ေဆးေၾကာင္ေနတာ မဟုတ္ေၾကာင္း ရင္ဖြင့္လာတဲ့ ရဲတိုက္

မ်က္ႏွာကိုၾကည့္ၿပီး ေဝဖန္ေနတဲ့သူေတြေၾကာင့္ စိတ္အားငယ္မိတယ္တဲ့။လက္ရွိ က်န္းမာေရး အေျခအေနနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပလာပါတယ္။သ႐ုပ္ေဆာင္ ရဲတိုက္ကေတာ့ သူ႔က်န္းမာေရး အေျခအေနနဲ႔ ပတ္သက္ၿပီး ပရိသတ္ကို ေျပာျပလာပါတယ္။ သူ႔မ်က္ႏွာကိုၾကည့္ၿပီးေဆး ေၾကာင္ေနတယ္လို႔ ေဝဖန္ၾကတဲ့ မွတ္ခ်က္ေတြအေပၚမွာလည္း စိတ္မေကာင္းျဖစ္ရတယ္လို႔ သူကဆိုပါတယ္။”ကြၽန္ေတာ္အာ႐ုံေၾကာ အားနည္းမူေၾကာင့္ လူေတြနဲ႔ စကားေျပာဆိုအဆင္မေျပပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ့္ ႐ုပ္ကိုၾကည့္ၿပီး ေဆးေၾကာင္ေနတယ္ ဆိုတဲ့ စကားသံတခ်ိဳ႕ေတြေၾကာင့္ တကယ္စိတ္အားငယ္မိပါတယ္။ ခုလည္းေဆးေသာက္ေနရပါတယ္။ ကြၽန္ေတာ္အရင္လို႔ျဖစ္လာေအာင္ႀကိဳးစားေနပါတယ္” ဆိုၿပီးေတာ့ ေမလ ၁၁ ရက္ေန႔ ေန႔လယ္ ၂ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ရဲတိုက္ဟာ ဧၿပီ(၉) ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္ကေန live လႊင့္ၿပီး ပရိသတ္ေတြနဲ႔ စကားေတြ ေျပာခဲ့ပါေသးတယ္။ အဲဒီ live ထဲမွာ သူရဲ႕ မ်က္ႏွာပုံစံဟာ အရင္တုန္းကနဲ႔ မတူတာေၾကာင့္ ပရိသတ္ေတြကမွတ္ခ်က္ အမ်ိဳးမ်ိဳးေပးခဲ့ၾကသလို ေဆးေၾကာင္ေနတယ္လို႔ မွတ္ခ်က္ေတြ ေပးခဲ့ၾကတာျဖစ္ပါတယ္။

ရဲတိုက္ ေထာင္က လြတ္လာၿပီးေနာက္မွာ ေဆးကုသမႈ ခံယူခဲ့ရပါေသးတယ္။ အာ႐ုံေၾကာနဲ႔ ပတ္သက္တဲ့ေဝဒနာ ခံစားေနရတဲ့ ရဲတိုက္ဟာ မီးထိုးမွန္ထိုးေတြကို မခံႏိုင္တာေၾကာင့္ အႏုပညာအလုပ္ေတြကို အမ်ားႀကီး ျပန္မလုပ္ခဲ့ရပါဘူး။႐ုပ္ရွင္ဇာတ္ကားေတြ ျပန္လည္႐ိုက္ကူးလာတဲ့ အခ်ိန္မွာေတာ့ သူ႔ကို ခ်စ္တဲ့ ပရိသတ္ေတြအတြက္ ဇာတ္ကားေကာင္းေတြ ေ႐ြးခ်ယ္ ႐ိုက္ကူးသြားမယ္လို႔လည္းအင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ ပရိသတ္ေတြ အရင္တုန္းကထက္ အမ်ားႀကီးပိုၿပီး ဇာတ္ကားေကာင္းေတြၾကည့္ရမွာပါ။ အႏုပညာသမားတိုင္းက ဘယ္လိုေနရာကေန တစ္ေထာင့္ တစ္ေနရာက ပါဝင္ပတ္သက္ေနရသည္ျဖစ္ေစ၊ အလင္းဆုံးၾကယ္ေလးေတြျဖစ္ေအာင္ေတာ့ ႀကိဳးစားေနၾကပါတယ္။ ဇာတ္ကားေကာင္း တယ္မေကာင္းဘူး ကေတာ့ ပရိသတ္ေတြက ခြဲတတ္ပါတယ္။ အခုေခတ္ျဖတ္သန္းပုံနဲ႔လည္း ဆိုင္တာေပါ့ေနာ္၊ မီဒီယာေလာကက အရင္တုန္းကနဲ႔လည္း မတူေတာ့ဘူး၊ ေဖ့စ္ဘြတ္ေပၚလာတာ၊ အႏုပညာသမားေတြနဲ႔ ပရိသတ္ေတြရင္ခုန္သံ ထပ္တူက်ႏိုင္ေလာက္ေအာင္ ပိုၿပီးေတာ့ နီးစပ္လာတာေပါ့ေနာ္’’ လို႔ သူကဆိုပါတယ္။

ရဲတိုက္ဟာ မူးယစ္ေဆးဝါးသုံးစြဲမႈနဲ႔ ေထာင္က်ေနရာကေန ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ ၁၇ ရက္ေန႔က ျပန္လည္ လြတ္ေျမာက္လာတာ ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလကေနစၿပီး အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္လာတာပါ။ ရဲတိုက္ ေထာင္က ထြက္လာၿပီးမွ ႐ိုက္ကူးတဲ့ “ဒ႑ာရီမိုး” ႐ုပ္ရွင္ဇာတ္ကားႀကီးကလည္း ႐ုံတင္ျပသခဲ့ၿပီးျဖစ္ပါတယ္။ လက္ရွိမွာလည္း သူ႔ရဲ႕ က်န္းမာေရး အေျခအေနေၾကာင့္ ႐ိုက္ကူးေရးေတြ နားထားတာကိုလည္း ေတြ႕ရပါတယ္။

Credit Duwun Media

UNICODE

မျက်နှာကိုကြည့်ပြီး ဝေဖန်နေတဲ့သူတွေကြောင့် စိတ်အားငယ်မိတယ်တဲ့။လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။သရုပ်ဆောင် ရဲတိုက်ကတော့ သူ့ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပြောပြလာပါတယ်။ သူ့မျက်နှာကိုကြည့်ပြီးဆေး ကြောင်နေတယ်လို့ ဝေဖန်ကြတဲ့ မှတ်ချက်တွေအပေါ်မှာလည်း စိတ်မကောင်းဖြစ်ရတယ်လို့ သူကဆိုပါတယ်။”ကျွန်တော်အာရုံကြော အားနည်းမူကြောင့် လူတွေနဲ့ စကားပြောဆိုအဆင်မပြေပါဘူး။ ဒါကြောင့် ကျွန်တော့် ရုပ်ကိုကြည့်ပြီး ဆေးကြောင်နေတယ် ဆိုတဲ့ စကားသံတချို့တွေကြောင့် တကယ်စိတ်အားငယ်မိပါတယ်။ ခုလည်းဆေးသောက်နေရပါတယ်။ ကျွန်တော်အရင်လို့ဖြစ်လာအောင်ကြိုးစားနေပါတယ်” ဆိုပြီးတော့ မေလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ရဲတိုက်ဟာ ဧပြီ(၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားတွေ ပြောခဲ့ပါသေးတယ်။ အဲဒီ live ထဲမှာ သူရဲ့ မျက်နှာပုံစံဟာ အရင်တုန်းကနဲ့ မတူတာကြောင့် ပရိသတ်တွေကမှတ်ချက် အမျိုးမျိုးပေးခဲ့ကြသလို ဆေးကြောင်နေတယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြတာဖြစ်ပါတယ်။

ရဲတိုက် ထောင်က လွတ်လာပြီးနောက်မှာ ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ အာရုံကြောနဲ့ ပတ်သက်တဲ့ဝေဒနာ ခံစားနေရတဲ့ ရဲတိုက်ဟာ မီးထိုးမှန်ထိုးတွေကို မခံနိုင်တာကြောင့် အနုပညာအလုပ်တွေကို အများကြီး ပြန်မလုပ်ခဲ့ရပါဘူး။ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလာတဲ့ အချိန်မှာတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတွေ ရွေးချယ် ရိုက်ကူးသွားမယ်လို့လည်းအင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ပရိသတ်တွေ အရင်တုန်းကထက် အများကြီးပိုပြီး ဇာတ်ကားကောင်းတွေကြည့်ရမှာပါ။ အနုပညာသမားတိုင်းက ဘယ်လိုနေရာကနေ တစ်ထောင့် တစ်နေရာက ပါဝင်ပတ်သက်နေရသည်ဖြစ်စေ၊ အလင်းဆုံးကြယ်လေးတွေဖြစ်အောင်တော့ ကြိုးစားနေကြပါတယ်။ ဇာတ်ကားကောင်း တယ်မကောင်းဘူး ကတော့ ပရိသတ်တွေက ခွဲတတ်ပါတယ်။ အခုခေတ်ဖြတ်သန်းပုံနဲ့လည်း ဆိုင်တာပေါ့နော်၊ မီဒီယာလောကက အရင်တုန်းကနဲ့လည်း မတူတော့ဘူး၊ ဖေ့စ်ဘွတ်ပေါ်လာတာ၊ အနုပညာသမားတွေနဲ့ ပရိသတ်တွေရင်ခုန်သံ ထပ်တူကျနိုင်လောက်အောင် ပိုပြီးတော့ နီးစပ်လာတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

ရဲတိုက်ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျနေရာကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေစပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာပါ။ ရဲတိုက် ထောင်က ထွက်လာပြီးမှ ရိုက်ကူးတဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ရိုက်ကူးရေးတွေ နားထားတာကိုလည်း တွေ့ရပါတယ်။

Credit Duwun Media

Leave a Comment