သူတုိ႔ခ်စ္သူေကာင္မေလးဆီက ခ်စ္သူေကာင္ေလးေတြ အလုိိခ်င္ဆံုး အရာမ်ား

ခ်စ္သူေကာင္ေလးေတြဟာ သူတုိ႔ခ်စ္ရတဲ့ သူဆီကေန တစ္ျခားအရာေတြထက္ လုိခ်င္တတ္ၾကတဲ့ အရာေတြ ႐ွိလုိ႔ေနပါတယ္။ သူတုိ႔ဟာ ဒါေတြကို အရမ္းတန္ဖိုးထားတတ္ၾကသလို သူတုိ႔ရဲ႕အခ်စ္္တည္ျမဲဖို႔႔အတြက္ ဒါေတြလုိအပ္တယ္လုိ႔လည္း ယူဆထားတတ္ၾကသူေတြပါ။ ခ်စ္သူေကာင္ေလးေတြက သူတုိ႔ခ်စ္ရတဲ့သူဆီက တစ္ျခားဆြဲေဆာင္မႈေတြထက္ပိုၿပီး ဒီအရာေလးေတြကို လိုခ်င္တတ္ၾကပါတယ္တဲ့။

သူတုိ႔အေပၚ နားလည္ေပးမႈ

ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားက သူတို႔ခ်စ္ရတဲ့သူဆီက နားလည္ေပးမႈကို အရမ္းမက္ေမာတတ္ၾကပါတယ္။ တစ္ျခားလူေတြက ဘယ္လုိေတြ ေျပာဆုိေနၾကပါေစ သူတုိ႔အတြက္ လုိအပ္တာက သူတုိ႔ခ်စ္ရသူရဲ႕ နားလည္ေပးမႈ တစ္ခုတည္္းသာ ျဖစ္ပါတယ္။ ေမးခြန္းေတြအမ်ားႀကီး မေမးပဲ သူတုိ႔ေျပာတာကို ယံုၾကည္နားလည္ေပးတာမ်ိဳးကို သူတုိ႔အရမ္း လိုခ်င္ၾကပါတယ္္။ သူတုိ႔ခ်စ္တဲ့သူဆီက သူတုိ႔အေပၚ သံသယမထားပဲ နားလည္ေပးတာကိုသာ ရမယ္ဆုိရင္ သူတုိ႔အတြက္ ျပည့္စံုတဲ့ခ်စ္ျခင္းကို ခံစားရေစတာပါပဲ။

သူတို႔ရဲ႕ ျဖစ္တည္မႈကို လက္ခံေပးတာ

မိန္းကေလးေတြက သဘာဝအရ ခ်စ္ရတဲ့သူေတြကို ျပဳျပင္ေပးခ်င္စိတ္ေတြ မ်ားတတ္ၾကၿပီး ဒါကလည္း သူတုိ႔ရဲ႕ ခ်စ္ျခင္းပံုစံတစ္မ်ိဳးပါ။ ဒါေပမယ့္လုိ႔ ေယာက်ာ္းေလးေတြရဲ႕ သဘာဝက သူတုိ႔ကို ေျပာင္းလဲဖုိ႔ ႀကိဳးစားတာကို မုန္းတတ္ၾကတာပါပဲ။ ဒါဟာ ဆက္ဆံေရးေတြကို ၿပိဳလဲပ်က္စီးသြားေစႏုိ္င္တဲ့ အဓိကအေၾကာင္းအရင္း ျဖစ္လို႔ေနပါတယ္။ ေယာက်ာ္းေလးေတြက သူတို႔ရဲ႕ နဂိုပံုစံအတိုင္းကိုသာ သူတုိ႔ခ်စ္တဲ့သူေတြက လက္ခံေပးေစခ်င္ၾကတာ ျဖစ္ပါတယ္။ သူတုိ႔ရဲ႕ ျဖစ္တည္မႈကို ခ်စ္ေပးတာမ်ိဳးပဲ လုိခ်င္ၾကၿပီး သူတုိ႔အရမ္းခ်စ္မိသြားတဲ့အခါမွာေတာ့ သူတုိ႔ကို္ယ္တုိင္က ခ်စ္ရသူလုိခ်င္တဲဲ့ပံုစံအတုိင္း ျပဳျပင္ေပးတတ္ၾကတာပါပဲ။

႐ိုးသားမႈ

ေကာင္မေလးေတြ မသိေသးတဲ့ အခ်က္တစ္ခ်က္က ေယာက်္ားေလးေတြဟာ မိန္းကေလးေတြထက္ေတာင္ ႐ိုးသားမႈကို ပိုတန္ဖိုးထားတတ္ၾကတာပါပဲ။ သူတုိ႔ခ်စ္တဲ့သူဆီကေန အ႐ိုးသားဆံုး စကားေတြကိုပဲ ၾကားခ်င္ၾကၿပီး ဘယ္ေလာက္ဆုိးဝါးတဲ့ကိစၥျဖစ္ေနပါေစ ႐ိုး႐ိုးသားသား ဖြင့္ဟေျပာျပတာကိုပဲ လုိခ်င္ၾကပါတယ္။ သူတုိ႔ေတြက သူတုိ႔ရဲ႕ခ်စ္ရသူေတြကို အၾကြင္းမဲ့ယံုၾကည္ခ်င္ၾကတဲ့အတြက္ ႐ုိးသားမႈကို လိုအပ္ၾကတာ ျဖစ္ပါတယ္။

အျပံဳး
ေနာက္ထပ္ ခ်စ္သူေကာင္မေလးဆီက လုိခ်င္တဲ့ အရာတစ္ခုကေတာ့ အျပံဳးပဲ ျဖစ္ပါတယ္။ ေယာက်ာ္းေလးေတြဟာ သူတုိ႔ေကာင္မေလးရဲ႕ အၿပံဳးကို တစ္ျခားအရာေတြထက္ ပိုလိုခ်င္တပ္မက္ၾကသူေတြပါ။ ေပ်ာ္႐ႊင္ေနတဲ့ ေကာင္မေလးရဲ႕ မ်က္ႏွာကိုပဲ ျမင္ေတြ႔ခ်င္ၾကသလုိ သူုတို႔ခ်စ္တဲ့သူရဲ႕အၿပံဳးဟာ အရာအားလံုးထက္ ဆြဲေဆာင္မႈ႐ိွေစပါတယ္တဲ့။

ေႏြးေထြးမႈ

ေယာက်ာ္းေလးေတြက သူတုိ႔တည္ေဆာက္ထားတဲ့ ဆက္ဆံေရးကို ေႏြးေထြးမႈ႐ွိေစခ်င္တတ္္ၾကသူေတြပါ။ ပါးစပ္ကသာ ထုတ္မေျပာတတ္ၾကေပမယ့္ ေအးစက္စက္ႏုိင္္တဲ့ ဆက္ဆံံေရးဟာ ဘယ္သူအတြက္မွ မေပ်ာ္႐ႊင္ေစႏုိင္ပါဘူးေနာ္။ ဒါေၾကာင့္ ေႏြးေထြးခုိင္မာတဲ့ ဆက္ဆံေရးကို တည္ေဆာက္ႏုိင္ဖုိ႔အတြက္ သူတုိ႔အေပၚ ေႏြးေထြးမႈ ႐ွိတဲ့သူမ်ိဳးကို အျမဲတမ္း႐ွာေဖြေနတတ္ၾကပါတယ္။

Credit Aunty May

UNICODE

ချစ်သူကောင်လေးတွေဟာ သူတို့ချစ်ရတဲ့ သူဆီကနေ တစ်ခြားအရာတွေထက် လိုချင်တတ်ကြတဲ့ အရာတွေ ရှိလို့နေပါတယ်။ သူတို့ဟာ ဒါတွေကို အရမ်းတန်ဖိုးထားတတ်ကြသလို သူတို့ရဲ့အချစ်တည်မြဲဖို့အတွက် ဒါတွေလိုအပ်တယ်လို့လည်း ယူဆထားတတ်ကြသူတွေပါ။ ချစ်သူကောင်လေးတွေက သူတို့ချစ်ရတဲ့သူဆီက တစ်ခြားဆွဲဆောင်မှုတွေထက်ပိုပြီး ဒီအရာလေးတွေကို လိုချင်တတ်ကြပါတယ်တဲ့။

သူတို့အပေါ် နားလည်ပေးမှု

ယောကျာ်းလေးတော်တော်များများက သူတို့ချစ်ရတဲ့သူဆီက နားလည်ပေးမှုကို အရမ်းမက်မောတတ်ကြပါတယ်။ တစ်ခြားလူတွေက ဘယ်လိုတွေ ပြောဆိုနေကြပါစေ သူတို့အတွက် လိုအပ်တာက သူတို့ချစ်ရသူရဲ့ နားလည်ပေးမှု တစ်ခုတည်းသာ ဖြစ်ပါတယ်။ မေးခွန်းတွေအများကြီး မမေးပဲ သူတို့ပြောတာကို ယုံကြည်နားလည်ပေးတာမျိုးကို သူတို့အရမ်း လိုချင်ကြပါတယ်။ သူတို့ချစ်တဲ့သူဆီက သူတို့အပေါ် သံသယမထားပဲ နားလည်ပေးတာကိုသာ ရမယ်ဆိုရင် သူတို့အတွက် ပြည့်စုံတဲ့ချစ်ခြင်းကို ခံစားရစေတာပါပဲ။

သူတို့ရဲ့ ဖြစ်တည်မှုကို လက်ခံပေးတာ

မိန်းကလေးတွေက သဘာဝအရ ချစ်ရတဲ့သူတွေကို ပြုပြင်ပေးချင်စိတ်တွေ များတတ်ကြပြီး ဒါကလည်း သူတို့ရဲ့ ချစ်ခြင်းပုံစံတစ်မျိုးပါ။ ဒါပေမယ့်လို့ ယောကျာ်းလေးတွေရဲ့ သဘာဝက သူတို့ကို ပြောင်းလဲဖို့ ကြိုးစားတာကို မုန်းတတ်ကြတာပါပဲ။ ဒါဟာ ဆက်ဆံရေးတွေကို ပြိုလဲပျက်စီးသွားစေနိုင်တဲ့ အဓိကအကြောင်းအရင်း ဖြစ်လို့နေပါတယ်။ ယောကျာ်းလေးတွေက သူတို့ရဲ့ နဂိုပုံစံအတိုင်းကိုသာ သူတို့ချစ်တဲ့သူတွေက လက်ခံပေးစေချင်ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖြစ်တည်မှုကို ချစ်ပေးတာမျိုးပဲ လိုချင်ကြပြီး သူတို့အရမ်းချစ်မိသွားတဲ့အခါမှာတော့ သူတို့ကိုယ်တိုင်က ချစ်ရသူလိုချင်တဲ့ပုံစံအတိုင်း ပြုပြင်ပေးတတ်ကြတာပါပဲ။

ရိုးသားမှု

ကောင်မလေးတွေ မသိသေးတဲ့ အချက်တစ်ချက်က ယောကျ်ားလေးတွေဟာ မိန်းကလေးတွေထက်တောင် ရိုးသားမှုကို ပိုတန်ဖိုးထားတတ်ကြတာပါပဲ။ သူတို့ချစ်တဲ့သူဆီကနေ အရိုးသားဆုံး စကားတွေကိုပဲ ကြားချင်ကြပြီး ဘယ်လောက်ဆိုးဝါးတဲ့ကိစ္စဖြစ်နေပါစေ ရိုးရိုးသားသား ဖွင့်ဟပြောပြတာကိုပဲ လိုချင်ကြပါတယ်။ သူတို့တွေက သူတို့ရဲ့ချစ်ရသူတွေကို အကြွင်းမဲ့ယုံကြည်ချင်ကြတဲ့အတွက် ရိုးသားမှုကို လိုအပ်ကြတာ ဖြစ်ပါတယ်။

အပြုံး
နောက်ထပ် ချစ်သူကောင်မလေးဆီက လိုချင်တဲ့ အရာတစ်ခုကတော့ အပြုံးပဲ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေဟာ သူတို့ကောင်မလေးရဲ့ အပြုံးကို တစ်ခြားအရာတွေထက် ပိုလိုချင်တပ်မက်ကြသူတွေပါ။ ပျော်ရွှင်နေတဲ့ ကောင်မလေးရဲ့ မျက်နှာကိုပဲ မြင်တွေ့ချင်ကြသလို သူုတို့ချစ်တဲ့သူရဲ့အပြုံးဟာ အရာအားလုံးထက် ဆွဲဆောင်မှုရှိစေပါတယ်တဲ့။

နွေးထွေးမှု

ယောကျာ်းလေးတွေက သူတို့တည်ဆောက်ထားတဲ့ ဆက်ဆံရေးကို နွေးထွေးမှုရှိစေချင်တတ်ကြသူတွေပါ။ ပါးစပ်ကသာ ထုတ်မပြောတတ်ကြပေမယ့် အေးစက်စက်နိုင်တဲ့ ဆက်ဆံံရေးဟာ ဘယ်သူအတွက်မှ မပျော်ရွှင်စေနိုင်ပါဘူးနော်။ ဒါကြောင့် နွေးထွေးခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့အတွက် သူတို့အပေါ် နွေးထွေးမှု ရှိတဲ့သူမျိုးကို အမြဲတမ်းရှာဖွေနေတတ်ကြပါတယ်။

Credit Aunty May

Leave a Comment