႐ိုမက္တစ္ဆုိတဲ့အရာကို မိန္းကေလးေတြ မွားယြင္းစြာ လက္ခံထားတတ္ၾကတဲ့ အခ်က္မ်ား

တစ္ခ်ိဳ႕လူေတြဟာ ႐ိုမက္တစ္ဆိုတဲ့ စကားကုိ အခ်က္ေတာ္ေတာ္မ်ားမ်ားနဲ႔ သတ္္မွတ္ထားတတ္ၾကပါတယ္။ ဥပမာ- ကိုယ့္ကိုုယ္ surprise ျဖစ္ေအာင္လုုပ္မွ romantic ဆန္တယ္၊ တစ္ခုခု ႀကီးႀကီးမားမား လုပ္ျပမွ ႐ိုတယ္လုိ႔ ထင္ေနမိတာမ်ိဳးေပါ့။ တကယ္ေတာ့ ႐ိုမက္တစ္ဆိုတဲ့ စကားလံုးက တကယ့္ကို ႐ိုး႐ွင္းပါတယ္ေနာ္။ လူတစ္ခ်ိဳ႕ မွားယြင္းစြာ သတ္မွတ္ထားတတ္ၾကတဲ့ ႐ိုမက္တစ္ဆန္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Social media ေပၚမွာ တင္ျခင္း

တစ္္ခ်ိဳ႕လူေတြက သူတုိ႔ခ်စ္ေနတဲ့အေၾကာင္း၊ သူတုိ႔ၾကည္ႏူးေနတဲ့ ပံုရိပ္ေတြကို social media ေပၚခ်ျပတာကို ႐ိုတယ္္လုိ႔ ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္းမွာေတာ့ အခ်စ္ဆိုတာ ေပၚပင္ေတြ လုပ္ျပစရာမလုိပါဘူး။ ကိုယ္ခ်စ္တဲ့ အခ်စ္ကသာ စစ္မွန္ဖုိ႔လိုၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းျခင္းရရင္ ေန႔ရက္တုိင္းက ႐ိုမက္တစ္ဆန္ေနမွာ ျဖစ္ပါတယ္ေနာ္။

တန္ဖိုးႀကီးလက္ေဆာင္ေပးျခင္း
႐ိုမက္တစ္ဆန္ျခင္းရဲ႕ ေနာက္ကြယ္မွာ တန္္ဖိုးႀကီးျခင္းဆုိတာကို လူေတြက တြဲျမင္လာတတ္ၾကပါတယ္။ တန္ဖိုးႀကီးလက္ေဆာင္ေပးမွ ႐ိုမက္တစ္ဆန္တယ္လုိ႔ထင္ေနရင္ေတာ့ အရမ္းကို အမွားႀကီးမွားေနပါၿပီေနာ္။ ကိုယ္ခ်စ္တဲ့ သူဆီက ကို္္ယ္ႀကိဳက္တတ္တဲ ့ပန္းေလးတစ္ပြင့္ရတဲ့အခါ ၾကည္ႏူးမႈကို ခံစားမိတာလည္း ႐ိုမက္တစ္ဆန္ျခင္းတစ္မ်ိဳးျဖစ္သလုိ၊ ခ်စ္သူလက္ကို တြဲၿပီး တိတ္တိတ္ဆိတ္ဆိတ္ ၾကည္ၾကည္ႏူးႏူးေလး လမ္းေလွ်ာက္ရတာဟာလည္း ႐ိုမက္တစ္ဆန္ျခင္း တစ္မ်ိဳးပါပဲ။ တကယ္ေတာ့ ကိုယ့္ခ်စ္သူဆီကရတဲ့ အေသးအမႊားေလးေတြကလည္း ႐ိုမက္တစ္ဆန္္ျခင္းကို ခံစားႏုိင္ပါတယ္။

လူေတြေ႐ွ႕မွာ တစ္ခုခု ႀကီးႀကီးမားမား လုပ္ျပျခင္း

တစ္ခ်ိဳ႕ေတြရဲ႕ ႐ိုမက္တစ္ဆန္ျခင္းကို ခံယူထားတာက တစ္ျခားသူေတြ ျမင္သာေအာင္ လူေတြၾကားမွာ ကိုယ့္ကိုယ္ လူေတြအားက်ေလာက္မယ့္ တစ္ခုခု လုပ္ျပျခင္းလုိ႔ေပါ့။ ဒါဟာ အရမ္းကို လြဲမွားေနမႈႀကီးပါေနာ္။ တကယ္ေတာ့ သူမ်ားေတြ အားက်အထင္ႀကီးမႈကိုရမွ ႐ိုမက္တစ္ဆန္တာ မဟုတ္ပါဘူး။ ကိုယ့္ကိုယ္ ေပ်ာ္႐ႊင္ေစမွ ၾကည္ႏူးမႈကို ခံစားႏိုင္မွ တကယ့္ စစ္မွန္တဲ့ ႐ိုမက္တစ္ဆန္ျခင္းလို႔ သတ္မွတ္တာပါေနာ္။

Tattoo ထိုးျခင္း
ကိုယ့္ခ်စ္သူက သူတုိ႔ရဲ႕ နာမည္ေလးေတြ ပံုေလးေတြ ဒါမွမဟုတ္ စံုတြဲ တက္တူးေလးေတြ ထိုးျခင္းက ႐ိုမက္တစ္ဆန္တယ္လုိ႔ ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ ဒါဟာ ႐ိုမက္တစ္ဆန္ျခင္း ျဖစ္ေကာင္းျဖစ္ႏုိင္ေပမယ့္ တစ္သက္လံုး လက္တြဲသြားဖို႔ ေသခ်ာရဲ႕လား။ ကံတရားဆိုတာ ဘယ္လုိမွ ေျပာလုိ႔မရတာျဖစ္လို႔ ဒါေတြဟာ ေနာက္ပိုင္းမွာ ႐ႈပ္ေထြးမႈေတြလည္း ျဖစ္ေကာင္းျဖစ္လာႏုိင္ပါတယ္။ ႐ိုမက္တစ္ဆန္ဖို႔အတြက္ ခႏၶာကိုယ္ေပၚမွာ တက္တူးထိုးၿပီး ေဖာ္ျပစရာမလိုပါဘူး။ တစ္ျခား ႐ိုး႐ွင္္းတဲ့နည္းလမ္းေလးေတြ အမ်ားႀကီး႐ွိပါတယ္။

Credit Aunty May

UNICODE

တစ်ချို့လူတွေဟာ ရိုမက်တစ်ဆိုတဲ့ စကားကို အချက်တော်တော်များများနဲ့ သတ်မှတ်ထားတတ်ကြပါတယ်။ ဥပမာ- ကိုယ့်ကိုယ် surprise ဖြစ်အောင်လုပ်မှ romantic ဆန်တယ်၊ တစ်ခုခု ကြီးကြီးမားမား လုပ်ပြမှ ရိုတယ်လို့ ထင်နေမိတာမျိုးပေါ့။ တကယ်တော့ ရိုမက်တစ်ဆိုတဲ့ စကားလုံးက တကယ့်ကို ရိုးရှင်းပါတယ်နော်။ လူတစ်ချို့ မှားယွင်းစွာ သတ်မှတ်ထားတတ်ကြတဲ့ ရိုမက်တစ်ဆန်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Social media ပေါ်မှာ တင်ခြင်း

တစ်ချို့လူတွေက သူတို့ချစ်နေတဲ့အကြောင်း၊ သူတို့ကြည်နူးနေတဲ့ ပုံရိပ်တွေကို social media ပေါ်ချပြတာကို ရိုတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ အချစ်ဆိုတာ ပေါ်ပင်တွေ လုပ်ပြစရာမလိုပါဘူး။ ကိုယ်ချစ်တဲ့ အချစ်ကသာ စစ်မှန်ဖို့လိုပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခြင်းရရင် နေ့ရက်တိုင်းက ရိုမက်တစ်ဆန်နေမှာ ဖြစ်ပါတယ်နော်။

တန်ဖိုးကြီးလက်ဆောင်ပေးခြင်း
ရိုမက်တစ်ဆန်ခြင်းရဲ့ နောက်ကွယ်မှာ တန်ဖိုးကြီးခြင်းဆိုတာကို လူတွေက တွဲမြင်လာတတ်ကြပါတယ်။ တန်ဖိုးကြီးလက်ဆောင်ပေးမှ ရိုမက်တစ်ဆန်တယ်လို့ထင်နေရင်တော့ အရမ်းကို အမှားကြီးမှားနေပါပြီနော်။ ကိုယ်ချစ်တဲ့ သူဆီက ကို်ယ်ကြိုက်တတ်တဲ့ပန်းလေးတစ်ပွင့်ရတဲ့အခါ ကြည်နူးမှုကို ခံစားမိတာလည်း ရိုမက်တစ်ဆန်ခြင်းတစ်မျိုးဖြစ်သလို၊ ချစ်သူလက်ကို တွဲပြီး တိတ်တိတ်ဆိတ်ဆိတ် ကြည်ကြည်နူးနူးလေး လမ်းလျှောက်ရတာဟာလည်း ရိုမက်တစ်ဆန်ခြင်း တစ်မျိုးပါပဲ။ တကယ်တော့ ကိုယ့်ချစ်သူဆီကရတဲ့ အသေးအမွှားလေးတွေကလည်း ရိုမက်တစ်ဆန်ခြင်းကို ခံစားနိုင်ပါတယ်။

လူတွေရှေ့မှာ တစ်ခုခု ကြီးကြီးမားမား လုပ်ပြခြင်း

တစ်ချို့တွေရဲ့ ရိုမက်တစ်ဆန်ခြင်းကို ခံယူထားတာက တစ်ခြားသူတွေ မြင်သာအောင် လူတွေကြားမှာ ကိုယ့်ကိုယ် လူတွေအားကျလောက်မယ့် တစ်ခုခု လုပ်ပြခြင်းလို့ပေါ့။ ဒါဟာ အရမ်းကို လွဲမှားနေမှုကြီးပါနော်။ တကယ်တော့ သူများတွေ အားကျအထင်ကြီးမှုကိုရမှ ရိုမက်တစ်ဆန်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ် ပျော်ရွှင်စေမှ ကြည်နူးမှုကို ခံစားနိုင်မှ တကယ့် စစ်မှန်တဲ့ ရိုမက်တစ်ဆန်ခြင်းလို့ သတ်မှတ်တာပါနော်။

Tattoo ထိုးခြင်း
ကိုယ့်ချစ်သူက သူတို့ရဲ့ နာမည်လေးတွေ ပုံလေးတွေ ဒါမှမဟုတ် စုံတွဲ တက်တူးလေးတွေ ထိုးခြင်းက ရိုမက်တစ်ဆန်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ ရိုမက်တစ်ဆန်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်သက်လုံး လက်တွဲသွားဖို့ သေချာရဲ့လား။ ကံတရားဆိုတာ ဘယ်လိုမှ ပြောလို့မရတာဖြစ်လို့ ဒါတွေဟာ နောက်ပိုင်းမှာ ရှုပ်ထွေးမှုတွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ရိုမက်တစ်ဆန်ဖို့အတွက် ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးပြီး ဖော်ပြစရာမလိုပါဘူး။ တစ်ခြား ရိုးရှင်းတဲ့နည်းလမ်းလေးတွေ အများကြီးရှိပါတယ်။

Credit Aunty May

Leave a Comment