ေန႔ရက္တိုင္း မေပ်ာ္ရႊင္ရသလို ခံစားေနရသူေတြသာ နားလည္ႏိုင္မယ့္ အခ်က္မ်ား

ေပ်ာ္ရႊင္ရတယ္ဆိုတာ ဘယ္ေလာက္ ေကာင္းသလဲဆိုတာ လူတိုင္း သိၾကပါတယ္။ ေပ်ာ္စရာေတြ ျပည့္ႏွက္ေနတဲ့ သူေတြ ရွိသလို စိတ္ညစ္စရာေတြ အခက္အခဲေတြနဲ႔ ျပည့္ေနတဲ့သူေတြလည္း ရွိပါတယ္။ ဒါေပမယ့္လည္း တစ္ခ်ိဳ႕ေတြကေတာ့ အခက္အခဲရယ္လို႔ မ်ားမ်ားစားစား မရွိပါဘဲ ေပ်ာ္ရႊင္မႈ ေပ်ာက္ဆံုးေနတဲ့သူေတြလည္း ရွိေနပါတယ္။ သူတို႔ကေတာ့ အေၾကာင္းေၾကာင္းေၾကာင့္ အခုလို ျဖစ္ေနရျခင္း ျဖစ္ပါတယ္။ တစ္ျခားသူေတြ နားမလည္ႏိုင္ဘဲ သူတို႔ေတြပဲ အဲ့လိုအေျခအေနကို နားလည္ႏိုင္တာကေတာ့ ဒီအခ်က္ေတြပဲ ျဖစ္ပါတယ္။

(၁) မေပ်ာ္ဘူး

သူတို႔ေတြမွာ အဓိက ျဖစ္တာကေတာ့ မေပ်ာ္ရႊင္ျခင္းပဲ ျဖစ္ပါတယ္။ ေပ်ာ္စရာ ရွိမွ ေပ်ာ္မွာေပါ့လို႔ လူအမ်ားက ထင္တတ္ၾကပါတယ္။ တကယ္က သူတို႔အတြက္ ေပ်ာ္စရာ မရွိသလို ျဖစ္ေနတာပါ။ ရယ္စရာလို႔ လူအမ်ားက သတ္မွတ္လည္း သူ႔အတြက္ မရယ္ရပါဘူး။ သူ႔ကို ဘာက ေပ်ာ္ရႊင္ေစလဲဆိုတာကို မသိေတာ့သလို ျဖစ္ေနၿပီ တစ္ျခားသူေတြရဲ႕ ေပ်ာ္ရႊင္တတ္တဲ့ အရာေတြေတာ့ သူတို႔က သိၾကပါတယ္။ ဒါေပမယ့္ သူတို႔အတြက္ေတာ့ မဟုတ္ပါဘူး။

(၂) ဘဝက ေျခာက္ကပ္ေနသလို ခံစားရတယ္

ျပံဳးေပ်ာ္ျခင္း မရွိေတာ့တဲ့သူေတြက ခပ္ေအးေအး လူေတြ အျပင္ပန္းပံုစံက ဆင္တူေနတတ္ပါတယ္။ သူတို႔အတြင္းစိတ္္မွာေတာ့ သူတို႔အနားမွာ ဘာမွ မရွိသလို ခံစားေနရပါတယ္။ သူတို႔နဲ႔ တစ္သားတည္း ျဖစ္တဲ့သူကို မိသားစုမွာေတာင္ ရွာမရတာမ်ိဳးေတာင္ ႀကံဳေနတတ္ပါတယ္။ သူငယ္ခ်င္းေတြ ရွိေပမယ့္လည္း ေပ်ာ္စရာေကာင္းတယ္လို႔ မခံစားရေတာ့တဲ့အျပင္ ပိုၿပီး ေဝးသြားသလို ခံစားခ်က္ပါ ခံစားေနၾကရတတ္ပါတယ္။

(၃) လူေတြနဲ႔ သိပ္ စကားမေျပာခ်င္ဘူး

ေပ်ာ္စရာ မရွိတာေၾကာင့္ ဘယ္အရာကိုမွ ေပ်ာ္စရာလုိ႔လည္း မျမင္တတ္္ၾကေတာ့ပါဘူး။ ဒါေၾကာင့္လည္း ေရွာင္တဲ့အရာေတြ မ်ားလာပါတယ္။ ပြဲလမ္းသဘင္ေတြကို စိတ္ရႈပ္လာသလို လူေတြကို စိတ္္ရႈပ္ျခင္း စကားေျပာရမွာကို စိတ္ရႈပ္ျခင္းေတြ ျဖစ္တတ္္ၾကပါတယ္။ အထူးသျဖင့္ လူေတြနဲ႔ လူမႈေရး အရ ေလာကြတ္လုပ္ ေျပာဆိုေနရတာကို ခံစားမရေတာ့ပဲ မေျပာခ်င္ မဆိုခ်င္ ျဖစ္လာတတ္ၾကပါတယ္။

Sad man sits on the old wooden bench on the sea coast. Vintage toned photo with retro toning filter effect

(၄) ဗလာ ျဖစ္ေနတယ္

သူတို႔အတြက္ကေတာ့ ဘာလုပ္ရင္ေကာင္းမလဲလို႔ ေတြးတာေတာင္ လုပ္စရာ ေပ်ာက္ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ အတူ ရွိရင္ေတာင္ ေပ်ာ္ဖို႔ေကာင္းသလား မေကာင္းသလားကိုု မခံစားမိေတာ့ဘဲ အသက္မပါသလို ခံစားေနရပါတယ္။ ဘာျဖစ္ေနလဲ ေမးရင္ အေျဖ မရွိသလို ခံစားခ်က္ကလည္း ေပ်ာ္မေနတာကလြဲရင္ ဗလာသက္သက္ပဲ ျဖစ္ပါတယ္။ ဒီလိုကေန ကိုယ့္အေျခအေနကို သတိထားမိခ်ိန္မွာ စိတ္ညစ္မႈ ျဖစ္သြားတတ္ပါတယ္။

(၅) ကိုယ္တစ္ေယာက္တည္း ရွိသလို ခံစားရတယ္

သူငယ္ခ်င္းေတြ ရွိေပမယ့္ သူငယ္ခ်င္းေတြနဲ႔ စကားေျပာခ်င္စိတ္ မရွိေတာ့သလို မိသားစုကိုလည္း အခ်ိန္မေပးခ်င္ေတာ့ပါဘူး။ တစ္ေယာက္တည္း ေနရတာ ပိုၿပီး သက္ေတာင့္သက္သာ ရွိသလို ခံစားရၿပီး တစ္ေယာက္တည္း အခ်ိန္ကုန္ေနတတ္ပါတယ္။ ဒီလိုနဲ႔ ကိုယ့္မွာ ကိုယ္နဲ႔ အဆင္ေျပတဲ့သူ မရွိေတာ့သလို ခံစားေနရၿပီး ကိုယ့္မွာ ကိုယ္တစ္ေယာက္တည္း ရွိေနတဲ့စိတ္ ဝင္လာၿပီး အထီးက်န္ေဝဒနာကိုလည္း ခံစားရသြားတတ္ပါေသးတယ္။

Credit Aunty May

UNICODE

ပျော်ရွှင်ရတယ်ဆိုတာ ဘယ်လောက် ကောင်းသလဲဆိုတာ လူတိုင်း သိကြပါတယ်။ ပျော်စရာတွေ ပြည့်နှက်နေတဲ့ သူတွေ ရှိသလို စိတ်ညစ်စရာတွေ အခက်အခဲတွေနဲ့ ပြည့်နေတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း တစ်ချို့တွေကတော့ အခက်အခဲရယ်လို့ များများစားစား မရှိပါဘဲ ပျော်ရွှင်မှု ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနေပါတယ်။ သူတို့ကတော့ အကြောင်းကြောင်းကြောင့် အခုလို ဖြစ်နေရခြင်း ဖြစ်ပါတယ်။ တစ်ခြားသူတွေ နားမလည်နိုင်ဘဲ သူတို့တွေပဲ အဲ့လိုအခြေအနေကို နားလည်နိုင်တာကတော့ ဒီအချက်တွေပဲ ဖြစ်ပါတယ်။

(၁) မပျော်ဘူး

သူတို့တွေမှာ အဓိက ဖြစ်တာကတော့ မပျော်ရွှင်ခြင်းပဲ ဖြစ်ပါတယ်။ ပျော်စရာ ရှိမှ ပျော်မှာပေါ့လို့ လူအများက ထင်တတ်ကြပါတယ်။ တကယ်က သူတို့အတွက် ပျော်စရာ မရှိသလို ဖြစ်နေတာပါ။ ရယ်စရာလို့ လူအများက သတ်မှတ်လည်း သူ့အတွက် မရယ်ရပါဘူး။ သူ့ကို ဘာက ပျော်ရွှင်စေလဲဆိုတာကို မသိတော့သလို ဖြစ်နေပြီ တစ်ခြားသူတွေရဲ့ ပျော်ရွှင်တတ်တဲ့ အရာတွေတော့ သူတို့က သိကြပါတယ်။ ဒါပေမယ့် သူတို့အတွက်တော့ မဟုတ်ပါဘူး။

(၂) ဘဝက ခြောက်ကပ်နေသလို ခံစားရတယ်

ပြုံးပျော်ခြင်း မရှိတော့တဲ့သူတွေက ခပ်အေးအေး လူတွေ အပြင်ပန်းပုံစံက ဆင်တူနေတတ်ပါတယ်။ သူတို့အတွင်းစိတ်မှာတော့ သူတို့အနားမှာ ဘာမှ မရှိသလို ခံစားနေရပါတယ်။ သူတို့နဲ့ တစ်သားတည်း ဖြစ်တဲ့သူကို မိသားစုမှာတောင် ရှာမရတာမျိုးတောင် ကြုံနေတတ်ပါတယ်။ သူငယ်ချင်းတွေ ရှိပေမယ့်လည်း ပျော်စရာကောင်းတယ်လို့ မခံစားရတော့တဲ့အပြင် ပိုပြီး ဝေးသွားသလို ခံစားချက်ပါ ခံစားနေကြရတတ်ပါတယ်။

(၃) လူတွေနဲ့ သိပ် စကားမပြောချင်ဘူး

ပျော်စရာ မရှိတာကြောင့် ဘယ်အရာကိုမှ ပျော်စရာလို့လည်း မမြင်တတ်ကြတော့ပါဘူး။ ဒါကြောင့်လည်း ရှောင်တဲ့အရာတွေ များလာပါတယ်။ ပွဲလမ်းသဘင်တွေကို စိတ်ရှုပ်လာသလို လူတွေကို စိတ်ရှုပ်ခြင်း စကားပြောရမှာကို စိတ်ရှုပ်ခြင်းတွေ ဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် လူတွေနဲ့ လူမှုရေး အရ လောကွတ်လုပ် ပြောဆိုနေရတာကို ခံစားမရတော့ပဲ မပြောချင် မဆိုချင် ဖြစ်လာတတ်ကြပါတယ်။

(၄) ဗလာ ဖြစ်နေတယ်

သူတို့အတွက်ကတော့ ဘာလုပ်ရင်ကောင်းမလဲလို့ တွေးတာတောင် လုပ်စရာ ပျောက်နေတာမျိုး ဖြစ်တတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူ ရှိရင်တောင် ပျော်ဖို့ကောင်းသလား မကောင်းသလားကို မခံစားမိတော့ဘဲ အသက်မပါသလို ခံစားနေရပါတယ်။ ဘာဖြစ်နေလဲ မေးရင် အဖြေ မရှိသလို ခံစားချက်ကလည်း ပျော်မနေတာကလွဲရင် ဗလာသက်သက်ပဲ ဖြစ်ပါတယ်။ ဒီလိုကနေ ကိုယ့်အခြေအနေကို သတိထားမိချိန်မှာ စိတ်ညစ်မှု ဖြစ်သွားတတ်ပါတယ်။

(၅) ကိုယ်တစ်ယောက်တည်း ရှိသလို ခံစားရတယ်

သူငယ်ချင်းတွေ ရှိပေမယ့် သူငယ်ချင်းတွေနဲ့ စကားပြောချင်စိတ် မရှိတော့သလို မိသားစုကိုလည်း အချိန်မပေးချင်တော့ပါဘူး။ တစ်ယောက်တည်း နေရတာ ပိုပြီး သက်တောင့်သက်သာ ရှိသလို ခံစားရပြီး တစ်ယောက်တည်း အချိန်ကုန်နေတတ်ပါတယ်။ ဒီလိုနဲ့ ကိုယ့်မှာ ကိုယ်နဲ့ အဆင်ပြေတဲ့သူ မရှိတော့သလို ခံစားနေရပြီး ကိုယ့်မှာ ကိုယ်တစ်ယောက်တည်း ရှိနေတဲ့စိတ် ဝင်လာပြီး အထီးကျန်ဝေဒနာကိုလည်း ခံစားရသွားတတ်ပါသေးတယ်။

Credit Aunty May

Leave a Comment