အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ စာတွေနေဲ့ ရင်ဆိုင်နေရတဲ့ LISA




Credit Aunty May

UNICODE

Kpop girl group BLACKPINK ရဲ့အဖွဲ့ဝင် LISA ဟာ အသက်အန္တရယ် ခြိမ်းခြောက်တဲ့စာတွေနဲ့ သူမကို ဆန့်ကျင်တဲ့စာတွေ ရရှိခဲ့တယ်လို့ သူတို့ရဲ့ agency ဖြစ်တဲ့ YG Entertainment ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ မေလ(၇)ရက်နေ့က တောင်ကိုးရီးယားနိုင်ငံ ထိုင်းသံရုံးကနေပြီးတော့ သူတို့ရဲ့ twitter စာတွေကို တရားဝင်ချပြခဲ့တာဖြစ်ပြီး မေလ(၂)ရက်နေ့ကနေ (၆) ရက်နေ့အထိ twitter massages တွေမှာ LISA ကို ပုဂ္ဂိုလ်ရေးထိခိုက်စေတဲ့ ခြိမ်းခြောက်စာတွေ ပါဝင်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းသံရုံးဘက်က သူမရဲ့ agency ကို သတိပေးမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ထိုင်းသံရုံးအနေနဲ့ လိုအပ်တဲ့လုပ်ဆောင်မှုတွေကို ပါဝင်လုပ်ဆောင်သွားမှာဖြစ်ပြီး LISA ဟာ ထိုင်းနိုင်ငံသား တစ်ဦးဖြစ်သလို တောင်ကိုးရီးယားမှာ အလုပ်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ YG Entertainment ကလည်း LISA ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီး အထူးလုပ်ဆောင်မှုတွေ လုပ်ဆောင်ထားကြောင်းကို ကြေညာခဲ့ပါတယ်။

YG Entertainment က “ ကျွန်တော်တို့် အေဂျင်စီရဲ့ အနုပညာရှင်နဲ့ ပရိတ်သတ်တွေအတွက် အကောင်းဆုံး လုံခြုံမှုရှိအောင် ကာကွယ်ပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ ဒီကိစ္စကို ဖြေရှင်းသွားမှာပါ အခုလောလောဆယ်တော့ ရသမျှ သက်သေအထောက်အထားတွေနဲ့ အချက်အလက်တွေကို စုဆောင်းနေပါတယ် ဒီလို ခြိမ်းခြောက်မှုမျိုးကို ကျွန်တော်တို့ အကြီးအကျယ် ဆန့်ကျင်ပါတယ်” ဆိုပြီးပြောထားပါတယ်။

Credit Aunty May

Leave a Comment