အခွင့်အရေးရရင် ဒါရိုက်တာဏကြီး ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားသစ်မှာ သရုပ်ဆောင်ချင်ကြောင့် ပွင့်ပွင့်လင်းလင်းပြောလာတဲ့ ဘုန်းလျှံ
Source: Bhone Hlan’s fb
UNICODE
မင်းသားချော ဘုန်းလျှံကတော့ ပရိသတ်တွေနဲ့ရော မိသားစုတွေနဲ့ပါ (၇)နှစ်တာ ဝေးကွာသွားပြီး အခုဆိုရင် သူ့ရဲ့အတိတ်ကအမှားတွေကို ပြင်ဆင်ပြီးနေပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဘုန်းလျှံက သူအောင်မြင်နေတုန်းအချိန်မှာ လမ်းမှားရောက်သွားခဲ့တာကြောင့် သူချစ်တဲ့ အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုန်းလျှံက အခုချိန်မှာလည်း သူချစ်တဲ့ အနုပညာကိုသာ ဆက်လက်လုပ်ကိုင်သွားဖို့ ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။
အနုပညာလောကထဲ ပြန်လည်တိုးဝင်ဖို့ ကြိုးစားနေရတဲ့ ဘုန်းလျှံကို သူ့ရဲ့ သူငယ်ချင်းဖြစ်သူတစ်ယောက်က ဒါရိုက်တာ ဏကြီး ရိုက်ကူးမယ့် “The Guys Of Rangoon 1930” မှာ အခွင့်အရေးရစေချင်ကြောင်း ပြောထားပါတယ်။ ဘုန်းလျှံကလည်း “သူငယ်ချင်းရေ တကယ်လို့ရိုက်ရရင်တော့အကောင်းဆုံးကြိုးစားပြလိုက်မယ်။ မျှော်လင့်ပါတယ်။ ဆုတောင်းပေးကြပေါ့။” ဆိုပြီး သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ချင်ကြောင်း ပြောပြထားပါတယ်။
ဒါရိုက်တာကြီး ဏကြီးနဲ့ ထုတ်လုပ်သူတွေလည်း The Guys Of Rangoon 1930 မှာ သူ့ကို တစ်နေရာစာ အခွင့်အရေးပေးဖို့ ဘုန်းလျှံကတော့ မျှော်လင့်နေပါတယ်။ ဘုန်းလျှံရဲ့ ဆန္ဒလေးတွေ ပြည့်ဝနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Bhone Hlan’s fb
Credit – Cele Connections
Leave a Comment