ပူအိုက်လွန်းတဲ့ ရာသီဥတုကြီးနဲ့ ကိုက်ညီနေတဲ့ သူ့ရဲ့ နှင်းဆီအိုင်ဒေါလ်က ပြက်လုံးလေးကို မျှဝေလာတဲ့ နေတိုး




Source: Nay Toe’s fb

UNICODE

မင်းသားချောနေတိုးက ငယ်စဉ်ကတည်းက အနုပညာကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး အခုဆိုရင် အကယ်ဒမီဆု (၃) ဆုရရှိပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ နေတိုးက ရုပ်ရှင်ဇာတ်ကားတွေများစွာကို ရိုက်ကူးပြီး သီချင်းခွေတစ်ခွေကို ထုတ်လုပ်ထားသလို “နှင်းဆီ” အဖွဲ့နဲ့လည်း လူရွှင်တော်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ နေတိုးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို တစ်ခဲနက်အားပေးနေလျက်ရှိပါတယ်။

အခုလို ပူအိုက်လွန်းတဲ့ ရာသီဥတုမှာ နေတိုးက နှင်းဆီအငြိမ့်မှာ ပြက်ခဲ့ဖူးတဲ့ ပြက်လုံးတစ်ခုကို ပရိသတ်တွေကို မျှဝေထားပါတယ်။ နေတိုးက “ခံစားချက်တူသူများသာ share ရန်” ဆိုပြီး ဗီဒီယိုလေးကို အခုလိုပဲ မျှဝေဖော်ပြပေးထားပါတယ်။

နေတိုးရဲ့ ပြက်လုံးထဲကလိုပဲ ရာသီဥတုကြီးက အရမ်းကို ပူလောင်နေပြီး အပူချိန်တွေလည်း အရမ်းမြင့်နေတာမို့ ပရိသတ်ကြီးလည်း ဂရုစိုက်ကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Nay Toe’s fb
Credit – Cele Connections

Leave a Comment