ႏွစ္သစ္ေရာက္တိုင္း ႏြမ္ပါးတဲ့ ၀န္ထမ္းေတြအတြက္ အိမ္၀ယ္ေပးေလ့ရွိတဲ့ သူေဌး

၀န္ထမ္းေတာ္ေတာ္မ်ားမ်ားကေတာ့ အလုပ္တစ္ခုကို ေလၽွာက္ေတာ့မယ္ဆိုရင္ လစာဘယ္ေလာက္ေပးလဲဆိုတာကို အဓိကထားၾကည့္တတ္ပါတယ္။ဒီကုမၸဏီမွာ ဘယ္လိုမ်ိဳးအပိုဆုေၾကးေပးတဲ့ရာဇဝင္ရွိတယ္၊ဝန္ထမ္းေတြကို ဘယ္လိုကူညီတတ္လဲ၊သူေဌးကဘယ္လိုလူစားမ်ိဳးလဲ အစရွိတာေတြကို စံုစမ္းတဲ့သူရွားပါတယ္။အခုလည္း တရုတ္ႏိုင္ငံရွိကုမၸဏီတစ္ခုက သူေဌးဟာ သူ႔ဝန္ထမ္းေတြကို ႏွစ္တစ္ႏွစ္ကုန္တိုင္း ႏြမ္းပါးတဲ့ ဝန္ထမ္းေတြကို အိမ္တစ္လံုးဝယ္ေပးေလ့ရွိတယ္လို႔ သိရွိရပါတယ္။

Loading...

တရုတ္ႏိုင္ငံ၊ Guangdong ၿမိဳ႕ရွိ Anyu Industry ဟာ စက္ပစၥည္းေတြ ထုတ္လုပ္တဲ့ ကုမၸဏီတစ္ခု ျဖစ္ပါတယ္။ဒီကုမၸဏီရဲ႕ သူေဌးျဖစ္သူ Zhongming Yu ဟာ ႏွစ္စဥ္ ေနစရာအိမ္လိုအပ္တဲ့ ဝန္ထမ္းေတြအတြက္ ပ်မ္ူမၽွျမန္မာေငြသိန္း(၃၅၀၀၀)ေက်ာ္ကုန္က်ခံၿပီး အိမ္ဝယ္ဝယ္ေပးေလ့ရွိေၾကာင္း Sin Chewသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

ဒီလိုဝယ္ေပးျခင္းဟာလည္း မိသားစုအတြင္း ေနစရာေနရာ ျပႆနာေတြမရွိေအာင္လို႔ စီစဥ္ေပးတာျဖစ္ေၾကာင္း သိရပါတယ္။ဒီလိုအစီအစဥ္ကို အေကာင္အထည္ေဖာ္ခဲ့တာ (၂၀၁၅)ကတည္းကျဖစ္ၿပီး အခုလို (၅)ႏွစ္နီးပါးရွိၿပီျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။

“ကၽြႏ္ေတာ္ဒီစိတ္ကူးေလးကို အေကာင္အထည္ေဖာ္ခဲ့တာ ၅ႏွစ္နီးပါးရွိပါၿပီ။ဝန္ထမိးေတြကို အလုပ္ရွင္ အလုပ္သမားဆက္ဆံေရးထက္ ကိုယ့္မိသားစုဝင္ေတြလိုပဲ ကၽြန္ေတာ္သေဘာထားပါတယ္။ေနစရာအိမ္ရွိရင္ေတာင္မွ ဥယ်ာဥ္ျခံစိုက္ပ်ိဳးတာ ဝါႆနာပါရင္ ကၽြန္ေတာ့္ ေျမကြက္ေတြမွာ အလကားစိုက္ပ်ိဳးေရာင္းခ်ခြင့္ပါေပးထားပါတယ္။ဒီလိုမ်ိဳးေတြ လုပ္ေပးလို႔ ငၽြန္ေတာ္အရမ္းခ်မိးသာေနတယ္မထင္ပါနဲ႔။လြန္ခဲဘတဲ့လကေတာင္ ဘဏ္က ပိုက္ဆံေခ်းေနရတယ္။ဒါေပမယ့္ ကၽြန္ေတာ့္မိသားစုဝင္ လုပ္ေဖာ္ကိုင္ဖက္ေတြ အဆင္ေျပေနရင္ပဲ ကၽြန္ေတာ္ေက်နပ္ပါတယ္”လို႔ Zhongmingက ေျဖၾကားခဲ့ပါတယ္။

Credit Shwemom

UNICODE

၀န်ထမ်းတော်တော်များများကတော့ အလုပ်တစ်ခုကို လျှောက်တော့မယ်ဆိုရင် လစာဘယ်လောက်ပေးလဲဆိုတာကို အဓိကထားကြည့်တတ်ပါတယ်။ဒီကုမ္ပဏီမှာ ဘယ်လိုမျိုးအပိုဆုကြေးပေးတဲ့ရာဇဝင်ရှိတယ်၊ဝန်ထမ်းတွေကို ဘယ်လိုကူညီတတ်လဲ၊သူဌေးကဘယ်လိုလူစားမျိုးလဲ အစရှိတာတွေကို စုံစမ်းတဲ့သူရှားပါတယ်။အခုလည်း တရုတ်နိုင်ငံရှိကုမ္ပဏီတစ်ခုက သူဌေးဟာ သူ့ဝန်ထမ်းတွေကို နှစ်တစ်နှစ်ကုန်တိုင်း နွမ်းပါးတဲ့ ဝန်ထမ်းတွေကို အိမ်တစ်လုံးဝယ်ပေးလေ့ရှိတယ်လို့ သိရှိရပါတယ်။

တရုတ်နိုင်ငံ၊ Guangdong မြို့ရှိ Anyu Industry ဟာ စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ဒီကုမ္ပဏီရဲ့ သူဌေးဖြစ်သူ Zhongming Yu ဟာ နှစ်စဉ် နေစရာအိမ်လိုအပ်တဲ့ ဝန်ထမ်းတွေအတွက် ပျမ်ူမျှမြန်မာငွေသိန်း(၃၅၀၀၀)ကျော်ကုန်ကျခံပြီး အိမ်ဝယ်ဝယ်ပေးလေ့ရှိကြောင်း Sin Chewသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီလိုဝယ်ပေးခြင်းဟာလည်း မိသားစုအတွင်း နေစရာနေရာ ပြဿနာတွေမရှိအောင်လို့ စီစဉ်ပေးတာဖြစ်ကြောင်း သိရပါတယ်။ဒီလိုအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာ (၂၀၁၅)ကတည်းကဖြစ်ပြီး အခုလို (၅)နှစ်နီးပါးရှိပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်ဒီစိတ်ကူးလေးကို အကောင်အထည်ဖော်ခဲ့တာ ၅နှစ်နီးပါးရှိပါပြီ။ဝန်ထမိးတွေကို အလုပ်ရှင် အလုပ်သမားဆက်ဆံရေးထက် ကိုယ့်မိသားစုဝင်တွေလိုပဲ ကျွန်တော်သဘောထားပါတယ်။နေစရာအိမ်ရှိရင်တောင်မှ ဥယျာဉ်ခြံစိုက်ပျိုးတာ ဝါဿနာပါရင် ကျွန်တော့် မြေကွက်တွေမှာ အလကားစိုက်ပျိုးရောင်းချခွင့်ပါပေးထားပါတယ်။ဒီလိုမျိုးတွေ လုပ်ပေးလို့ ငျွန်တော်အရမ်းချမိးသာနေတယ်မထင်ပါနဲ့။လွန်ခဲဘတဲ့လကတောင် ဘဏ်က ပိုက်ဆံချေးနေရတယ်။ဒါပေမယ့် ကျွန်တော့်မိသားစုဝင် လုပ်ဖော်ကိုင်ဖက်တွေ အဆင်ပြေနေရင်ပဲ ကျွန်တော်ကျေနပ်ပါတယ်”လို့ Zhongmingက ဖြေကြားခဲ့ပါတယ်။

Credit Shwemom