တစ္ကိုယ္ေတာ္ရႈိးပြဲအေႂကြးေတြဆပ္ဖို႔ ကားေရာင္းလိုက္ရတဲ့ ပိုပို

ပရိသတ္ရဲ႕အခ်စ္ေတာ္ပိုပိုကေတာ့ ဒီေန႔မွာ သူ႔ဘဝအတြက္ စိတ္မေကာင္းျဖစ္စရာတစ္ခုကို မွ်ေဝခဲ့ပါတယ္။ ပိုပိုကေတာ့ သူတတ္ကြၽမ္းတဲ့အဆိုပညာနဲ႔ ဘဝကို တစ္ကေန စခဲ့ရတဲ့ မိဘမဲ့တစ္ေယာက္ပါ။ အားေပးသူပရိသတ္ေတြေၾကာင့္လည္း သူရရွိခဲ့တဲ့ အႏုပညာေၾကးေတြနဲ႔ ကိုယ္ပိုင္အိမ္၊ကားနဲ႔ လူတန္းေစ့ေနႏိုင္လာခဲ့ပါတယ္။

ဒါေပမယ့္ စိတ္မေကာင္းစရာတစ္ခုကေတာ့ မၾကာေသးခင္က မႏၲေလးၿမိဳ႕မွာက်င္းပခဲ့တဲ့ သူ႔ရဲ႕ပထမဆုံးတစ္ကိုယ္ေတာ္ရႈိးပြဲမွာ အရႈံးေတြနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ သူကိုယ္တိုင္ အမ်ားႀကီးေမွ်ာ္လင့္ၿပီး ႀကိဳးစားခဲ့ေပမယ့္ Covid-19 ကပ္ေရာဂါဆိုးႀကီးေၾကာင့္ လူဝင္နည္းခဲ့ၿပီး အရႈံးေပၚခဲ့ပါတယ္ ပရိသတ္ႀကီးေရ… ဒီေန႔မွာေတာ့ ဒီရႈိးပြဲရဲ႕ဆုံးရႈံးမႈေတြကို သူခ်စ္တဲ့ကားေလးကို ေရာင္းၿပီးဆပ္ခဲ့ၿပီျဖစ္ေၾကာင္း စိတ္မေကာင္းစြာ မွ်ေဝခဲ့ပါတယ္။

“ဒီေန႔ သူမ ဟာ တကယ္ပဲ ထားသြားခဲ့ၿပီ… သူမ ကို ကိုယ္က ထြက္သြားခြင့္ျပဳလိုက္တာ… ပထမဆုံး ဝယ္ဖူးတဲ့ ကားေလး ဂ်ပန္ ကေန ေရာက္ကတည္းက ကိုယ့္ကို စိတ္ဒုကၡ မေပးဖူးဘူး…ညဥ္ ေကာင္းတဲ့ သူမ အခုေတာ့ သူမနဲ႔ ကိုယ္ တကယ္ ေဝးခဲ့ေလၿပီ… လြမ္းေနမယ္ ေနာ္…. ကိုယ္ လုပ္ခ်င္တဲ့ One Lady Show အတြက္ သူေပးဆပ္ခဲ့တယ္…. Show ပြဲ ေပါင္းမ်ားစြာ ကို အႏၲရာယ္ ကင္းကင္းနဲ႔ေခၚေဆာင္ေပးခဲ့ဘူးတယ္…. မင္းက ငါ့အတြက္ ကားတစ္စီးဆိုတာထက္ သူငယ္ခ်င္းတစ္ေယာက္လိုပါ ပဲ…. ဒီေန႔ စိတ္ေတာ္ေတာ္ မေကာင္းဘူး (၅) ႏွစ္ နီးပါး သံေယာဇဥ္” လို႔ စိတ္မေကာင္းစြာနဲ႔ မွ်ေဝခဲ့ပါတယ္။ အရႈံးေတြၿပီးရင္ ကံေကာင္းျခင္းေတြျပန္လာဦးမွာပါ ပိုပိုေရ… ပိုပိုကို အားေပးေနတဲ့ပရိသတ္ႀကီးလည္း စိတ္မေကာင္းျဖစ္ေနတဲ့ ပိုပိုအတြက္ အားေပးစကားေလး ေျပာခဲ့ပါဦးေနာ္။

Source – ဝတ္ရည္မိုး
Credit – Cele Gabar

UNICODE

ပရိသတ်ရဲ့အချစ်တော်ပိုပိုကတော့ ဒီနေ့မှာ သူ့ဘဝအတွက် စိတ်မကောင်းဖြစ်စရာတစ်ခုကို မျှဝေခဲ့ပါတယ်။ ပိုပိုကတော့ သူတတ်ကျွမ်းတဲ့အဆိုပညာနဲ့ ဘဝကို တစ်ကနေ စခဲ့ရတဲ့ မိဘမဲ့တစ်ယောက်ပါ။ အားပေးသူပရိသတ်တွေကြောင့်လည်း သူရရှိခဲ့တဲ့ အနုပညာကြေးတွေနဲ့ ကိုယ်ပိုင်အိမ်၊ကားနဲ့ လူတန်းစေ့နေနိုင်လာခဲ့ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ မကြာသေးခင်က မန္တလေးမြို့မှာကျင်းပခဲ့တဲ့ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်ရှိုးပွဲမှာ အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ သူကိုယ်တိုင် အများကြီးမျှော်လင့်ပြီး ကြိုးစားခဲ့ပေမယ့် Covid-19 ကပ်ရောဂါဆိုးကြီးကြောင့် လူဝင်နည်းခဲ့ပြီး အရှုံးပေါ်ခဲ့ပါတယ် ပရိသတ်ကြီးရေ… ဒီနေ့မှာတော့ ဒီရှိုးပွဲရဲ့ဆုံးရှုံးမှုတွေကို သူချစ်တဲ့ကားလေးကို ရောင်းပြီးဆပ်ခဲ့ပြီဖြစ်ကြောင်း စိတ်မကောင်းစွာ မျှဝေခဲ့ပါတယ်။

“ဒီနေ့ သူမ ဟာ တကယ်ပဲ ထားသွားခဲ့ပြီ… သူမ ကို ကိုယ်က ထွက်သွားခွင့်ပြုလိုက်တာ… ပထမဆုံး ဝယ်ဖူးတဲ့ ကားလေး ဂျပန် ကနေ ရောက်ကတည်းက ကိုယ့်ကို စိတ်ဒုက္ခ မပေးဖူးဘူး…ညဉ် ကောင်းတဲ့ သူမ အခုတော့ သူမနဲ့ ကိုယ် တကယ် ဝေးခဲ့လေပြီ… လွမ်းနေမယ် နော်…. ကိုယ် လုပ်ချင်တဲ့ One Lady Show အတွက် သူပေးဆပ်ခဲ့တယ်…. Show ပွဲ ပေါင်းများစွာ ကို အန္တရာယ် ကင်းကင်းနဲ့ခေါ်ဆောင်ပေးခဲ့ဘူးတယ်…. မင်းက ငါ့အတွက် ကားတစ်စီးဆိုတာထက် သူငယ်ချင်းတစ်ယောက်လိုပါ ပဲ…. ဒီနေ့ စိတ်တော်တော် မကောင်းဘူး (၅) နှစ် နီးပါး သံယောဇဉ်” လို့ စိတ်မကောင်းစွာနဲ့ မျှဝေခဲ့ပါတယ်။ အရှုံးတွေပြီးရင် ကံကောင်းခြင်းတွေပြန်လာဦးမှာပါ ပိုပိုရေ… ပိုပိုကို အားပေးနေတဲ့ပရိသတ်ကြီးလည်း စိတ်မကောင်းဖြစ်နေတဲ့ ပိုပိုအတွက် အားပေးစကားလေး ပြောခဲ့ပါဦးနော်။

Source – ဝတ်ရည်မိုး
Credit – Cele Gabar

Leave a Comment