PPE-Suit ဝတ္စုံျပည့္ (၅၃)စုံ ကို လႉဒါန္းခဲ့တဲ့ ေနျခည္ဦးနဲ႔ ပရိသတ္မ်ား

ေနျခည္ဦးကေတာ့ အခ်ိန္တိုင္အတြင္းေအာင္ျမင္ခဲ့သူတစ္ေယာက္ျဖစ္သလို ေဝဖန္ခံရမႈလည္း မ်ားတဲ့ဆယ္လီတစ္ေယာက္ပါ။ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး သြက္လက္ထက္ျမက္တဲ့ ခ်ီခ်ီကိုဝန္းရံေနတဲ့ Chillies လို႔ေခၚတဲ့ ပရိသတ္ထုႀကီးလည္း အခိုင္အမာရွိေနပါတယ္။

Covid -19 ကို ေရွ႕တန္းကေနတိုက္ထုတ္ေနရတဲ့သူေတြအတြက္ ခ်ီခ်ီနဲ႔ပရိသတ္ေတြကေတာ့ လိုအပ္တဲ့ PPE ဝတ္စုံေတြကို လႉဒါန္းခဲ့ၾကပါတယ္။ We Love Yangon ကေနၿပီး ေဖာင္ႀကီးMEDICAL CARE CENTRE တြင္ တာဝန္ထမ္းေဆာင္ေနေသာ သူရဲေကာင္း က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ လိုအပ္သည့္ေနရာမ်ားတြင္ အသုံးျပဳႏိုင္ရန္အတြက္ ….. အလႉရွင္ေနျခည္ဦး ႏွင့္ CHILLIES မ်ားမွ…… PPE-Suit ဝတ္စုံျပည့္ (၅၃)စုံ ကိုယေန႔ ၀၈-၀၅-၂၀၂၀ ရက္ေန႔တြင္weloveyangon base-3(MCC) သို႔လာေရာက္ လႉဒါန္းျခင္းအား ဂုဏ္ယူဝမ္းေျမာက္စြာ လက္ခံ ရရွိခဲ့ပါသည္။” လို႔ ေဖာ္ျပထားတာပါ။

တစ္ႏိုင္ငံလုံးအခုလို ကပ္ေရာဂါဆိုးႀကီးကို စိုးရိမ္ေနရတဲ့အခ်ိန္မွာ က်န္းမာေရးဝန္ထမ္းေတြကေတာ့ အားလုံးအတြက္ ႀကိဳးႀကိဳးစားစားကို အလုပ္လုပ္ေနရတာပါ။ ခ်ီခ်ီနဲပရိသတ္ေတြကေတာ့ အခုလိုအခ်ိန္မွာ PPE-Suit ဝတ္စုံျပည့္ (၅၃)စုံ ကို လႉဒါန္းလိုက္ပါတယ္တဲ့ေနာ္…

Credit Celegabar
Source : We LoveYangon,NayChiOo

UNICODE

နေခြည်ဦးကတော့ အချိန်တိုင်အတွင်းအောင်မြင်ခဲ့သူတစ်ယောက်ဖြစ်သလို ဝေဖန်ခံရမှုလည်း များတဲ့ဆယ်လီတစ်ယောက်ပါ။ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သွက်လက်ထက်မြက်တဲ့ ချီချီကိုဝန်းရံနေတဲ့ Chillies လို့ခေါ်တဲ့ ပရိသတ်ထုကြီးလည်း အခိုင်အမာရှိနေပါတယ်။

Covid -19 ကို ရှေ့တန်းကနေတိုက်ထုတ်နေရတဲ့သူတွေအတွက် ချီချီနဲ့ပရိသတ်တွေကတော့ လိုအပ်တဲ့ PPE ဝတ်စုံတွေကို လှူဒါန်းခဲ့ကြပါတယ်။ We Love Yangon ကနေပြီး ဖောင်ကြီးMEDICAL CARE CENTRE တွင် တာဝန်ထမ်းဆောင်နေသော သူရဲကောင်း ကျန်းမာရေးဝန်ထမ်းများနှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ….. အလှူရှင်နေခြည်ဦး နှင့် CHILLIES များမှ…… PPE-Suit ဝတ်စုံပြည့် (၅၃)စုံ ကိုယနေ့ ၀၈-၀၅-၂၀၂၀ ရက်နေ့တွင်weloveyangon base-3(MCC) သို့လာရောက် လှူဒါန်းခြင်းအား ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံ ရရှိခဲ့ပါသည်။” လို့ ဖော်ပြထားတာပါ။

တစ်နိုင်ငံလုံးအခုလို ကပ်ရောဂါဆိုးကြီးကို စိုးရိမ်နေရတဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေကတော့ အားလုံးအတွက် ကြိုးကြိုးစားစားကို အလုပ်လုပ်နေရတာပါ။ ချီချီနဲပရိသတ်တွေကတော့ အခုလိုအချိန်မှာ PPE-Suit ဝတ်စုံပြည့် (၅၃)စုံ ကို လှူဒါန်းလိုက်ပါတယ်တဲ့နော်…

Credit Celegabar
Source : We LoveYangon,NayChiOo

Leave a Comment