“စြပ္စြဲေျပာဆိုေနၾကတာေတြနဲ႔ ပတ္သက္ၿပီး ခ်က္က်လက္က် ျပန္လည္ရွင္းျပလိုက္တဲ့ အက္စတာေဒါ့သ္ခ်င္းဆုန္”

အက္စတာေဒါ့သ္ခ်င္းဆုန္ကေတာ့ Myanmar Idol Season (4)ကေန Winner ဆုႀကီးကို ထိုက္ထိုက္တန္တန္နဲ႔ရရွိထားတဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။အက္စတာဟာ Winner ဆုႀကီးကို ပူပူေႏြးေႏြးရရွိၿပီးေနာက္မွာေတာ့ လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ တခ်ိဳ႕ေသာသူေတြရဲ႕ ေကာလဟာလသတင္းျဖန႔္ တိုက္ခိုက္ေနတာေတြကို ေတာ္ေတာ္ျပင္းျပင္းထန္ထန္ခံေနရပါေသးတယ္။

Loading...

အက္စတာဟာ ၿပိဳင္ပြဲကို ေငြေၾကးအခက္အခဲေတြနဲ႔ လာေရာက္ယွဥ္ၿပိဳင္ခဲ့ရတယ္ဆိုတဲ့ အေပၚ ႏိုင္ငံျခားခရီးစဥ္သြားေရာက္တုန္းက ႐ိုက္ကူးထားတဲ့ ပုံေတြနဲ႔ “နယူးေယာက္ျပန္ႀကီး” “သနားေအာင္လုပ္ဇာတ္ခင္းမ်က္ရည္ခ်ဴတယ္”လို႔ ေဝဖန္တိုက္ခိုက္ေျပာဆိုေနၾကတာေတြက လတ္တေလာ လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ဟိုးေလးတေက်ာ္ေက်ာ္နဲ႔ အေတာ္ေလးကို ဂယက္ထေနပါတယ္။

အက္စတာကေတာ့ အခုလို ေဝဖန္တိုက္ခိုက္ေနၾကတာေတြနဲ႔ ပတ္သက္လို႔ (၂၀၁၇)ခုႏွစ္တုန္းက ခ်င္းအိုင္ေဒါမွာ Winner ဆုရရွိၿပီး ႏိုင္ငံျခားေဖ်ာ္ေျဖေရးပြဲစဥ္ေတြကို ေဖ်ာ္ေျဖေပးဖို႔ဖိတ္ေခၚခဲ့တာေၾကာင့္ သြားေရာက္ခဲ့တယ္ဆိုတဲ့ အေၾကာင္းကို ျပန္လည္ေျဖရွင္းထားခဲ့ပါတယ္။ပရိသတ္ႀကီးေရ အက္စတာ ေကာလဟာလေတြနဲ႔ ေဝဖန္တိုက္ခိုက္ေနတာေတြကို ျပန္လည္ေျဖရွင္းလိုက္ပါၿပီေနာ္။

Source – Esther Dawt Chin Sung
Credit CeleGabar

UNICODE

အက်စတာဒေါ့သ်ချင်းဆုန်ကတော့ Myanmar Idol Season (4)ကနေ Winner ဆုကြီးကို ထိုက်ထိုက်တန်တန်နဲ့ရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။အက်စတာဟာ Winner ဆုကြီးကို ပူပူနွေးနွေးရရှိပြီးနောက်မှာတော့ လူမှုကွန်ရက်စာမျက်နှာထက်မှာ တချို့သောသူတွေရဲ့ ကောလဟာလသတင်းဖြန့် တိုက်ခိုက်နေတာတွေကို တော်တော်ပြင်းပြင်းထန်ထန်ခံနေရပါသေးတယ်။

အက်စတာဟာ ပြိုင်ပွဲကို ငွေကြေးအခက်အခဲတွေနဲ့ လာရောက်ယှဉ်ပြိုင်ခဲ့ရတယ်ဆိုတဲ့ အပေါ် နိုင်ငံခြားခရီးစဉ်သွားရောက်တုန်းက ရိုက်ကူးထားတဲ့ ပုံတွေနဲ့ “နယူးယောက်ပြန်ကြီး” “သနားအောင်လုပ်ဇာတ်ခင်းမျက်ရည်ချူတယ်”လို့ ဝေဖန်တိုက်ခိုက်ပြောဆိုနေကြတာတွေက လတ်တလော လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟိုးလေးတကျော်ကျော်နဲ့ အတော်လေးကို ဂယက်ထနေပါတယ်။

အက်စတာကတော့ အခုလို ဝေဖန်တိုက်ခိုက်နေကြတာတွေနဲ့ ပတ်သက်လို့ (၂၀၁၇)ခုနှစ်တုန်းက ချင်းအိုင်ဒေါမှာ Winner ဆုရရှိပြီး နိုင်ငံခြားဖျော်ဖြေရေးပွဲစဉ်တွေကို ဖျော်ဖြေပေးဖို့ဖိတ်ခေါ်ခဲ့တာကြောင့် သွားရောက်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။ပရိသတ်ကြီးရေ အက်စတာ ကောလဟာလတွေနဲ့ ဝေဖန်တိုက်ခိုက်နေတာတွေကို ပြန်လည်ဖြေရှင်းလိုက်ပါပြီနော်။

Source – Esther Dawt Chin Sung
Credit CeleGabar