​တံခြန္​က” အခု​ေနာက္​ပိူင္​လႉဒါန္​းတာ​ေတြကို သိပ္​မတင္​​ေတာ့ဘူး လႉတာတင္​လည္​းဆဲတဲ့သူကဆဲတာဘဲ ၿပီး​ေတာ့ ဘာလႉတယ္​ညာလႉတယ္​ဆိုၿပီး ​ေျပာျပ​ေနဖို႔မလိုဘူးလို႔ဘဲသတ္​မွတ္​တယ္​ လာ​ေျပာတယ္​ ​ေတာ္​​ေတာ္​မ်ားမ်ား မလႉဘူး​ေပါ့ႏိုင္​ငံ​ေက်ာ္​ျဖစ္​​ေနၿပီး သူတို႔အဲ့လို​ေျပာလို႔လည္​း လႉျပမွာမဟုတ္​ပါဘူး ကြၽန္​​ေတာ္​ သီးသန္​႔ႀကီးျပင္​ဆင္​ၿပီး လႉ​ေပးတာမ႐ွိ​ေပမယ္​့ လိုအပ္​တာ​ေတြ ​ေတြ႔​ေနရင္​ ျမင္​​ေနရတာအဆင္​မ​ေျပရင္​လႉ​ေပးလိုက္​တာဘဲ အဲ့အ​ေပၚမွာစိတ္​သန္​႔တယ္​ “ဟု​ေျပာျပလာပါတယ္​။

ပိုင္​တံခြန္​လို႔ပရိတ္​သတ္​​ေတြသတိထားမိၿပီး ထိုင္​းဘက္​ထိပါ​ေအာင္​ျမင္​ခဲ့တဲ့အခ်ိန္​တုန္​းက မိခင္​ျဖစ္​သူကို ​ေငြအထုပ္​လိုက္​နဲ႔ ကန္​​ေတာ့ခဲ့ပံုကို လူမႈကြန္​ရက္​​ေပၚတင္​ခဲ့ပါ​ဖူးပါတယ္​။မိဘကို ကန္​​ေတာ့တဲ့ပံုျဖစ္​​ေပမယ္​့လည္​း မလိုသူပရိတ္​သတ္​အခ်ိဳ႕ရဲ႕ ဆဲဆိုတိုက္​ခိုက္​မႈကိုလည္​းခံခဲ့ရဖူးပါတယ္​။အဲ့တာ​ေၾကာင္​့ဘဲ ပိုင္​တံခြန္​က သူ႔ရဲ႕ အလႉဒါနျပဳပံု​ေတြကိုပရိတ္​သတ္​​ေတြဆီ မခ်ျပဘူးလို႔​ေတာ့ထင္​ပါတယ္​။ပရိတ္​သတ္​​ေတြ​ေရာ ဘယ္​လို​ေတြးမိလဲ​ေျပာျပဦး​ေနာ္​။.

Source-Myanmar cele 7
Credit Celepedia

UNICODE

ပိုင်တံခွန်ကတော့ မိန်းကလေးပရိတ်သတ်တွေရဲ့အခိုင်အမာအားပေးမှုကိုရရှိထားသူပါ။ ကျယ်ပြန့်တဲ့ရင်အုပ်နဲ့ ဆွဲဆောင်မှုရှိတဲ့ တက်တူးတွေကြောင့် နိုင်ငံခြားသူတွေကြားမှာပါ ရေပန်းစားနာမည်ကြီးတဲ့ မင်းသားချောဘဲဖြစ်ပါတယ်။ ပိုင်တံခွန်က အနုပညာ အလုပ်တွေကိုမနားတမ်းလုပ်ကိုင်ရာကနေ လက်ရှိအခြေအနေကြောင့် အိမ်မှာဘဲ အနားယူနေရပါတယ်။အိမ်မှာနေရင်း ပန်းချီဆွဲ၊တယောထိုးရင်းနဲ့ ဘုရားတရားကိုပိုလုပ်ဖြစ်နေတယ်ဟုဆိုလာပါတယ်။

ကဗျာလေးတွေလည်းရေးတတ်တဲ့ ပိုင်တံခွန်ဟာ သူ့ရဲ့ ဖေ့စ်ဘုတ်မှာကဗျာစာသားလေးတွေနဲ့ ပုံလေးတွေကိုပရိတ်သတ်အတွက်တင်ပေးလေ့ရှိပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကူးစက်ရောဂါကြောင့် အခက်အခဲဖြစ်သူတွေများပြားလျက်ရှိပြီး အနုပညာရှင်များက တတ်နိူင်သလောက်လှူဒါန်းနေတဲ့ သတင်းတွေကိုပရိတ်သတ်တွေတွေ့ရမှာပါ။ ပိုင်တံခွန် ရဲ့ ပရိတ်သတ်အချို့ကတော့ ယခုလိုကြပ်တည်းနေချိန်မှာနာမည်ကြီး တစ်ယောက်အနေနဲ့ ဘာအလှူမှမလုပ်ပေးဘူးလို့ဝေဖနိမှုတွေကိုခံစားခဲ့ရပါတယ်။

ပိုင်တံခွန်က” အခုနောက်ပိူင်လှူဒါန်းတာတွေကို သိပ်မတင်တော့ဘူး လှူတာတင်လည်းဆဲတဲ့သူကဆဲတာဘဲ ပြီးတော့ ဘာလှူတယ်ညာလှူတယ်ဆိုပြီး ပြောပြနေဖို့မလိုဘူးလို့ဘဲသတ်မှတ်တယ် လာပြောတယ် တော်တော်များများ မလှူဘူးပေါ့နိုင်ငံကျော်ဖြစ်နေပြီး သူတို့အဲ့လိုပြောလို့လည်း လှူပြမှာမဟုတ်ပါဘူး ကျွန်တော် သီးသန့်ကြီးပြင်ဆင်ပြီး လှူပေးတာမရှိပေမယ့် လိုအပ်တာတွေ တွေ့နေရင် မြင်နေရတာအဆင်မပြေရင်လှူပေးလိုက်တာဘဲ အဲ့အပေါ်မှာစိတ်သန့်တယ် “ဟုပြောပြလာပါတယ်။

ပိုင်တံခွန်လို့ပရိတ်သတ်တွေသတိထားမိပြီး ထိုင်းဘက်ထိပါအောင်မြင်ခဲ့တဲ့အချိန်တုန်းက မိခင်ဖြစ်သူကို ငွေအထုပ်လိုက်နဲ့ ကန်တော့ခဲ့ပုံကို လူမှုကွန်ရက်ပေါ်တင်ခဲ့ပါဖူးပါတယ်။မိဘကို ကန်တော့တဲ့ပုံဖြစ်ပေမယ့်လည်း မလိုသူပရိတ်သတ်အချို့ရဲ့ ဆဲဆိုတိုက်ခိုက်မှုကိုလည်းခံခဲ့ရဖူးပါတယ်။အဲ့တာကြောင့်ဘဲ ပိုင်တံခွန်က သူ့ရဲ့ အလှူဒါနပြုပုံတွေကိုပရိတ်သတ်တွေဆီ မချပြဘူးလို့တော့ထင်ပါတယ်။ပရိတ်သတ်တွေရော ဘယ်လိုတွေးမိလဲပြောပြဦးနော်။.

Source-Myanmar cele 7
Credit Celepedia

Leave a Comment