ဘဝတစ္သက္တာလုံးမွာ အေမနဲ႔ပတ္သက္ၿပီး ဒီဓာတ္ပုံေလးတစ္ပုံပဲရွိပါတယ္ဆိုတဲ့ ယုန္ေလး

ယုန္ေလးကေတာ့ ဒီေန႔ အေမမ်ားေန႔ေလးမွာ အေမနဲ႔ပတ္သက္ၿပီး အမွတ္တရမ်ားမ်ားစားစားမရွိခဲ့တဲ့အေၾကာင္းကို မွ်ေဝခဲ့ပါတယ္။ ယုန္ေလးရဲ႕မိဘေတြကေတာ့ သူငယ္ငယ္ေလးကတည္းက ဆုံးပါးသြားခဲ့ၿပီျဖစ္ၿပီး ယုန္ေလးကေတာ့ သူ႔ရဲ႕ႀကီးႀကီးနဲ႔ ႀကီးျပင္းလာခဲ့ရသူပါ။ သူကိုယ္တိုင္လည္း မိဘမဲ့တစ္ေယာက္ျဖစ္တာမို႔ သူ႔လိုလူမ်ိဳးေတြ႕ရင္လည္း အၿမဲကူညီေလ့ရွိသူ ျဖစ္ပါတယ္။

ဒီေန႔ အေမမ်ားေန႔ေလးမွာ လူတိုင္းနီးပါး မိခင္ကိုခ်စ္တဲ့စိတ္နဲ႔ သူတို႔အေမရဲ႕အေၾကာင္းေလးေတြကို လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝေနတာကို ေတြ႕ျမင္ရမွာပါ။ ဒါေပမယ့္ ငယ္ငယ္ေလးကတည္းက မိဘမဲ့ျဖစ္ခဲ့ရတဲ့ယုန္ေလးကေတာ့ “Hàppy Mother Day တိုင္း တစ္သက္လုံး အေမနဲ႔ တင္စရာ ဒီ တစ္ပုံပဲ ရွိတယ္ ” ဆိုၿပီး အေမနဲ႔ တစ္ပုံတည္းေသာ အမွတ္တရပုံေလးကို မွ်ေဝခဲ့ပါတယ္။ ထပ္ၿပီးေတာ့လည္း မိဘေမတၱာထက္မနည္း ခ်စ္ေပးခဲ့တဲ့ သူ႔ရဲ႕ႀကီးႀကီးပုံေလးကို ” ေနာက္တစ္ပုံက ကြၽန္ေတာ့္အေမအေဖ ဆုံးေတာ့မ်က္ႏွာ မငယ္ေအာင္ တန္းတူထက္ကို သာေအာင္ထားေပးခဲ့တဲ့ ကြၽန္ေတာ္ရဲ႕ တကယ့္ဘဝႀကီး ႀကီးႀကီးပါ … အခုေတာ့ ေကာင္းကင္မွာေပါ့ . ႀကီးႀကီး နဲ႔ ဘဘ ကို အခုကြၽန္ေတာ္႐ိုက္တဲ့ ကားေတြ ႐ုံတင္တဲ့ အခ်ိန္ Gold Carpet မွာ ရွိေစခ်င္လိုက္တာဆိုတဲ့ အေတြးေလး တစ္ခ်က္တစ္ခ်က္ ဝင္ဝင္မိတယ္ .မျဖစ္ႏိုင္ ေတာ့ေပမယ့္လည္း ” ဆိုၿပီးေတာ့ သူ႔ကို အစြမ္းကုန္ခ်စ္ေပးခဲ့တဲ့ ဒုတိယမိဘေတြအေၾကာင္းကိုလည္း အေမမ်ားေန႔ေလးမွာ မွ်ေဝခဲ့ပါတယ္။

ယုန္ေလးကေတာ့ လူတကာကိုကူညီတတ္တဲ့ မြန္ျမတ္တဲ့စိတ္ထားေလးကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ ငယ္စဥ္ကတည္းက မိဘေတြနဲ႔မေနခဲ့ရေပမယ့္ ျဖစ္လာတဲ့ဘဝကို အေကာင္းဆုံးရင္ဆိုင္ေက်ာ္ျဖတ္ရင္း ဘဝကို ေလွ်ာက္လွမ္းေနသူတစ္ေယာက္ျဖစ္ပါတယ္။ ဒီေန႔လိုေန႔မ်ိဳးမွာ သူမ်ားေတြ အေမနဲ႔ၾကည္ႏူးစရာေလးေတြ မွ်ေဝေနခ်ိန္တိုင္း အေမနဲ႔အမွတ္တရေတာင္ ေကာင္းေကာင္းမြန္မြန္မရွိခဲ့တဲ့ ယုန္ေလးအတြက္ေတာ့ စိတ္မေကာင္းစရာျဖစ္လို႔ ေနမွာ အမွန္ပါပဲေနာ္။ပရိသတ္ႀကီးထဲမွာေရာ ယုန္ေလးနဲ႔ ဘဝတူေတြရွိလား မွ်ေဝေပးခဲ့ပါဦးေနာ္။

Source – Yone Lay
Credit- Cele Gabar

UNICODE 

ယုန်လေးကတော့ ဒီနေ့ အမေများနေ့လေးမှာ အမေနဲ့ပတ်သက်ပြီး အမှတ်တရများများစားစားမရှိခဲ့တဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ ယုန်လေးရဲ့မိဘတွေကတော့ သူငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ယုန်လေးကတော့ သူ့ရဲ့ကြီးကြီးနဲ့ ကြီးပြင်းလာခဲ့ရသူပါ။ သူကိုယ်တိုင်လည်း မိဘမဲ့တစ်ယောက်ဖြစ်တာမို့ သူ့လိုလူမျိုးတွေ့ရင်လည်း အမြဲကူညီလေ့ရှိသူ ဖြစ်ပါတယ်။

ဒီနေ့ အမေများနေ့လေးမှာ လူတိုင်းနီးပါး မိခင်ကိုချစ်တဲ့စိတ်နဲ့ သူတို့အမေရဲ့အကြောင်းလေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေနေတာကို တွေ့မြင်ရမှာပါ။ ဒါပေမယ့် ငယ်ငယ်လေးကတည်းက မိဘမဲ့ဖြစ်ခဲ့ရတဲ့ယုန်လေးကတော့ “Hàppy Mother Day တိုင်း တစ်သက်လုံး အမေနဲ့ တင်စရာ ဒီ တစ်ပုံပဲ ရှိတယ် ” ဆိုပြီး အမေနဲ့ တစ်ပုံတည်းသော အမှတ်တရပုံလေးကို မျှဝေခဲ့ပါတယ်။ ထပ်ပြီးတော့လည်း မိဘမေတ္တာထက်မနည်း ချစ်ပေးခဲ့တဲ့ သူ့ရဲ့ကြီးကြီးပုံလေးကို ” နောက်တစ်ပုံက ကျွန်တော့်အမေအဖေ ဆုံးတော့မျက်နှာ မငယ်အောင် တန်းတူထက်ကို သာအောင်ထားပေးခဲ့တဲ့ ကျွန်တော်ရဲ့ တကယ့်ဘဝကြီး ကြီးကြီးပါ … အခုတော့ ကောင်းကင်မှာပေါ့ . ကြီးကြီး နဲ့ ဘဘ ကို အခုကျွန်တော်ရိုက်တဲ့ ကားတွေ ရုံတင်တဲ့ အချိန် Gold Carpet မှာ ရှိစေချင်လိုက်တာဆိုတဲ့ အတွေးလေး တစ်ချက်တစ်ချက် ဝင်ဝင်မိတယ် .မဖြစ်နိုင် တော့ပေမယ့်လည်း ” ဆိုပြီးတော့ သူ့ကို အစွမ်းကုန်ချစ်ပေးခဲ့တဲ့ ဒုတိယမိဘတွေအကြောင်းကိုလည်း အမေများနေ့လေးမှာ မျှဝေခဲ့ပါတယ်။

ယုန်လေးကတော့ လူတကာကိုကူညီတတ်တဲ့ မွန်မြတ်တဲ့စိတ်ထားလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက မိဘတွေနဲ့မနေခဲ့ရပေမယ့် ဖြစ်လာတဲ့ဘဝကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ရင်း ဘဝကို လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့လိုနေ့မျိုးမှာ သူများတွေ အမေနဲ့ကြည်နူးစရာလေးတွေ မျှဝေနေချိန်တိုင်း အမေနဲ့အမှတ်တရတောင် ကောင်းကောင်းမွန်မွန်မရှိခဲ့တဲ့ ယုန်လေးအတွက်တော့ စိတ်မကောင်းစရာဖြစ်လို့ နေမှာ အမှန်ပါပဲနော်။ပရိသတ်ကြီးထဲမှာရော ယုန်လေးနဲ့ ဘဝတူတွေရှိလား မျှဝေပေးခဲ့ပါဦးနော်။

Source – Yone Lay
Credit- Cele Gabar

Leave a Comment