ခီေမာင္နွံရဲ့ FCPN Program မွာ အလွဴေငြက်ပ္ သိန္း (၃၀) ထည့္ဝင္လွဴဒါန္းခဲ့တဲ့ အကယ္ဒမီေနတိုး

အကယ္ဒမီ သုံးဆုပိုင္ရွင္ မင္းသားေခ်ာ ေနတိုးက သ႐ုပ္ေဆာင္ေကာင္းၿပီး က်ရာဇာတ္႐ုပ္ကို တစ္ထပ္တည္း သ႐ုပ္ေဆာင္နိုင္သူတစ္ေယာက္ ျဖစ္ပါတယ္။ ေနတိုးက အႏုပညာေလာကမွာ ရပ္တည္ေနတာ ႏွစ္ (၂၀) ေက်ာ္တိုင္ရွိၿပီးျဖစ္ၿပီး ဒီေန႔ဒီအခ်ိန္ထိတိုင္ လႊမ္းမိုးထားနိုင္ဆဲ ျဖစ္ပါတယ္။ လက္ရွိမွာ ရိုက္ကူးေနတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြရဲ့ ေခါင္းေဆာင္မင္းသားကလည္း ေနတိုးသာျဖစ္တာကို ပရိသတ္ႀကီးလည္း သတိထားမိၾကမွာပါ။

ေအာင္ျမင္ေက်ာ္ၾကားျပီး ဝင္ေငြေကာင္းတဲ့ အနုပညာရွင္ျဖစ္တဲ့အေလ်ာက္ ေနတိုးက အလွဴအတန္းေတြကိုလည္း ရက္ရက္ေရာေရာ လွဴဒါန္းတာကို ေတြ့ရပါတယ္။ ဒီေန့မွာလည္း ေနတိုးက ဇာဏ္ခီနဲ့ ခရစၥတီးနားခီတို့ရဲ့ FCPN (Free Cash Program for the Needy) အစီအစဥ္ကေန Covid – 19 Lockdown ကာလမွာ စားဝတ္ေနေရးခက္ခဲေနတဲ့ မိသားစုေတြကို လွဴဒါန္းဖို့ အလွဴေငြ သိန္း (၃၀) တိတိကို လွဴဒါန္းခဲ့တယ္လို့ သိရပါတယ္။

ေနတိုးက ျပီးခဲ့တဲ့လကလည္း Covid – 19 ကာကြယ္ကုသထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္မ်ားအတြက္ အလွဴေငြ သိန္း (၁၀၀)တိတိကို လွဴဒါန္းခဲ့ပါေသးတယ္။ ပရိသတ္ၾကီးလည္း မင္းသားေခ်ာေနတိုးရဲ့ ကုသိုလ္အတြက္ သာဓုေခၚေပးၾကပါဦးေနာ္။

Source: FCPN’s fb
Credit – Cele Connections

UNICODE

အကယ်ဒမီ သုံးဆုပိုင်ရှင် မင်းသားချော နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တစ်ထပ်တည်း သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ နေတိုးက အနုပညာလောကမှာ ရပ်တည်နေတာ နှစ် (၂၀) ကျော်တိုင်ရှိပြီးဖြစ်ပြီး ဒီနေ့ဒီအချိန်ထိတိုင် လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေရဲ့ ခေါင်းဆောင်မင်းသားကလည်း နေတိုးသာဖြစ်တာကို ပရိသတ်ကြီးလည်း သတိထားမိကြမှာပါ။

အောင်မြင်ကျော်ကြားပြီး ဝင်ငွေကောင်းတဲ့ အနုပညာရှင်ဖြစ်တဲ့အလျောက် နေတိုးက အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော လှူဒါန်းတာကို တွေ့ရပါတယ်။ ဒီနေ့မှာလည်း နေတိုးက ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ရဲ့ FCPN (Free Cash Program for the Needy) အစီအစဉ်ကနေ Covid – 19 Lockdown ကာလမှာ စားဝတ်နေရေးခက်ခဲနေတဲ့ မိသားစုတွေကို လှူဒါန်းဖို့ အလှူငွေ သိန်း (၃၀) တိတိကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

နေတိုးက ပြီးခဲ့တဲ့လကလည်း Covid – 19 ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းစဉ်များအတွက် အလှူငွေ သိန်း (၁၀၀)တိတိကို လှူဒါန်းခဲ့ပါသေးတယ်။ ပရိသတ်ကြီးလည်း မင်းသားချောနေတိုးရဲ့ ကုသိုလ်အတွက် သာဓုခေါ်ပေးကြပါဦးနော်။

Source: FCPN’s fb
Credit – Cele Connections

Leave a Comment