ဖျက်ဆီးလိုက်ရတဲ့ သူ့ရဲ့ လီလီပန်းခင်းကြီးအတွက် စိတ်မကောင်းဖြစ်နေရတဲ့ ဦးလွင်မိုး




Credit yinkhatpan

UNICODE

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ ထိပ်တန်းရပ်တည်လာခဲ့ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ တခဲနက်အချစ်တွေကို သိမ်းပိုက်ရရှိထားသူကတော့ အကယ်ဒမီမင်းသားကြီး လွင်မိုးပဲ ဖြစ်ပါတယ်..။ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်ဝါရင့်အနုပညာရှင်အဖြစ် အနုပညာလမ်းကြောင်းမှာ အောင်မြင်စွာအခိုင်အမာရပ်တည်နေတဲ့ မင်းသားကြီးလွင်မိုးဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေနည်းပါးကာ မိသားစုကို အချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းလွန်းတဲ့ မြေးချောလေးကိုလည်း ပိုင်ဆိုင်ထားကာ မိသားစုနဲ့ စီးပွားရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ သရုပ်ဆောင် ဦးလွင်မိုးက အနုပညာအလုပ်တွေကို လျှော့ချပြီးတဲ့နောက်မှာတော့ မိသားစု စီးပွားရေးအဖြစ် လီလီပန်းများကို စိုက်ပျိုးရောင်းချနေသူပါ။ ဂရုတစိုက်စောင့်ရှောက်ခဲ့တာကြောင့် အရမ်းကို ဖြစ်ထွန်းလှပနေတဲ့ လီလီပန်းတွေကို ပရိတ်သတ်ကြီးလည်း မြင်ဖူးမှာပါနော်။

စိတ်မကောင်းစရာ သတင်းကတော့ ကပ်ရောဂါဆိုးကြီးကြောင့် လီလီပန်းတွေ မရောင်းရတဲ့အတွက် စိုက်ခင်းက မခူးစွတ်ရသေးတဲ့ ပန်းတွေကို ကိုယ်တိုင် ဖျက်ဆီးခဲ့ရတာ ဖြစ်ပါတယ်။ အခုလို စိတ်မကောင်းစရာ သတင်းကိုတော့ ဦးလွင်မိုးက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ယနေ့ ဖော်ပြခဲ့တာပါ။ ပြန်လည်တိုက်ယူရမည့် ဆုံးရှုံးမှုများ….” ဆိုပြီး သူ့ရဲ့ စိုက်ခင်းက ပုံရိပ်များကို ပရိတ်သတ်ထံ မျှဝေခဲ့တာ ဖြစ်ပါတယ် ။ အနုပညာမောင်နှမတွေသာမက ပရိတ်သတ်အားလုံးကပါ နှမြောတသ ဖြစ်နေခဲ့ကြရပါတယ်။ပရိတ်သတ်ကြီးလည်း လီလီပန်းတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိလားဆိုတာ ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Credit yinkhatpan

Leave a Comment