အေမမ်ားေန႔မွာ အေမနဲ႔ေဝးေနတဲ့သူေတြမ်က္ရည္လည္သြားရမယ့္ ခါရာရဲ႕ဗြီဒီယိုေလး

ဒီေန႔ ေမလ(၁၀) ရက္ေန႔ေလးကေတာ့ အေမမ်ားေန႔ေလးပဲ ျဖစ္ပါတယ္။ လူရယ္လို႔ျဖစ္လာရင္ ကိုယ့္ကိုေမြးဖြားေပးခဲ့တဲ့ မိခင္ဆိုတာရွိၾကစၿမဲပါ။ ကေလးတိုင္းအတြက္လည္း သူတို႔ရဲ႕ ငယ္ဘဝျဖစ္တည္မႈထဲမွာ မိခင္ရင္ခြင္ဟာ အေႏြးေထြးဆုံးျဖစ္ဖူးခဲ့ၾကမွာပါ။

အေတာင္စုံလို႔ အ႐ြယ္ေရာက္သြားတဲ့အခါ မိဘရင္ခြင္ကို ေျခစုံကန္ၿပီး ကိုယ္ယုံၾကည္ရာလမ္းကိုေလွ်ာက္လွမ္းရင္း မသိမသာ မိဘေတြနဲ႔ ေဝးကြာလာခဲ့ရတဲ့သူေတြလည္း အမ်ားႀကီးပါပဲ။ မိဘကိုျပန္ဂ႐ုစိုက္ဖို႔ သင္ကိုယ္တိုင္သတိရၿပီး ျပန္လွည့္ၾကည့္ခ်ိန္မွာေတာ့ သူတို႔ေတြဟာ သင္နဲ႔ အေဝးဆုံးမွာ က်န္ေနခဲ့ပါၿပီ။ အဲ့လိုအခ်ိန္ေရာက္မွ ေနာင္တမရေစဖို႔… မိဘကို အသက္ရွိတုန္းစိတ္ခ်မ္းသာေအာင္ ထားႏိုင္ၾကဖို႔ ဒီေန႔အေမမ်ားေန႔ေလးမွာ မင္းသားေခ်ာခါရာကေတာ့ သူကိုယ္တိုင္ ရင္နဲ႔ရင္းၿပီး သ႐ုပ္ေဆာင္ထားတဲ့ဗြီဒီယိုေလးကို မွ်ေဝခဲ့ပါတယ္။

ဘဝမွာ ရွင္သန္႐ုန္းကန္ရတာ ခက္ခဲပင္ပန္းလာတဲ့အခ်ိန္တိုင္းမွာ ေႏြးေထြးလြန္းတဲ့အေမ့လက္တစ္စုံကို ေမွ်ာ္လင့္မိၾကမွာပါ။ ခါရာကေတာ့ ဒီဗြီဒီယိုေလးကို ၾကည့္ရႈသူတိုင္းမ်က္ရည္လည္ေစေလာက္ေအာင္ ႐ိုက္ကူးပုံေဖာ္ထားပါတယ္။ ဒီေန႔ အေမမ်ားေန႔ေလးမွာ ခါရာရဲ႕ ဗြီဒီယိုေလးကို ၾကည့္ရႈၿပီး အေမ့ကိုခ်စ္ဖို႔ မေမ့ၾကရေအာင္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။ အေမကိုခ်စ္တဲ့သူတိုင္း အေမ့ေက်းဇူးနားလည္ၿပီး သူတို႔ရဲ႕ အိုမင္းခ်ိန္ေတြကို လိုေလးေသးမရွိ ဂ႐ုစိုက္ေပးႏိုင္ဖို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source – Khar Ra
CREDIT – Cele Gabar

UNICODE

ဒီနေ့ မေလ(၁၀) ရက်နေ့လေးကတော့ အမေများနေ့လေးပဲ ဖြစ်ပါတယ်။ လူရယ်လို့ဖြစ်လာရင် ကိုယ့်ကိုမွေးဖွားပေးခဲ့တဲ့ မိခင်ဆိုတာရှိကြစမြဲပါ။ ကလေးတိုင်းအတွက်လည်း သူတို့ရဲ့ ငယ်ဘဝဖြစ်တည်မှုထဲမှာ မိခင်ရင်ခွင်ဟာ အနွေးထွေးဆုံးဖြစ်ဖူးခဲ့ကြမှာပါ။

အတောင်စုံလို့ အရွယ်ရောက်သွားတဲ့အခါ မိဘရင်ခွင်ကို ခြေစုံကန်ပြီး ကိုယ်ယုံကြည်ရာလမ်းကိုလျှောက်လှမ်းရင်း မသိမသာ မိဘတွေနဲ့ ဝေးကွာလာခဲ့ရတဲ့သူတွေလည်း အများကြီးပါပဲ။ မိဘကိုပြန်ဂရုစိုက်ဖို့ သင်ကိုယ်တိုင်သတိရပြီး ပြန်လှည့်ကြည့်ချိန်မှာတော့ သူတို့တွေဟာ သင်နဲ့ အဝေးဆုံးမှာ ကျန်နေခဲ့ပါပြီ။ အဲ့လိုအချိန်ရောက်မှ နောင်တမရစေဖို့… မိဘကို အသက်ရှိတုန်းစိတ်ချမ်းသာအောင် ထားနိုင်ကြဖို့ ဒီနေ့အမေများနေ့လေးမှာ မင်းသားချောခါရာကတော့ သူကိုယ်တိုင် ရင်နဲ့ရင်းပြီး သရုပ်ဆောင်ထားတဲ့ဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ်။

ဘဝမှာ ရှင်သန်ရုန်းကန်ရတာ ခက်ခဲပင်ပန်းလာတဲ့အချိန်တိုင်းမှာ နွေးထွေးလွန်းတဲ့အမေ့လက်တစ်စုံကို မျှော်လင့်မိကြမှာပါ။ ခါရာကတော့ ဒီဗွီဒီယိုလေးကို ကြည့်ရှုသူတိုင်းမျက်ရည်လည်စေလောက်အောင် ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီနေ့ အမေများနေ့လေးမှာ ခါရာရဲ့ ဗွီဒီယိုလေးကို ကြည့်ရှုပြီး အမေ့ကိုချစ်ဖို့ မမေ့ကြရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ အမေကိုချစ်တဲ့သူတိုင်း အမေ့ကျေးဇူးနားလည်ပြီး သူတို့ရဲ့ အိုမင်းချိန်တွေကို လိုလေးသေးမရှိ ဂရုစိုက်ပေးနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Khar Ra
CREDIT – Cele Gabar

Leave a Comment