လူငယ္ကစားသမားေလးကို ပင္နယ္တီေပးကန္ကာ သေဘာထားျပၫ့္၀မွုရွိ‌ေျကာင္း ျပသခဲ့တဲ့ လူကာကူ

ညက ကစားခဲ့တဲ့ အင္တာမီလန္နဲ႔ ဂ်ီႏိုအာအသင္းတို႔ပြဲစဉ္မွာေတာ့ အိမ္ရွင္ အင္တာအသင္းက ၄-၀ နဲ႔ ဂိုးျပတ္အႏိုင္ရရိွခဲ့ပါတယ္။ ဒါ့ေၾကာင့္ အင္တာမီလန္အသင္းဟာ ဂ်ူဗင္တပ္အသင္းနဲ႔ရမွတ္တူညီၿပီး ဂိုးကြာျခားခ်က္နဲ႔ ဇယားထိပ္ကို ျပန္လည္ဦးေဆာင္လာႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Loading...

အဆိုပါပြဲစဉ္မွာေတာ့ လူကာကူဟာ သူ႔မွာ သေဘာထားျပၫ့္၀မႈရိွေၾကာင္း‌ကို လုပ္ရက္နဲ႔ သက္ေသျပသြားခဲ့ပါတယ္။ အဆိုပါပြဲစဉ္မွာ ပထမပိုင္းမွာကတည္းက အိမ္ရွင္အသင္းက လူကာကူ၊ ဂါဂလီယာဒီနီတို႔ရဲ့သြင္းဂိုးေတြနဲ႔ ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္း ၆၃ မိနစ္မွာေတာ့ အင္တာ တို႔ ပင္နယ္တီကန္သြင္းခြင့္ရရိွခဲ့ပါတယ္။

အရင္ပြဲေတြမွာ အသင္းရဲ့ ပင္နယ္တီေတြကို တိုက္စစ္ကစားသမားေတျြဖစ္တဲ့ လူကာကူနဲ႔ မာတီနက္တို႔ တလွၫ့္စီကန္သြင္းခဲ့ၾကေပမယ့္ ညကပြဲစဉ္မွာေတာ့ မာတီနက္ မပါ၀င္တဲ့အတြက္ေၾကာင့္ လူကာကူက ေသခ်ာေပါက္ ကန္သြင္းရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သြင္းဂိုးတစ္ဂိုးသြင္းယူထားႏိုင္တဲ့ လူကာကူဟာ အသင္းရဲ့ ၁၇ ႏွစ္ရြယ္ လူငယ္တိုက္စစ္မႈးေလး အက္စ္ပိုစီတိုကိုသာ ေပးကန္ခဲ့ပါတယ္။ ဒါဟာ လူကာကူက သူရဲ့သေဘာထားျပၫ့္ဝမႈကို ျပသလိုက္တာဘဲ ျဖစ္ပါတယ္။

ညက သြင္းဂိုး ႏွစ္ဂိုးအပါအ၀င္ လူကာကူဟာ လက္ရိွအခ်ိန္မွာ စီးရီးေအသြင္းဂို ၁၂ ဂိုးထိ ရိွလာၿပီး ဒီရာသီ ဒုတိယဂိုးသြင္းအမ်ားဆံုး ကစားသမား ျဖစ္လာခဲ့ၿပီဖစ္ပါတယ္။ အဆိုပါသြင္းဂိုးအေရအတြက္ဟာ ၿပီးခဲ့တဲ့ရာသီမွာ အသင္း‌ေဟာင္းယူႏိုက္တက္အတြက္တရာသီလံုး သြင္းဂိုးနဲ႔ တူညီေနတယ္လို႔လည္း သိရပါတယ္။

#ballmyanmar

Unicode

ညက ကစားခဲ့တဲ့ အင်တာမီလန်နဲ့ ဂျီနိုအာအသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင် အင်တာအသင်းက ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် အင်တာမီလန်အသင်းဟာ ဂျူဗင်တပ်အသင်းနဲ့ရမှတ်တူညီပြီး ဂိုးကွာခြားချက်နဲ့ ဇယားထိပ်ကို ပြန်လည်ဦးဆောင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ လူကာကူဟာ သူ့မှာ သဘောထားပြည့်ဝမှုရှိကြောင်း‌ကို လုပ်ရက်နဲ့ သက်သေပြသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ပထမပိုင်းမှာကတည်းက အိမ်ရှင်အသင်းက လူကာကူ၊ ဂါဂလီယာဒီနီတို့ရဲ့သွင်းဂိုးတွေနဲ့ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ အင်တာ တို့ ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပါတယ်။

အရင်ပွဲတွေမှာ အသင်းရဲ့ ပင်နယ်တီတွေကို တိုက်စစ်ကစားသမားတြွေဖစ်တဲ့ လူကာကူနဲ့ မာတီနက်တို့ တလှည့်စီကန်သွင်းခဲ့ကြပေမယ့် ညကပွဲစဉ်မှာတော့ မာတီနက် မပါဝင်တဲ့အတွက်ကြောင့် လူကာကူက သေချာပေါက် ကန်သွင်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သွင်းဂိုးတစ်ဂိုးသွင်းယူထားနိုင်တဲ့ လူကာကူဟာ အသင်းရဲ့ ၁၇ နှစ်ရွယ် လူငယ်တိုက်စစ်မှုးလေး အက်စ်ပိုစီတိုကိုသာ ပေးကန်ခဲ့ပါတယ်။ ဒါဟာ လူကာကူက သူရဲ့သဘောထားပြည့်ဝမှုကို ပြသလိုက်တာဘဲ ဖြစ်ပါတယ်။

ညက သွင်းဂိုး နှစ်ဂိုးအပါအဝင် လူကာကူဟာ လက်ရှိအချိန်မှာ စီးရီးအေသွင်းဂို ၁၂ ဂိုးထိ ရှိလာပြီး ဒီရာသီ ဒုတိယဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပြီဖစ်ပါတယ်။ အဆိုပါသွင်းဂိုးအရေအတွက်ဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်း‌ဟောင်းယူနိုက်တက်အတွက်တရာသီလုံး သွင်းဂိုးနဲ့ တူညီနေတယ်လို့လည်း သိရပါတယ်။

#ballmyanmar