အေရးႀကီးတဲ့အခ်ိန္မွာ အသင္းရဲ့လူစာရင္းမွာ ျပန္လည္ပါ၀င္ လာခဲ့တဲ့ ေပါ့ဂ္ဘာ

ဒီေန႔မွာ ကစားရမယ့္ ၀က္ဖို႔ဒ္နဲ႔ အေ၀းကြင္းပြဲစဥ္အတြက္ ထြက္ခြာခဲ့တဲ့ ယူႏိုက္တက္လူစာရင္းမွာ ဒဏ္ရာေၾကာင့္ ႏွစ္လခြဲၾကာအနားယူေနခဲ့ရတဲ့ ကြင္းလယ္လူေပါ့ဂ္ဘာ ပါ၀င္သြားခဲ့တယ္လို႔ သိရပါတယ္။ အာဆင္နယ္နဲ႔ တစ္ဖက္တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့ျပီး အသင္းအတြက္ ပြဲအမ်ားအျပားကို လြဲေခ်ာ္ခဲ့တဲ့ ေပါ့ဂ္ဘာက အသင္းနဲ႔ျပန္လည္ပူးေပါင္းႏိုင္ခဲ့ျပီလည္းျဖစ္ပါတယ္။

Loading...

ယူႏိုက္တက္မွာ ဆက္လက္ရွိေနမယ္လုိ႔ ေအးဂ်င့္ရြိဳင္အိုလာရဲ႕ ေျပာဆိုမႈေတြအျပီးမွာ ေပါ့ဂ္ဘာကို အသင္းလူစာရင္းမွာ ျမင္ေတြ႔ခဲ့ရတာလည္းျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္လည္း ဒီဇင္ဘာနဲ႔ ႏွစ္သစ္ကူးပြဲၾကပ္ကာလေတြမွာ အေရးပါတဲ့ ကြင္းလယ္ကစားသမားကို ျပန္လည္ျပီးအသံုးျပဳလို႔ရျပီျဖစ္လို႔ အားတက္ဖြယ္ျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္ ေပါ့ဂ္ဘာကို ရာႏႈန္းျပည့္ၾကံ့ခိုင္မႈရွိမွသာ အသံုးျပဳမယ္လို႔ နည္းျပဆိုးလ္ရွားက ေျပာဆိုထားခဲ့ပါတယ္။ ယူႏိုက္တက္ကြင္းလယ္ပိုင္းမွာ ေတာ္မီေနးနဲ႔ ဖရက္ဒ္တို႔ကလည္း အတြဲအဖက္မိကာ ေျခစြမ္းျပေနလို႔လည္း ေပါ့ဂ္ဘာကို အလ်င္စလိုအသံုးျပဳသြားဖို႔အတြက္ ဆိုးလ္ရွားဘက္က ဆႏၵမရွိဘူးလို႔လည္း ယူဆရပါတယ္။

ယူႏိုက္တက္ဟာ ၁၀ ရက္အတြင္းမွာ ေလးပြဲအထိ ကစားသြားရမွာျဖစ္ျပီး ၀က္ဖို႔ဒ္၊ နယူးကာဆယ္၊ ဘန္ေလ နဲ႔ အာဆင္နယ္တို႔ကို ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္၀င္ခြင့္တစ္ေနရာအတြက္ ၾကိဳးစားေနရတဲ့ ယူႏိုက္တက္အတြက္ လတ္တေလာပြဲစဥ္ေတြက အေရးပါေနတာျဖစ္ျပီး ပြဲၾကပ္ကာလကို အေကာင္းဆံုးေက်ာ္ျဖတ္ႏိုင္ဖို႔ လူစုံတက္စံုျဖစ္လာျပီလည္းျဖစ္ပါတယ္။

#ballmyanmar

Unicode

ဒီနေ့မှာ ကစားရမယ့် ဝက်ဖို့ဒ်နဲ့ အဝေးကွင်းပွဲစဉ်အတွက် ထွက်ခွာခဲ့တဲ့ ယူနိုက်တက်လူစာရင်းမှာ ဒဏ်ရာကြောင့် နှစ်လခွဲကြာအနားယူနေခဲ့ရတဲ့ ကွင်းလယ်လူပေါ့ဂ်ဘာ ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး အသင်းအတွက် ပွဲအများအပြားကို လွဲချော်ခဲ့တဲ့ ပေါ့ဂ်ဘာက အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ယူနိုက်တက်မှာ ဆက်လက်ရှိနေမယ်လို့ အေးဂျင့်ရွိုင်အိုလာရဲ့ ပြောဆိုမှုတွေအပြီးမှာ ပေါ့ဂ်ဘာကို အသင်းလူစာရင်းမှာ မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက်လည်း ဒီဇင်ဘာနဲ့ နှစ်သစ်ကူးပွဲကြပ်ကာလတွေမှာ အရေးပါတဲ့ ကွင်းလယ်ကစားသမားကို ပြန်လည်ပြီးအသုံးပြုလို့ရပြီဖြစ်လို့ အားတက်ဖွယ်ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ပေါ့ဂ်ဘာကို ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိမှသာ အသုံးပြုမယ်လို့ နည်းပြဆိုးလ်ရှားက ပြောဆိုထားခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ တော်မီနေးနဲ့ ဖရက်ဒ်တို့ကလည်း အတွဲအဖက်မိကာ ခြေစွမ်းပြနေလို့လည်း ပေါ့ဂ်ဘာကို အလျင်စလိုအသုံးပြုသွားဖို့အတွက် ဆိုးလ်ရှားဘက်က ဆန္ဒမရှိဘူးလို့လည်း ယူဆရပါတယ်။

ယူနိုက်တက်ဟာ ၁၀ ရက်အတွင်းမှာ လေးပွဲအထိ ကစားသွားရမှာဖြစ်ပြီး ဝက်ဖို့ဒ်၊ နယူးကာဆယ်၊ ဘန်လေ နဲ့ အာဆင်နယ်တို့ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ကြိုးစားနေရတဲ့ ယူနိုက်တက်အတွက် လတ်တလောပွဲစဉ်တွေက အရေးပါနေတာဖြစ်ပြီး ပွဲကြပ်ကာလကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ လူစုံတက်စုံဖြစ်လာပြီလည်းဖြစ်ပါတယ်။

#ballmyanmar