လွန်ခဲ့တဲ့ (၁၉) နှစ် ဆီဒိုးနားဟိုတယ်မှာကျင်းပခဲ့တဲ့ ထက်ထက်မိုးဦးရဲ့မွေးနေ့ပွဲဗွီဒီယိုဖိုင်လေး




Source – Pwint Ko Ko Aung
Credit- Cele Gabar

UNICODE

ပြီးခဲ့တဲ့ မေလ(၈) ရက်နေ့လေးကတော့ ပြည်သူချစ်သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ အသက်(၄၉) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ထက်ထက်ကတော့ တစ်ခေတ်တစ်ခါတုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို သိမ်းပိုက်ခဲ့တဲ့ ကြော်ငြာဘုရင်တစ်ပါးဆိုရင်လည်း မမှားပါဘူး။

မိုးကုတ်မြေက သာမန်လူတန်းစားဘဝကနေ တက်လှမ်းလာခဲ့သူဖြစ်ပြီး သူချစ်တဲ့အနုပညာကို အကောင်းဆုံးပုံဖော်ခဲ့သူမို့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာအပြည့်နဲ့ အားပေးဝန်းရံခြင်းကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ လူချစ်လူခင်ပေါများလွန်းတဲ့ ထက်ထက်ရဲ့လွန်ခဲ့တဲ့ (၁၉) နှစ် (၂၀၀၁) ခုနှစ်တုန်းက ဆီဒိုးနားဟိုတယ်မှာကျင်းပခဲ့တဲ့မွေးနေ့ပွဲအမှတ်တရဗွီဒီယိုဖိုင်လေးကိုတော့ မိတ်ကပ်ပွင့်က ပြန်လည်မျှဝေပေးခဲ့ပါတယ်။

အဲ့ဒီအချိန်တွေကတော့ ထက်ထက်ရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့အချိန်တွေဖြစ်ပြီး ဒီဗွီဒီယိုဖိုင်လေးထဲမှာတော့ အရင်အချိန်တွေကို လွမ်းမောစရာကောင်းလောက်အောင် ပျော်ရွှင်နေကြတဲ့ သူတို့တွေကို တွေ့မြင်ရမှာပါ။ တစ်ခေတ်တစ်ခါက ပျိုမြစ်နုနယ်တဲ့အသွင်တွေနဲ့အနုပညာရှင်များကို တစ်စုတစ်စည်းထဲပြန်လည်မြင်တွေ့ရမယ့် ထက်ထက်ရဲ့မွေးနေ့ပွဲဗွီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Pwint Ko Ko Aung
Credit- Cele Gabar

Leave a Comment